BREAKING
September 16, 2024

သုံးသပ်ချက်

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

November 18, 2023

ယခုအပတ် ရွှေဈေးနှင့် ထိုင်းဘတ်ဈေးမှာ အတက်ကြမ်းခဲ့ပြီး ဈေးတန်းအမြင့်ဘက် ရောက်လာသည်။ ဓာတ်ဆီဈေးမှာ အလှုပ်အခတ်နည်းသည့် ကာလဟု ဆိုနိုင်သည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ယခုအပတ်ရွှေဈေးမှာ အတက်ကြမ်းခဲ့ပြီး ရုတ်တရက်ထိုးတက်သွားသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၅ ဝန်းကျင်မှ ၃၇ သိန်းကျော်အထိ ဈေးမြောက်သွားသည်။ ထိုင်းဘတ်ဈေးလည်း ရွှေဈေးနှင့်အတူ တက်လာပြီး ထိုင်းငွေတစ်ဘတ်လျှင် ၉၆ ကျပ်ဝန်းကျင်အထိ ဈေးဖွင့်ခဲ့သည်။ ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ  ထိုင်းငွေ ၁၀၃၅  ဘတ် လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။ ပြည်တွင်းဈေးကွက်တွင် ဓာတ်ဆီဝယ်ရခက်ခဲပြီး တန်းစီဝယ်ယူနေရချိန်တွင် ဈေးနှုန်း အပြောင်းအလဲနည်းခဲ့သည်။ ယခုအပတ် ဓာတ်ဆီဈေးမှာ အပြောင်းအလဲမရှိ ငြိမ်နေပြီး တစ်လီတာလျှင် နှစ်ထောင်တစ်ရာကျပ်စွန်းစွန်း […]

ရွှေ၊ထိုင်းဘတ်နှင့် စက်သုံးဆီဈေး သုံးသပ်ချက်

Dawei Watch

November 12, 2023

ယခုအပတ် ပြည်တွင်းရွှေဈေးမှာ အလှုပ်အခတ်နည်းနည်းဖြင့် အတက်အကျဖြစ်နေသလို ထိုင်းဘတ်မှာလည်း ဖြည်းဖြည်းသာ တက်ရိပ်ပြနေသည်။ ဓာတ်ဆီဈေးမှာ အလှုပ်အခတ်နည်းသည့် ကာလဟု ဆိုနိုင်သည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ယခုအပတ်ရွှေဈေးမှာ အလှုပ်အခတ်နည်းနေခဲ့သည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်လေးသိန်းခွဲမှ သုံးဆယ်လေးသိန်းကိုးသောင်း ကြား အတက်အကျဖြစ်နေခဲ့သည်။ ထိုင်းဘတ်ဈေးမှာ တဖြည်းဖြည်းချင်းတက်ရိပ်ပြလာပြီး ထိုင်းငွေတစ်ဘတ်လျှင် ၉၃ ကျပ်ဝန်းကျင် ဈေးဖွင့်ခဲ့သည်။ ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ  ထိုင်းငွေ ၁၀၈၃  ဘတ် လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။ ယခုအပတ် ဓာတ်ဆီဈေးမှာ အပြောင်းအလဲမရှိ ငြိမ်နေပြီး တစ်လီတာလျှင် နှစ်ထောင့်တစ်ရာကျပ်စွန်းစွန်း ပေါက်ဈေးရှိနေသည်။ ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၁၃၀ ကျပ် ဈေးဖွင့်ခဲ့သည်။ အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် […]

