BREAKING
January 22, 2025

သုံးသပ်ချက်

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

diz_admin

March 4, 2023

ယခုအပတ်တွင် ရွှေဈေးမှာ လုံးဝအလှုပ်အခတ်မရှိဘဲငြိမ်နေပြီး ထိုင်းဘတ်ဈေးမှာ အတက်အကျ အနည်းငယ်သာရှိသည်။ ထူးခြားချက်အနေဖြင့် အခေါက်ရွှေဈေးမှာ ဈေးတန်းတစ်ခုတွင် တစ်ပတ်လုံးငြိမ်နေခဲ့သည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ တစ်ပတ်လုံးငြိမ်နေသည့် ရွှေဈေး အခေါက်ရွှေဈေးသည် ယခုအပတ်အတွင်း အပြောင်းအလဲလုံးဝမရှိဘဲ ဈေးငြိမ်နေသည်။ အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းသုံးသောင်းကျပ်ဖြင့် ဖေဖော်ဝါရီလ ၂၇ ရက်(တနင်္လာနေ့)မှ မတ်လ ၃ ရက်နေ့အထိ ငြိမ်နေခဲ့သည်။ ပြီးခဲ့သည့်အပတ်ကမူ ကျပ်ထောင်ဂဏန်းအထိ အတက်အကျ ဖြစ်ခဲ့သေးသည်။  ပြားစွန်းသာလှုပ်သည့် ဘတ်ဈေး ထိုင်းဘတ်ငွေဈေးမှာ ယခုအပတ်တွင် ပြားစွန်းစွန်းသာ အလှုပ်အခတ်ရှိခဲ့သည်။ တနင်္လာနေ့ပေါက်ဈေးအရ  ထိုင်းငွေတစ်ဘတ်လျှင် ၈၃ ကျပ်ဝန်းကျင်ရှိခဲ့ပြီး နောက်ရက်များတွင် အတက်အကျ အနည်းငယ်သာရှိခဲ့သည်။ ယခုအပတ် […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်းသုံးသပ်ချက်

diz_admin

February 25, 2023

ယခုအပတ်တွင် ရွှေဈေးမှာ အလှုပ်အခတ်နည်းခဲ့ပြီး ထိုင်းဘတ်ဈေးမှာ ဆက်တိုက်ကျရိပ်ပြခဲ့သည်။ အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ငွေကျပ်ထောင်ဂဏန်းသာ အတက်အကျရှိခဲ့ပြီး ဘတ်ဈေးမှာ တဖြေးဖြေးကျနေခဲ့သည်။ ထို့ကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ အလှုပ်အခတ်နည်းသည့် ရွှေဈေး အခေါက်ရွှေဈေးသည် ယခုအပတ်အတွင်း အတက်အကျ အနည်းငယ်သာရှိခဲ့ပြီး တစ်ကျပ်သားလျှင် ကျပ်ငါးထောင်ကျော်အထိ အပြောင်းအလဲရှိခဲ့သည်။ ဖေဖော်ဝါရီလ ၂၀ ရက် (တနင်္လာနေ့) က အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းလေးသောင်းကျပ်ဖြင့် ဈေးဖွင့်ခဲ့သည်။ ထိုနောက် ကြားရက်များတွင် ကျပ်ထောင်ဂဏန်း ဈေးအပြောင်းအလဲရှိခဲ့ပြီး သောကြာနေ့တွင် နှစ်ဆယ့်ရှစ်သိန်းလေးသောင်း ဖြစ်သွားပြန်သည်။ ဆက်တိုက်ကျ ဘတ်ဈေး ထိုင်းဘတ်ငွေဈေးမှာ ယခုအပတ်တွင် ဆက်တိုက်နီးပါး ကျရိပ်ပြနေခဲ့သည်။ တနင်္လာနေ့ပေါက်ဈေးအရ ထိုင်းငွေတစ်ဘတ်လျှင် […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

diz_admin

February 18, 2023

ယခုအပတ်တွင် ရွှေဈေးမှာ အလှုပ်အခတ်ရှိခဲ့ပြီး ထိုင်းဘတ်ဈေးမှာ ကျရိပ်ပြခဲ့သည်။ အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ငွေကျပ်သောင်းဂဏန်း အတက်အကျရှိခဲ့ပြီး ဘတ်ဈေးမှာ တဖြည်းဖြည်းအကျဘက်သို့ ရောက်နေခဲ့သည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ အလှုပ်အခတ်ရှိခဲ့သည့် ရွှေဈေး အခေါက်ရွှေဈေးသည် ယခုအပတ်အတွင်း အတက်အကျရှိခဲ့ပြီး တစ်ကျပ်သားလျှင် ကျပ်နှစ်သောင်းအထိ အတက်အကျရှိခဲ့သည်။ ဖေဖော်ဝါရီလ ၁၃ ရက်(တနင်္လာနေ့)က အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းခွဲ ဈေးဖွင့်ခဲ့သည်။ ထိုနောက် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် နှစ်ဆယ့်ရှစ်သိန်းခြောက်သောင်းဖြစ်သွားပြီး သောကြာနေ့တွင်မူ နှစ်ဆယ့်ရှစ်သိန်းလေးသောင်းဖြစ်သွားပြန်သည်။ ကျရိပ်ပြ ဘတ်ဈေး ထိုင်းဘတ်ငွေဈေးမှာ ယခုအပတ်တွင် ကျရိပ်ပြနေခဲ့သည်။ တနင်္လာနေ့ပေါက်ဈေးအရ  ထိုင်းငွေတစ်ဘတ်လျှင် ၈၅ ကျပ်ရှိခဲ့ပြီး နောက်ရက်များတွင် […]

