BREAKING
September 19, 2024

သုံးသပ်ချက်

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

August 27, 2023

ရွှေနှင့် ထိုင်းဘတ်ဈေးမှာ အတက်အကျကြမ်းသည့်ကာလ ဖြစ်ပြီး ဈေးအပြောင်းအလဲများခဲ့သည်။ ဓာတ်ဆီဈေးကလည်း အမြင့်ဘက်ရောက်နေပြီး တရွေ့ရွေ့တက်ခဲ့သည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ကျပ်ငွေတန်ဖိုးဆက်တိုက်ကျနေသည့်ဂယက်ကြောင့် ပြည်တွင်းရွှေဈေးမှာ အတက်အကျကြမ်းခဲ့ပြီး တစ်ကျပ်သားလျှင် ငွေကျပ်သိန်းချီ အတက်အကျဖြစ်ခဲ့သည့် ကာလဖြစ်သည်။ ပြီးခဲ့သည့်အပတ်က အခေါက်ရွှေတစ်ကျပ်သား ကျပ်သိန်းလေးဆယ်နီးပါးအထိ မြင့်တက်ခဲ့ပြီးနောက် ယခုအပတ်တွင် အချိန်အလိုက် အပြောင်းအလဲများနေခဲ့သည်။ တစ်ရက်နှင့်တစ်ရက် ဈေးကွာခြားချက်မှာ တစ်ကျပ်သားလျှင် ငွေကျပ်နှစ်သိန်းအထိ အတက်အကျဖြစ်နေခဲ့သည်။ ဩဂုတ်လ ၂၁ ရက်(တနင်္လာနေ့)က အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၉ သိန်း ဈေးဖွင့်ခဲ့ရာမှ နောက်တစ်ရက်တွင် ၃၇ သိန်းဖြစ်သွားသည်။ ဩဂုတ်လ  ၂၆ ရက်နေ့ နံနက်တွင် ထားဝယ်ဈေးကွက်အတွင်း ၃၈ သိန်းဈေးဖွင့်ထားသည်။ […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

August 21, 2023

ကျပ်ငွေတန်ဖိုးဆက်တိုက်ကျဆင်းနေခြင်းကြောင့် ရွှေနှင့် ထိုင်းဘတ်ဈေးမှာ စံချိန်တင်မြင့်တက်ခဲ့သည့် ကာလဖြစ်သည်။ စင်ကာပူဘဏ်ကြီးတစ်ခုက မြန်မာနိုင်ငံနှင့်ဘဏ်လုပ်ငန်းဆိုင်ရာချိတ်ဆက်မှုအားလုံးကို ရပ်ဆိုင်းလိုက်သည့် ဂယက်ကြောင့် ရွှေနှင့် ဘတ်ဈေးမှာ ကမောက်ကမဖြစ်နေသည်။ ထိုသို့သောအခြေအနေတွင် အထူးစုံစမ်းစစ်ရေးဦးစီးဌာန(စသုံးလုံး) က ဦးဆောင်သည့် အဖွဲ့ဖွဲ့စည်းကာ  ရွှေစျေးနှင့်ဒေါ်လာစျေးနှုန်း ကျဆင်းရေးလုပ်ဆောင်မည်ဟု  စစ်ကောင်စီ၏ ကုန်စည်စီးဆင်းမှု ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ရန်နိုင်စိုးက ပြောဆိုကြောင်း ပြည်တွင်းသတင်းများတွင် ဖော်ပြသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ လတ်တလောတွင် ကျပ်ငွေတန်ဖိုးဆက်တိုက်ကျနေသည့်အတွက် ပြည်တွင်းရွှေဈေးမှာ တစ်ကျပ်သား ကျပ်သိန်းလေးဆယ်နီးပါးအထိ မြင့်တက်သွားခဲ့ပြီး အချိန်အလိုက် အပြောင်းအလဲဖြစ်နေခဲ့သည်။ စင်ကာပူဘဏ် United Overseas Bank (UOB) က မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဘဏ်လုပ်ငန်း ချိတ်ဆက်မှုအားလုံးကို ရပ်ဆိုင်းလိုက်ပြီးနောက် ရွှေဈေးထိုးတက်သွားခြင်းဖြစ်သည်။ အဆိုပါဘဏ်မှာ မြန်မာနိုင်ငံရှိ စက်သုံးဆီနှင့် စားအုန်းဆီအပါအဝင် ပို့ကုန်သွင်းကုန် စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

