BREAKING
September 19, 2024

သုံးသပ်ချက်

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

June 3, 2023

ယခုအပတ်ရွှေဈေးမှာ ဈေးအမြင့်တွင် အလှုပ်အခတ်နည်းနည်းဖြင့် ငြိမ်နေပြီး ထိုင်းဘတ်ဈေးလည်း အပြောင်းအလဲနည်းခဲ့သည်။ ဓာတ်ဆီဈေးမှာမူ ဖြည်းဖြည်းပြန်ကျလာသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ဈေးအမြင့်တွင် ငြိမ်နေသည့် ရွှေဈေး အခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ်သိန်းသုံးဆယ်စွန်းစွန်းဖြင့်ဆက်တိုက်ငြိမ်နေသည်။ ပြီးခဲ့သည့်အပတ်က တစ်ကျပ်သားလျှင် သုံးဆယ်တစ်သိန်းကျပ်နီးပါးအထိ ထိုးတက်ပြီးနောက် အနည်းငယ်ပြန်ကျလာခြင်းဖြစ်သည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ်သိန်းသုံးဆယ်ငါးသောင်းကျပ်ဝန်းကျင် ပေါက်ဈေးရှိနေသည်။  ဇွန်လ ၂ ရက်နေ့ ထားဝယ်ဈေးကွက်ပေါက်ဈေးအရ တစ်ကျပ်သားလျှင် သိန်းသုံးဆယ်လေးသောင်းဖြင့် ရောင်းချနေသည်။ ထိုင်းဘတ်ဈေးလည်း အပြောင်းအလဲနည်း တနင်္လာနေ့ပေါက်ဈေးအရ  ထိုင်းငွေတစ်ဘတ်လျှင် ၈၆ ကျပ်နီးပါးရှိခဲ့ပြီး နောင်ရက်များတွင် ပြားဂဏန်းသာ အတက်အကျရှိခဲ့သည်။ ယခုအပတ် သောကြာတွင် တစ်ဘတ်လျှင် ၈၄ […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

May 28, 2023

ယခုအပတ်ရွှေဈေးမှာ ရုတ်ချည်းထိုးတက်သွားပြီး ထိုင်းဘတ်ဈေးမှာ အပြောင်းအလဲနည်းနေသည်။ ဓာတ်ဆီဈေးလည်းဖြည်းဖြည်းချင်း ပြန်တက်လာသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ရုတ်ချည်းတက်သည့် ရွှေဈေး အခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် သိန်းသုံးဆယ်စွန်းစွန်းဖြင့် ငြိမ်နေရာမှ ရုတ်ချည်းထိုးတက်သွားသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ်သိန်းသုံးဆယ်စွန်းစွန်း ပေါက်ဈေးရှိနေသည်။ ယခုအပတ်အစောပိုင်းက  အခေါက်ရွှေတစ်ကျပ်သားလျှင် သိန်းသုံးဆယ်နှစ်သောင်း (၃၀၂၀၀၀၀ ကျပ်) ဖြင့် ဈေးဖွင့်ထားသည်။ ထိုနောက် မေလ ၂၆ ရက်နေ့တွင်မူ တစ်ကျပ်သားလျှင် သိန်းသုံးဆယ်ခြောက်သောင်းငါးထောင်အထိ တက်သွားခဲ့သည်။ ထိုင်းဘတ်ဈေးမှာ အပြောင်းအလဲနည်းနည်းဖြင့် ဈေးဖွင့်ထားသည်။ တနင်္လာနေ့ပေါက်ဈေးအရ  ထိုင်းငွေတစ်ဘတ်လျှင် ၈၄ ကျပ်စွန်းစွန်းရှိခဲ့ပြီး နောင်ရက်များတွင် ပြားဂဏန်း တက်လာခဲ့သည်။ ယခုအပတ် သောကြာတွင် […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

diz_admin

April 23, 2023

ယခုအပတ် ရွှေဈေးမှာ တဖြည်းဖြည်းတက်လာပြီး ထိုင်းဘတ်ဈေးမှာ အလှုပ်အခတ်နည်းနည်းဖြင့် ဈေးဖွင့်ခဲ့သည်။ ဓာတ်ဆီဈေးမှာမူ တစ်လီတာလျှင် ကျပ် ရာဂဏန်းအထိ အလှုပ်အခတ်ရှိခဲ့သည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ သင်္ကြန်အပြီး တက်လာသည့် ရွှေဈေး အခေါက်ရွှေမှာ သင်္ကြန်ကာလပြီးချိန်တွင် တက်ရိပ်ပြလာသည်။ ယင်းကာလမတိုင်မီက တစ်ကျပ်သားလျှင် နှစ်ဆယ့်ကိုးသိန်းလေးသောင်းဝန်းကျင် ပေါက်ဈေးရှိခဲ့သည်။ လက်ရှိတွင်မူ တစ်ကျပ်သားလျှင် ကျပ်သုံးသောင်းခန့်တက်လာပြီး တစ်ကျပ်သားလျှင် နှစ်ဆယ့်ကိုးသိန်းရှစ်သောင်း ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ငွေဈေးလည်း အတက်အကျနည်းနည်းဖြင့် ဈေးဖွင့်ခဲ့ပြီး ငြိမ်နေသည်။ တနင်္လာနေ့ပေါက်ဈေးအရ  ထိုင်းငွေတစ်ဘတ်လျှင် ၈၂ ကျပ်စွန်းစွန်းရှိခဲ့ပြီး နောင်ရက်များတွင်လည်း အတက်အကျအနည်းငယ်ရှိသည်။ ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၁၂၀၅  ဘတ် လဲလျှင် […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