ရွှေနှင့်ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

diz_admin

February 11, 2023

ယခုအပတ်တွင် ရွှေနှင့် ထိုင်းဘတ်ဈေးမှာ အတက်အကျနည်းနည်းဖြင့် ဈေးဖွင့်နေခဲ့သည်။ အခေါက်ရွှေဈေးမှာ လုံးဝငြိမ်နေခဲ့ပြီး ထိုင်းဘတ်ဈေးမှာ မဆိုစလောက်သာ အလှုပ်အခတ်ရှိသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ တစ်ပတ်လုံးနီးပါး ငြိမ်နေသည့် ရွှေဈေး အခေါက်ရွှေဈေးသည် ယခုအပတ်အတွင်း အတက်အကျမရှိငြိမ်နေခဲ့သည်။ ဖေဖော်ဝါရီလ ၆ ရက်(တနင်္လာနေ့)က အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းသုံးသောင်းကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး ၄ ရက်ဆက်တိုက် ဈေးငြိမ်နေခဲ့သည်။ ထိုနောက် သောကြာနေ့တွင်မူ ကျပ်နှစ်သောင်းဈေးတက်လာပြီး တစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းခွဲ ဖြစ်လာခဲ့သည်။ အတက်အကျနည်းသည့် ဘတ်ဈေး ထိုင်းဘတ်ငွေဈေးမှာ ယခုအပတ်တွင် အတက်အကျနည်းနည်းဖြင့် ဈေးဖွင့်နေခဲ့သည်။ တနင်္လာနေ့ပေါက်ဈေးအရ  ထိုင်းငွေတစ်ဘတ်လျှင် ၈၅ ကျပ်ရှိခဲ့ပြီး နောက်ရက်တွင်လည်း ပြားစွန်းစွန်းသာ […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

diz_admin

February 4, 2023

ယခုအပတ် ရွှေဈေးမှာ အတက်ဘက်တွင်ရောက်နေပြီး ထိုင်းဘတ်ဈေးလည်း အနည်းငယ်တက်နေခဲ့သည်။ အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ်သောင်းဂဏန်း တက်ခဲ့ပြီး ထိုင်းဘတ်ဈေးမှာ မဆိုစလောက်သာ ရှိသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ကျပ်နှစ်သောင်းတက်သည့် ရွှေဈေး အခေါက်ရွှေဈေးသည် ယခုအပတ်အတွင်း တက်ရိပ်ပြခဲ့ပြီး တစ်ကျပ်သားလျှင် ငွေကျပ်နှစ်သောင်း ဈေးတက်သွားခဲ့သည်။ ဇန်နဝါရီလ ၃၀ ရက်(တနင်္လာနေ့)က အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းသုံးသောင်းကျပ်ဖြင့် ဈေးဖွင့်ခဲ့သည်။ ယင်းနောက် တဖြည်းဖြည်းတက်လာပြီး  သောကြာနေ့တွင် တစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းခွဲ ဖြစ်လာခဲ့သည်။ တရိပ်ရိပ်တက်သည့် ဘတ်ဈေး ထိုင်းဘတ်ငွေဈေးမှာ ယခုအပတ်တွင် တဖြည်းဖြည်းချင်း အတက်ဘက်ရောက်နေသည်။ တနင်္လာနေ့ပေါက်ဈေးအရ  ထိုင်းငွေတစ်ဘတ်လျှင် ၈၆ ကျပ်ရှိခဲ့ပြီး နောက်ရက်များတွင် […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

