BREAKING
September 19, 2024

သုံးသပ်ချက်

ဈေးအတက်ကြမ်းနေသည့် ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်းသုံးသပ်ချက်

Dawei Watch

July 16, 2023

ယခုအပတ်ရွှေဈေးမှာ ဆက်တိုက်တက်လာပြီး ဈေးအမြင့်ဆုံး အခြေအနေသို့ ရောက်လာခဲ့သည်။ ထိုင်းဘတ်ဈေးနှင့် ဓာတ်ဆီဈေးလည်း ဆက်တိုက်တက်လာသည်။ ထို့ကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်းအခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ အတက်ကြမ်းသည့် ရွှေဈေး အခေါက်ရွှေဈေးသည် ဆက်တိုက် အတက်ကြမ်းခဲ့ပြီး အမြင့်ဆုံးဈေးသို့ ရောက်နေသည်။ ယခုအပတ်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် သုံးဆယ့်နှစ်သိန်းကျော်အထိရှိလာပြီး တစ်ရက်နှင့် တစ်ရက်ကြားမှာပင် ငွေကျပ်လေးသောင်းအထိ ဈေးတက်ခဲ့သည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်နှစ်သိန်းတစ်သောင်းကျပ်မှ သုံးဆယ်နှစ်သိန်း ခြောက်သောင်းကျပ်အထိ ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးလည်း ရွှေနှင့်အတူ ဆက်တိုက်တက်နေပြီး ထိုင်းငွေတစ်ဘတ်လျှင် ကျပ် ၉၀ နီးပါးအထိ ဈေးမြောက်နေသည်။ ပြီးခဲ့သည့်အပတ်က ထိုင်းငွေတစ်ဘတ်လျှင် ၈၆ ကျပ်စွန်းစွန်းသာ ပေါက်ဈေးရှိရာမှ ယခုအပတ်တွင် ဆက်တိုက်ဈေးတက်လာသည်။ […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

July 8, 2023

ယခုအပတ်ရွှေဈေးမှာ ဈေးအမြင့်တွင် အတက်အကျများစွာဖြင့် မတည်မငြိမ်ဖြစ်နေခဲ့သည်။ ထိုင်းဘတ်ဈေးနှင့် ဓာတ်ဆီဈေးမှာ ပြန်ကျလာသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ဈေးအမြင့်တွင် မတည်ငြိမ်သည့် ရွှေဈေး အခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် သုံးဆယ်နှစ်သိန်းကျော်အထိ ထိုးတက်သွားပြီးနောက် ယခုအပတ်တွင် အလှုပ်အခတ်များနေခဲ့သည်။ ယခုအပတ်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ်လေးသောင်းခွဲအထိ အတက်အကျဖြစ်နေပြီး မတည်မငြိမ်ဖြစ်နေခဲ့သည်။ ယခုတစ်ပတ်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်တစ်သိန်းလေးသောင်းမှ သုံးဆယ့်တစ်သိန်းရှစ်သောင်း ငါးထောင်ကျပ်အကြား ပေါက်ဈေးရှိခဲ့သည်။ စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိ မြန်မာနိုင်ငံ၏ အကြီးဆုံးဘဏ်နှစ်ခုဖြစ်သည့် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်ကို အမေရိကန်က အရေးယူပိတ်ဆို့ပြီးနောက်ပိုင်း ရွှေဈေးတက်သွားသည့်အပေါ် စစ်ကောင်စီက ပြန်လည်ထိန်းညှိရန် ကြိုးစားနေသည်။ ရန်ကုန်နှင့် မန္တလေးမှ ရွှေလုပ်ငန်းရှင်များကို ဖမ်းဆီးခြင်း၊စစ်ဆေးမေးမြန်းခြင်းများကြောင့် […]

အတက်အကျများခဲ့သည့် ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

July 1, 2023

ယခုအပတ်ရွှေဈေးမှာ အမေရိကန်နိုင်ငံ၏ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် အမြင့်ဆုံးသို့ ရုတ်တရက်ထိုးတက်သွားသည်။ ထိုင်းဘတ်ဈေးလည်း တက်လာပြီး ဓာတ်ဆီဈေးမှာ အလှုပ်အခတ်နည်းနေသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ အမြင့်ဆုံးသို့ ခုန်တက်သွားသည့် ရွှေဈေး အခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် သုံးဆယ်တစ်သိန်းကျော်ဖြင့် ဆက်တိုက်ငြိမ်နေရာမှ ယခုအပတ်တွင် ရုတ်တရက်ထိုးတက်လာသည်။ အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်နှစ်သိန်းခြောက်သောင်းအထိ ဈေးပေါက်နေခြင်းဖြစ်သည်။ စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိ မြန်မာနိုင်ငံ၏ အကြီးဆုံးဘဏ်နှစ်ခုဖြစ်သည့် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်ကို အမေရိကန်သမ္မတ၏ အမိန့်ဖြင့် အရေးယူပိတ်ဆို့ပြီး နောက်ပိုင်းတွင် ယင်းကဲ့သို့ ဈေးတက်သွားခြင်းဖြစ်သည်။ ထိုသို့ ဈေးအတက်ကြမ်းနေသဖြင့် ရွှေဆိုင်အချို့က အခေါက်ရွှေအရောင်းအဝယ် ယာယီရပ်ဆိုင်းထားကြသည်။ ယခုအပတ် ထိုင်းဘတ်ဈေးလည်း  ရွှေဈေးနှင့်အတူ တက်လာသည်။ ပြီးခဲ့သည့်အပတ်က […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