diz_admin

April 8, 2023

ယခုအပတ် ရွှေဈေးနှင့် ထိုင်းဘတ်ဈေးမှာ ဈေးတန်းအမြင့်တွင် အလှုပ်အခတ်နည်းနည်းဖြင့်ဈေးပေါက်နေသည်။ ရွှေ၊ဘတ်ဈေး ငြိမ်နေသည်မှာ သုံးပတ်ခန့် ရှိလာပြီဖြစ်သည်။ ဓာတ်ဆီဈေးမှာမူ အလှုပ်အခတ်များခဲ့ပြီး တစ်လီတာလျှင် ကျပ်ရာဂဏန်းအထိ တက်သွားခဲ့သည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ သင်္ကြန်အကြို ငြိမ်နေသည့် ရွှေဈေး အခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ငွေကျပ်တစ်သောင်းခွဲဝန်းကျင်အထိသာ အပြောင်းအလဲရှိခဲ့သည့် ကာလဖြစ်သည်။ ယခုအပတ် တနင်္လာနေ့ (ဧပြီလ ၃ ရက်)တွင်မူ တစ်ကျပ်သားလျှင် နှစ်ဆယ့်ကိုးသိန်းသုံးသောင်း (၂၉၃၀၀၀၀ကျပ်) ဖြင့် ဈေးဖွင့်ခဲ့သည်။ နောက်ရက်များတွင်လည်း ဈေးအပြောင်းအလဲနည်းနည်းသာရှိခဲ့ပြီး သောကြာနေ့တွင် နှစ်ဆယ့်ကိုးသိန်းလေးသောင်း (၂၉၄၀၀၀၀ ကျပ်)  ဖြင့် အရောင်းအဝယ်ဖြစ်နေသည်။ ထိုင်းဘတ်ငွေဈေးလည်း အတက်အကျနည်းနည်းဖြင့် ဈေးဖွင့်ခဲံပြီး […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

diz_admin

April 1, 2023

ယခုအပတ် ရွှေဈေးမှာ ဈေးတန်းအမြင့်တွင် ငြိမ်နေပြီး ထိုင်းဘတ်ဈေးလည်း အလှုပ်အခတ်နည်းနေသည်။ ရွှေ၊ဘတ်ဈေးမှာ အငြိမ်ဆုံးကာလဟုဆိုနိုင်သည်။ ဓာတ်ဆီဈေးမှာ အလှုပ်အခတ် အနည်းငယ်ရှိခဲ့ပြီး တစ်လီတာလျှင် ကျပ်ဆယ်ဂဏန်းအထိ အပြောင်းအလဲရှိခဲ့သည်၊ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ အလှုပ်အခတ်နည်းသည့် ရွှေဈေး အခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ငွေကျပ်တစ်သောင်းဝန်းကျင်သာ အပြောင်းအလဲရှိခဲ့သည့် ကာလဖြစ်သည်။ ယခုအပတ် တနင်္လာနေ့ (မတ်လ ၂၇ ရက်)တွင်မူ တစ်ကျပ်သားလျှင် နှစ်ဆယ့်ကိုးသိန်းတစ်သောင်း (၂၉၁၀၀၀၀ကျပ်) ဖြင့် ဈေးဖွင့်ခဲ့သည်။ နောက်ရက်များတွင်လည်း ဈေးအပြောင်းအလဲနည်းနည်းသာရှိခဲ့ပြီး သောကြာနေ့တွင် နှစ်ဆယ့်ကိုးသိန်းနှစ်သောင်း  (၂၉၂၀၀၀၀ ကျပ်)  ဈေးဖွင့်ထားသည်။ ယခုအပတ်တွင် ထိုင်းဘတ်ငွေဈေးမှာ အငြိမ်ဆုံးကာလဟုပင် ဆိုနိုင်ပေသည်။ တနင်္လာနေ့ပေါက်ဈေးအရ  […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

diz_admin

March 26, 2023

ယခုအပတ်ရွှေဈေးမှာ ထိုးတက်သွားပြီး ဈေးအမြင့်တွင် တန့်နေခဲ့သည်။ ထိုင်းဘတ်ဈေးလည်း တက်လာခဲ့ပြီး ဓာတ်ဆီဈေးမှာ အလှုပ်အခတ် အနည်းငယ်ရှိခဲ့သည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ဈေးအမြင့်တွင် တန့်နေသည့် ရွှေဈေး ရုတ်တရက်ထိုးတက်ခဲ့သည့် အခေါက်ရွှေဈေးသည် အမြင့်ဈေးတန်းတွင် တန့်နေခဲ့သည်။ ယခုအပတ် တနင်္လာနေ့ (မတ်လ ၂၀ ရက်)က တစ်ကျပ်သားလျှင် နှစ်ဆယ့်ကိုးသိန်းသုံးသောင်း (၂၉၃၀၀၀၀ကျပ်) ဖြင့် ဈေးဖွင့်ခဲ့သည်။ နောက်ရက်များတွင် ကျပ်သောင်းဂဏန်း အတကိအကျရှိခဲ့ပြီးနောက် သောကြာနေ့တွင်မူ နှစ်ဆယ့်ကိုးသိန်းလေးသောင်း (၂၉၄၀၀၀၀ ကျပ်) ဈေးဖွင့်ထားပြန်သည်။ အမေရိကန်နိုင်ငံရှိ ဘဏ်နှစ်ခု ပြိုလဲသွားပြီးနောက်ပိုင်း ကမ္ဘာ့ရွှေဈေး တရိပ်ရိပ်တက်လာသဖြင့် ပြည်တွင်းရွှေဈေးလည်း ခုန်တက်သွားခြင်းဖြစ်သည်။ ပြီးခဲ့သည့်အပတ်က ကမ္ဘာ့ရွှေပေါက်ဈေးမှာ […]