diz_admin

January 28, 2023

ယခုအပတ်တွင် ရွှေဈေးနှင့် ထိုင်းဘတ်ဈေးမှာ အတက်ဈေးတွင် အလှုပ်အခတ်နည်းနည်းဖြင့် ငြိမ်နေသည်။ အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ်သောင်းဂဏန်းသာ အတက်အကျရှိပြီး ထိုင်းဘတ်ဈေးမှာ မဆိုစလောက် တက်သွားသည်။ အတက်အကျနည်းသည့် ရွှေဈေး ပြီးခဲ့သည့်အပတ်က အတက်အကျကြမ်းခဲ့သည့် အခေါက်ရွှေဈေးသည် ယခုအပတ်တွင် အလှုပ်အခတ်နည်းနေသည်။ ဇန်နဝါရီလ ၂၃ ရက်(တနင်္လာနေ့)က အခေါက်ရွှေတစ်ကျပ်သားလျှင် ၂၈ သိန်းဖြင့် ဈေးဖွင့်ခဲ့ပြီး သုံးရက်ဆက်တိုက် အပြောင်းအလဲမရှိ ငြိမ်နေခဲ့သည်။ ယင်းနောက် သောကြာနေ့တွင် တစ်ကျပ်သားလျှင် သုံးသောင်းကျပ် တက်လာခဲ့သည်။ ပြီးခဲ့တဲ့အပတ်က ‌ပြည်တွင်းရွှေဈေးထိန်းညှိရန်ဟုဆိုကာ စစ်ကောင်စီက ရွှေလုပ်ငန်းရှင်များကို ခေါ်ယူပြောဆိုခြင်း၊ ဖမ်းဆီးစစ်ဆေးခြင်းများ လုပ်ဆောင်ပြီးနောက်ပိုင်း ဈေးငြိမ်လာခြင်းဖြစ်သည်။ အတက်ဈေးတွင် ငြိမ်နေသည့်ဘတ်ဈေး ပြီးခဲ့သည့်အပတ်ကတည်းက အတက်ဈေးတွင် ငြိမ်နေသည့် ထိုင်းဘတ်ငွေဈေးမှာ ယခုအပတ်တွင်လည်း အလှုပ်နည်းနေသည်။ တနင်္လာနေ့ပေါက်ဈေးအရ ထိုင်းငွေတစ်ဘတ်လျှင် ၈၆ ကျပ်နီးပါးရှိခဲ့ပြီး […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

diz_admin

January 22, 2023

ရွှေဈေးမှာ အလှုပ်အခတ်အများဆုံး ကာလတစ်ခုဖြစ်ပြီး ထိုင်းဘတ်လည်း အတက်ဈေးတွင် ငြိမ်နေခဲ့သည်။ အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ်ကိုးသောင်းအထိ အတက်အကျဖြစ်ခဲ့သည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ အတက်အကျကြမ်းသည့် ရွှေဈေး ပြီးခဲ့သည့်အပတ်က ၂၈ သိန်းခွဲဝန်းကျင်အထိ ဈေးတက်ခဲ့သည့်အခေါက်ရွှေသည် ယခုအပတ်တွင် ကျပ်ကိုးသောင်းအထိ နေ့စဉ်နီးပါး အတက်အကျကြမ်းနေခဲ့သည်။ ဇန်နဝါရီလ ၁၆ ရက်(တနင်္လာနေ့)က အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းလေးသောင်း (၂၈၄၀၀၀၀ ကျပ်)ဖြင့် ဈေးဖွင့်ခဲ့သည်။ ထိုနောက် နေ့တိုင်းနီးပါး ဈေးအလှုပ်အခတ်ရှိနေခဲ့ပြီး ဗုဒ္ဓဟူးနေ့တွင် နှစ်ဆယ့်ခုနှစ်သိန်းငါးသောင်း(၂၇၅၀၀၀၀ ကျပ်) အထိ ဈေးကျသွားပြန်သည်။ ယင်းနောက် သောကြာနေ့တွင် တစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းဖြစ်သွားပြန်သည်။ ကမ္ဘာ့ရွှေဈေးတက်နေသည့်အတွက် ပြည်တွင်းရွှေဈေးလည်း အလိုက်သင့်ဈေးတက်လာခြင်းဖြစ်ကြောင်း […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

diz_admin

January 14, 2023

အပြောင်းအလဲနည်းနေသည့် ရွှေနှင့် ထိုင်းဘတ်ဈေးမှာ ယခုအပတ်တွင် ရုတ်တရက် ထိုးတက်လာသည်။ အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ်တစ်သိန်းနီးပါးအထိ တက်လာပြီး ထိုင်းဘတ်ဈေးလည်း တဖြည်းဖြည်းတက်နေသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ အတက်ကြမ်းသည့် ရွှေဈေး ပြီးခဲ့သည့်အပတ်က ၂၇ သိန်းစွန်းစွန်းသာရှိခဲ့သည့် အခေါက်ရွှေဈေးသည် ယခုအပတ်တွင် ကျပ်တစ်သိန်းနီးပါးအထိ ခုန်တက်သွားသည်။ ဇန်နဝါရီလ ၉ ရက်(တနင်္လာနေ့)က အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ခုနှစ်သိန်းခြောက်သောင်း (၂၇၆၀၀၀၀ကျပ်)ဖြင့် ဈေးဖွင့်ခဲ့သည်။ ထိုနောက် နေ့တိုင်းနီးပါး ဈေးတက်လာပြီး ဇန်နဝါရီလ ၁၂ ရက်နေ့တွက် နှစ်ဆယ့်ရှစ်သိန်းလေးသောင်း(၂၈၄၀၀၀၀ ကျပ်) အထိ ဈေးမြောက်သွားခဲ့သည်။ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် […]