BREAKING
September 19, 2024

သုံးသပ်ချက်

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

October 8, 2023

ယခုအပတ် ရွှေဈေးမှာ အကျဈေးတွင် အလှုပ်အခတ်နည်းနေပြီး ထိုင်းဘတ်ဈေးလည်း ငြိမ်နေသည်။ ဓာတ်ဆီဈေးမှာ တောက်လျှောက် ကျရိပ်ပြနေသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ရွှေဈေးမှာ အကျဈေးတွင် အလှုပ်အခတ်နည်းနေပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၄ သိန်းဝန်းကျင်တွင် ငြိမ်နေခဲ့သည်။ ယခုအပတ်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ်သောင်းဂဏန်းသာ အတက်အကျရှိခဲ့သည်။ ထိုင်းဘတ်ဈေးမှာ ငြိမ်သလောက်ရှိနေပြီး တစ်ဘတ်လျှင်  ငွေကျပ် ပြားဂဏန်းသာ အလှုပ်အခတ်ရှိနေသည်။ ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ  ၉၀ ကျပ်ဝန်းကျင် ပေါက်ဈေးရှိပြီး ထိုင်းငွေ ၁၁၀၀  ဘတ် လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။ ဓာတ်ဆီဈေးမှာ တစ်လီတာလျှင် ၂၁၀၀ ကျပ်ဝန်းကျင်ပေါက်ဈေးရှိပြီး တောက်လျှောက်ကျနေသည်။ ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၀၁၅ ကျပ်မှ ၂၁၉၀ ကျပ်အကြား အလှုပ်အခတ်ရှိနေသည်။ အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

October 1, 2023

ယခုအပတ် ရွှေဈေးမှာ တောက်လျောက်ကျလာပြီး ထိုင်းဘတ်ဈေးလည်း အကျဘက်ရောက်နေ သည်။ ဓာတ်ဆီဈေးမှာ တိုက်လိုက် ကျလိုက်ဖြင့် ဈေးမငြိမ်ဖြစ်နေသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ပြည်တွင်းရွှေဈေးမှာ အကျဈေးတွင် အလှုပ်အခတ်နည်းနေပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ်သောင်းဂဏန်း အတက်အကျရှိခဲ့သည်။ ယခုအပတ်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်သုံးသိန်းခွဲဝန်းကျင် ဈေးဖွင့်ခဲ့သည်။ ထိုင်းဘတ်ဈေးမှာ ဆက်တိုက်ကျနေပြီး တစ်ဘတ်လျှင်  ကျပ်ဝန်းကျင်ရှိခဲ့သည်။ ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ  ၉၀ ကျပ်ဝန်းကျင် ပေါက်ဈေးရှိပြီး ထိုင်းငွေ ၁၁၀၀  ဘတ် လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။ ဓာတ်ဆီဈေးမှာ တစ်လီတာလျှင် ၂၃၀၀ ကျပ်ဝန်းကျင်တွင် အတက်အကျဖြစ်နေခဲ့သည်။ ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၂၉၀ ကျပ်မှ ၂၃၆၀ ကျပ်အကြား ဈေးဖြင့် ရောင်းချနေသည်။ အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

September 24, 2023

အတက်အကျ ကြမ်းခဲ့သည့်ရွှေဈေးသည် ယခုအပတ်တွင် အလှုပ်အခတ်နည်းနေသည်။ ထိုင်းဘတ်ဈေးနှင့် ဓာတ်ဆီဈေးမှာ ဆက်တိုက်ကျနေသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ယခုအပတ် ပြည်တွင်းရွှေဈေးမှာ အကျဈေးအတွင် အလှုပ်အခတ်နည်းနေခဲ့သည်။ အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ်သောင်းဂဏန်းသာ အတက်အကျရှိခဲ့သည်။ ယခုအပတ်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်ငါးသိန်းခြောက်သောင်းကျပ်ဝန်းကျင် ဈေးဖွင့်ခဲ့သည်။ ထိုင်းဘတ်ဈေးမှာ ဆက်တိုက်ကျနေပြီး တစ်ဘတ်လျှင် ၉၅ ကျပ်ဝန်းကျင်ရှိခဲ့သည်။ ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ  ၉၄ ကျပ်ဝန်းကျင် ပေါက်ဈေးရှိပြီး ထိုင်းငွေ ၁၀၆၃  ဘတ် လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။ တစ်လီတာလျှင် ၂၅၀၀ ကျပ်စွန်းစွန်းအထိ တက်ခဲ့သည့် ဓာတ်ဆီဈေးမှာ ယခုအပတ်တွင် ပြန်ကျလာသည်။ ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၃၆၀  ကျပ်မှ ၂၅၁၀ ကျပ်အကြား ဈေးဖြင့် ရောင်းချနေသည်။ […]