August 12, 2023

စင်ကာပူဘဏ်ကြီးတစ်ခုဖြစ်သည့် UOB ဘဏ်က မြန်မာနိုင်ငံနှင့်ဘဏ်လုပ်ငန်းဆိုင်ရာချိတ်ဆက်မှု အားလုံးကိုရပ်ဆိုင်းလိုက်သည့် ဂယက်ကြောင့် ယခုအပတ် ရွှေဈေးမှာ ရုတ်တရက်ထိုးတက်သွားသည်။ ထိုင်းဘတ်ဈေးနှင့် ဓာတ်ဆီဈေးလည်း လိုက်တက်သွားပြီး အမြင့်ဆုံးဈေးတွင် ရောက်နေသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ နှစ်သောင်းတန်ငွေစက္ကူအသစ်ဂယက်ကြောင့် အတက်ဈေးရောက်နေသည့် ရွှေဈေးမှာ စင်ကာပူဘဏ်က မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဘဏ်လုပ်ငန်းချိတ်ဆက်မှုအားလုံးကို ရပ်ဆိုင်းလိုက်ခြင်းက မီးလောင်ရာလေပင့် ဖြစ်သွားစေခဲ့သည်။ နှစ်သောင်းတန်ဂယက်ကြောင့် ဈေးမဖွင့်နိုင်ဘဲ ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေပြီးနောက်  ၁၂ ရက်အကြာတွင် တစ်ကျပ်သားလျှင် ၃၅ သိန်းကျော်ဖြင့် ဈေးဖွင့်ခဲ့သည်။ ထိုနောက် ရက်ပိုင်းအကြာတွင် စင်ကာပူဘဏ်ကြီးတစ်ခုဖြစ်သည့် United Overseas Bank (UOB) ကမြန်မာနိုင်ငံနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ချိတ်ဆက်မှုအားလုံးကို ရပ်ဆိုင်းခဲ့သည်။ အဆိုပါဘဏ်မှာ မြန်မာနိုင်ငံရှိ စက်သုံးဆီနှင့် စားအုန်းဆီအပါအဝင် ပို့ကုန်သွင်းကုန် စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ စစ်ဗိုလ်ချုပ်များအပါအဝင် စစ်ကောင်စီနှင့်နီးစပ်သူများ အဓိကအသုံးပြုနေသည့် […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်းသုံးသပ်ချက်

Dawei Watch

August 6, 2023

နှစ်သောင်းတန် ငွေစက္ကူဂယက်ကြောင့် ယခုအပတ်လည်း ရွှေဈေးကို တိတိကျကျ ဈေးမဖွင့်နိုင်သေးဘဲ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေခဲ့သည်။ ထိုင်းဘတ်ဈေးနှင့် ဓာတ်ဆီဈေးလည်း အတက်ဈေးတွင် ဆက်ရှိနေသည်။ ထို့ကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ အပြောင်းအလဲမြန်သည့်ရွှေဈေး နှစ်သောင်းတန်ငွေစက္ကူအသစ်ထုတ်မည်ဟု စစ်ကောင်စီက ကြေညာလိုက်သည့် ဇူလိုင်လ ၂၃ ရက် (တနင်္ဂနွေနေ့) မှစတင်ကာ ရွှေဈေးမဖွင့်တော့ဘဲ ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေသည်မှာ ရက်သတ္တပတ်နှစ်ပတ်နီးပါးကြာလာသည်။ ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၅ သိန်းနှင့် ၃၆ သိန်းကြား ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေပြီး အချိန်နာရီအလိုက် ဈေးအတက်အကျဖြစ်နေခဲ့သည်။ ဩဂုတ်လ ၄ ရက် (သောကြာနေ့) မူ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်ငါးသိန်းနှစ်သောင်းဖြင့် ဈေးစဖွင့်ခဲ့သည်။ သို့သော် အချိန်တိုင်း […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