June 24, 2023

ယခုအပတ်ရွှေဈေးမှာ ငြိမ်နေရာမှာ ရုတ်တရက်ဈေးတက်သွားသည်။ ထိုင်းဘတ်ဈေးမှာ တက်လာပြီး ဓာတ်ဆီဈေးမှာ အလှုပ်အခတ်နည်းနေသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ခုန်တက်လာသည့် ရွှေဈေး အခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် သုံးဆယ်တစ်သိန်းဝန်းကျင်ဖြင့် ဆက်တိုက်ငြိမ်နေရာမှ ယခုအပတ်တွင် ရုတ်တရက်ထိုးတက်လာသည်။ အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်တစ်သိန်းခြောက်သောင်းအထိ ဈေးပေါက်နေခြင်းဖြစ်သည်။ ဇွန်လ ၂၃ ရက်နေ့ မြိတ်ဈေးကွက်ပေါက်ဈေးအရ တစ်ကျပ်သားလျှင် ကျပ်သုံးဆယ့်နှစ်သိန်း(၃၂၀၀၀၀၀ ကျပ်) ဈေးဖွင့်ထားသည်။ သို့ရာတွင် ဈေးအတက်ကြမ်းနေသဖြင့် ရွှေဆိုင်အချို့က အခေါက်ရွှေအရောင်းအဝယ် ယာယီရပ်ဆိုင်းထားကြသည်။ ယခုအပတ် ထိုင်းဘတ်ဈေးလည်း  ပြန်တက်လာသည်။ တနင်္လာနေ့ပေါက်ဈေးအရ  ထိုင်းငွေတစ်ဘတ်လျှင် ၈၅ ကျပ်နီးပါးရှိရာမှ  နောင်ရက်များတွင် ဈေးတက်လာသည်။ ယခုအပတ် သောကြာတွင် တစ်ဘတ်လျှင် […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

June 18, 2023

ယခုအပတ်ရွှေဈေးမှာ အပြောင်းအလဲနည်းနေရာမှာ ရုတ်တရက်ဈေးတက်သွားသည်။ ထိုင်းဘတ်ဈေးမှာ ဖြည်းဖြည်းချင်းတက်လာပြီး ဓာတ်ဆီဈေးမှာ အလှုပ်အခတ်နည်းနေသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ အမြင့်ဆုံးတက်လာသည့် ရွှေဈေး အခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် သိန်းသုံးဆယ်စွန်းစွန်းဖြင့် ဆက်တိုက်ငြိမ်နေရာမှ ဇွန်လ ၁၄ ရက်နေ့တွင် ရုတ်တရက်ဈေးတက်လာသည်။ အခေါက်ရွှေတစ်ကျပ်သားလျှင် သိန်းသုံးဆယ့်တစ်သိန်းကျော်အထိ ဈေးပေါက်နေခြင်းဖြစ်သည်။ ဇွန်လ ၁၆ ရက်နေ့ ထားဝယ်ဈေးကွက်ပေါက်ဈေးအရ တစ်ကျပ်သားလျှင် သိန်းသုံးဆယ့်တစ်သိန်းတစ်သောင်း(၃၁၁၀၀၀၀ ကျပ်) ဖြင့် ရောင်းချနေသည်။ ယခုအပတ် ထိုင်းဘတ်ဈေးမှာ ဖြည်းဖြည်းချင်းတက်လာသည်။ တနင်္လာနေ့ပေါက်ဈေးအရ  ထိုင်းငွေတစ်ဘတ်လျှင် ၈၄ ကျပ်စွန်းစွန်းရှိရာမှ  နောင်ရက်များတွင် တရွေ့ရွေ့ဈေးတက်သည်။ ယခုအပတ် သောကြာတွင် တစ်ဘတ်လျှင် ၈၅ ကျပ်စွန်းစွန်း […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

June 10, 2023

ယခုအပတ်ရွှေဈေးမှာ ဈေးအမြင့်တွင် ငြိမ်နေရာမှ ရုတ်တရက်ထိုးတက်သွားသည်။ ထိုင်းဘတ်ဈေးမှာ အပြောင်းအလဲနည်းဖြင့် ဈေးဖွင့်ထားပြီး ဓာတ်ဆီဈေးမှာ ဖြည်းဖြည်းချင်း တက်လာသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ရုတ်တရက်တက်လာသည့် ရွှေဈေး အခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် သိန်းသုံးဆယ်စွန်းစွန်းဖြင့် ဆက်တိုက်ငြိမ်နေရာမှ သောကြာနေ့(ဇွန်လ ၉ရက်)တွင် ရုတ်တရက် တက်လာသည်။ တစ်ကျပ်သားလျှင် သိန်းသုံးဆယ်ငါးသောင်းဝန်းကျင်ဖြင့် ငြိမ်နေရာမှ သုံးဆယ့်တစ်သိန်းနီးပါးအထိ တက်လာခြင်းဖြစ်သည်။ ဇွန်လ ၉ ရက်နေ့ ထားဝယ်ဈေးကွက်ပေါက်ဈေးအရ တစ်ကျပ်သားလျှင် သိန်းသုံးဆယ်ကိုးသောင်းဖြင့် ရောင်းချနေသည်။ ထိုင်းဘတ်ဈေးမှာ အပြောင်းအလဲနည်းနည်းသာ ရှိခဲ့သည်။ တနင်္လာနေ့ပေါက်ဈေးအရ  ထိုင်းငွေတစ်ဘတ်လျှင် ၈၄ ကျပ်ဝန်းကျင်ရှိခဲ့ပြီး နောင်ရက်များတွင် ပြားဂဏန်း တက်လာခဲ့သည်။ ယခုအပတ် […]