ရွှေနှင့်ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

September 16, 2023

ရွှေဈေးမှာ အကျဈေးတွင် အလှုပ်အခတ်များသည့် ကာလဖြစ်သည်။ ထိုင်းဘတ်ဈေးလည်း အတက်အကျများနေပြီး ဓာတ်ဆီဈေးမှာ တက်နေသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်ပါသည်။ ယခုအပတ် ပြည်တွင်းရွှေဈေးမှာ အကျဘက်တွင် အလှုပ်အရမ်းများနေခဲ့သည်။ အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ်တစ်သိန်းကျော်အထိ ဈေးအတက်အကျဖြစ်နေခဲ့သည်။ စက်တင်ဘာလ ၈ ရက်(တနင်္လာနေ့)က အခေါက်ရွှေတစ်ကျပ်သားလျှင်ကျပ် ၃၅ သိန်းဖြင့် ဈေးဖွင့်ခဲ့သည်။ ယခုအပတ်သောကြာနေ့တွင်မူ တစ်ကျပ်သားလျှင် ငွေကျပ် ၃၅၇၀၀၀၀ ပေါက်ဈေးရှိနေသည်။ ကျရိပ်ပြနေသည့် ထိုင်းဘတ်ဈေးလည်း ရွှေနှင့်အတူ မတည်မငြိမ်ဖြစ်နေခဲ့သည်။ တနင်္လာနေ့က ထိုင်းငွေတစ်ဘတ်လျှင် ၉၆ ကျပ် စွန်းစွန်းဖြင့် လဲလှယ်နေရာမှ နောက်တစ်ရက်တွင် ၉၈ ကျပ်အထိ တက်သွားပြန်သည်။ ယခုအပတ် […]

ရွှေနှင့်ဘတ် တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

September 10, 2023

ရွှေဈေးမှာ ဆက်တိုက်ကျလာပြီး အကျကြမ်းသည့်ကာလ ဖြစ်သည်။ ထိုင်းဘတ်ဈေးလည်း ကျရိပ်ပြလာပြီး ဓာတ်ဆီဈေးမှာ အလှုပ်အခတ်နည်းနေသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ အတက်ကြမ်းခဲ့သည့် ပြည်တွင်းရွှေဈေးသည် ယခုအပတ်တွင် အကျကြမ်းခဲ့ပြီး တစ်ကျပ်သားလျှင် ငွေကျပ်သိန်းဂဏန်းအထိ ဈေးအပြောင်းအလဲဖြစ်နေခဲ့သည်။ စက်တင်ဘာလ ၄  ရက်(တနင်္လာနေ့)က အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၇ သိန်းစွန်းစွန်းဖြင့် ဈေးဖွင့်ခဲ့ရာမှ နောက်ရက်များတွင် သိန်းချီ ဈေးကျလာခဲ့သည်။ ယခုအပတ်သောကြာနေ့တွင်မူ တစ်ကျပ်သားလျှင် ၃၅ သိန်းဈေးဖွင့်ထားပြီး ငါးရက်အတွင်း ငွေကျပ်နှစ်သိန်းကျော် ဈေးကျသွားသည်။ ထိုင်းဘတ်ဈေးလည်း ရွှေနှင့်အတူ ကျရိပ်ပြလာပြီး တစ်ဘတ်လျှင် ငွေကျပ်တစ်ရာအောက်သို့ ကျသွားသည်။ တနင်္လာနေ့က ထိုင်းငွေတစ်ဘတ်လျှင် ၁၀၃ ကျပ် နီးပါးဖြင့် လဲလှယ်နေရာမှ […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

September 3, 2023

ရွှေဈေးမှာ ဈေးတန်းအမြင့်တွင် အတက်အကျကြမ်းသည့်ကာလဖြစ်သည်။ ထိုင်းဘတ်ဈေးလည်း အပြောင်းအလဲများနေပြီး ဓာတ်ဆီဈေးမှာ ငြိမ်နေသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ပြည်တွင်းရွှေဈေးမှာ အတက်အကျကြမ်းခဲ့ပြီး တစ်ကျပ်သားလျှင် ငွေကျပ်သိန်းဂဏန်းအထိ အပြောင်းအလဲဖြစ်နေခဲ့သည်။ တစ်ရက်နှင့်တစ်ရက် ဈေးကွာခြားချက်မှာ တစ်ကျပ်သားလျှင် ငါးသောင်းကျပ်မှ ကျပ်တစ်သိန်းအထိ အတက်အကျရှိနေသည်။ ဩဂုတ်လ ၂၁ ရက်(တနင်္လာနေ့)က အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၉ သိန်း ဈေးဖွင့်ခဲ့ရာမှ နောက်တစ်ရက်တွင် ၃၇ သိန်းဖြစ်သွားသည်။ ဩဂုတ်လ  ၂၈ ရက်နေ့ နံနက်တွင် ထားဝယ်ဈေးကွက်အတွင်း ၃၇ သိန်းဈေးဖွင့်ထားပြီး နောက်တစ်ရက်တွင် ၃၇သိန်းခွဲဖြစ်သွားသည်။ စံချိန်တင်တက်ခဲ့သည့် ထိုင်းဘတ်ဈေးမှာ အနည်းငယ်ကျဆင်းလာသော်လည်း ဈေးအမြင့်တွင် ဆက်ရှိနေဆဲဖြစ်သည်။ ထိုင်းငွေတစ်ဘတ်လျှင်  […]