July 29, 2023

နှစ်သောင်းတန်ငွေစက္ကူဂယက်ကြောင့် ယခုအပတ်ရွှေဈေးမှာ တိတိကျကျ ဈေးမဖွင့်နိုင်ဘဲ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေသည်။ ထိုင်းဘတ်ဈေးနှင့် ဓာတ်ဆီဈေးလည်း ခုန်တက်သွားသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ တစ်ပတ်လုံး ဈေးမဖွင့်သည့်ရွှေ နှစ်သောင်းတန်ငွေစက္ကူအသစ်ထုတ်မည်ဟု စစ်ကောင်စီက ကြေညာလိုက်သည့် ဇူလိုင်လ ၂၃ ရက်(တနင်္ဂနွေနေ့)မှစကာ ရွှေဈေးမဖွင့်တော့ဘဲ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေခဲ့သည်။ ဇူလိုင်လ ၂၂ ရက်နေ့ကမူ အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်နှစ်သိန်းကျော်ခြောက်သောင်းဝန်းဖြင့် ရောင်းချနေခဲ့သည်။ စစ်ကောင်စီက ကြေညာသည့်နေ့တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၅ သိန်းအထိ ဈေးပေါက်ခဲ့သော်လည်း ရွှေဆိုင်များအပါအဝင် ရွှေဒိုင်များတွင်ပါ အရောင်းပိတ်ထားခဲ့သည်။ နောက်ရက်များတွင်လည်း အခေါက်ရွှေဈေးမှာ တိတိကျကျမဖွင့်နိုင်ဘဲ ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေခဲ့သည်။ တိကျသည့်ဈေးမဖွင့်ခဲ့သော်လည်း ယခုအပတ်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၅ […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

July 22, 2023

ယခုအပတ်ရွှေဈေးမှာ ဈေးအမြင့်တွင်တန့်နေပြီး အလှုပ်အခတ်နည်းနေသည်။ ထိုင်းဘတ်ဈေးနှင့် ဓာတ်ဆီဈေးမှာ ဆက်တိုက်တက်လာသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ဈေးအမြင့်တွင် တန့်နေသည့် ရွှေဈေး အခေါက်ရွှေဈေးသည် ဆက်တိုက် အတက်ကြိမ်းခဲ့ပြီးပြီး ယခုအပတ်တွင် တန့်နေခဲ့သည်။ အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်နှစ်သိန်းခြောက်သောင်းကျပ် ဝန်းကျင်တွင် အပြောင်းအလဲနည်းနည်းဖြင့် ဈေးငြိမ်နေခဲ့သည်။ ထိုင်းဘတ်ဈေးမှာ တရွေ့ရွေ့တက်လာပြီး ထိုင်းငွေတစ်ဘတ်လျှင် ကျပ် ၉၀ နီးပါး ဈေးပေါက်နေသည်။ ယခုအပတ်ထိုင်းဘတ်ဈေးမှာ တစ်ရက်နှင့်တစ်ရက် ပြားဂဏန်းသာ အတက်အကျရှိနေခဲ့သည်။ ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၁၁၁၄ ဘတ် လဲလျှင် မြန်မာငွေကျပ် တစ်သိန်းရမည်ဖြစ်သည်။ ဆက်တိုက်တက်လာသည့် ဓာတ်ဆီဈေး ဓာတ်ဆီဈေးမှာ တရိပ်ရိပ်တက်လာပြီး တစ်လီတာလျှင် […]