ရွှေ၊ဘတ်နှင့် စက်သုံးဆီဈေးကွက် သုံးသပ်ချက်

Dawei Watch

November 4, 2023

ယခုအပတ် ရွှေဈေးနှင့် ထိုင်းဘတ်မှာ တရွေ့ရွေ့ တက်ရိပ်ပြနေသည်။ ဓာတ်ဆီဈေးမှာ အလှုပ်အခတ်နည်းသည့် ကာလဟု ဆိုနိုင်သည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ဆက်တိုက်ကျခဲ့သည့် ရွှေဈေးသည် ယခုအပတ်တွင် တရွေ့ရွေ့ဖြင့် တက်ရိပ်ပြလာခဲ့သည်။ ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၄ သိန်းဝန်းကျင်မှ ၃၅ သိန်း ဝန်းကျင်အထိ ဈေးတက်လာ ခဲ့သည်။ ထိုင်းဘတ်ဈေးလည်း အတက်ဘက်ရောက်နေပြီး ထိုင်းငွေတစ်ဘတ်လျှင် ၉၀ ကျပ်စွန်းစွန်း ဈေးဖွင့်ခဲ့သည်။ ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ  ၉၀ ကျပ်စွန်းစွန်းပေါက်ဈေးရှိပြီး ထိုင်းငွေ ၁၁၀၇  ဘတ် လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။ ယခုအပတ် ဓာတ်ဆီဈေးမှာ အပြောင်းအလဲမရှိ ငြိမ်နေပြီး တစ်လီတာလျှင် ကျပ်နှစ်ထောင်စွန်းစွန်း ပေါက်ဈေးရှိနေသည်။ ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၁၅၀ ကျပ် ဈေးဖွင့်ခဲ့သည်။ […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

October 28, 2023

ယခုအပတ် ရွှေဈေးနှင့် ထိုင်းဘတ်မှာ အလှုပ်အခတ်နည်းနည်းဖြင့် အကျဘက်ဦးတည်နေခဲ့သည်။ ဓာတ်ဆီဈေးလည်း အလှုပ်အခတ်နည်းသည့် ကာလဖြစ်ခဲ့သည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ရွှေဈေးမှာ အလှုပ်အခတ်နည်းခဲ့ပြီး ကျရိပ်ပြခဲ့သည့် ကာလဖြစ်သည်။ ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်လေးသိန်းနှစ်သောင်းကျပ်မှ သုံးဆယ်လေးသိန်းငါးသောင်းကျပ်အကြား ဈေးဖွင့်ထားခဲ့သည်။ ထိုင်းဘတ်ဈေးလည်း အကျဘက်ရောက်နေပြီး ထိုင်းငွေတစ်ဘတ်လျှင် ၉၀ ကျပ်ဝန်းကျင် ဈေးဖွင့်ခဲ့သည်။ ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ၈၉ ကျပ်စွန်းစွန်းပေါက်ဈေးရှိပြီး ထိုင်းငွေ ၁၁၂၀ ဘတ် လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။ ယခုအပတ် ဓာတ်ဆီဈေးမှာ အပြောင်းအလဲမရှိ ငြိမ်နေပြီး တစ်လီတာလျှင် ကျပ်နှစ်ထောင်စွန်းစွန်း ပေါက်ဈေးရှိနေသည်။ ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

October 21, 2023

ယခုအပတ် ရွှေဈေးနှင့် ထိုင်းဘတ်မှာ အတက်အကျမရှိသလောက်ဖြစ်ခဲ့ပြီး ဈေးငြိမ်နေခဲ့သည်။ ဓာတ်ဆီဈေးလည်း အလှုပ်အခတ်နည်းသည့် ကာလဖြစ်ခဲ့သည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ရွှေဈေးမှာ အလှုပ်အခတ်နည်းခဲ့ပြီး တစ်ကျပ်သားလျှင် သုံးဆယ့်လေးသိန်းခွဲဝန်းကျင် ဈေးဖွင့်ထားခဲ့သည်။ ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်လေးသိန်းလေးသောင်းကျပ်မှ သုံးဆယ်လေးသိန်းငါးသောင်းကျပ်ကြားသာ အလှုပ်အခတ်ဖြစ်ခဲ့သည်။ ထိုင်းဘတ်ဈေးလည်း တောက်လျှောက်ငြိမ်နေပြီး ထိုင်းငွေတစ်ဘတ်လျှင် ၉၁ ကျပ်ဝန်းကျင် ဈေးဖွင့်ခဲ့သည်။ ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ  ၉၁ ကျပ်နီးပါး ပေါက်ဈေးရှိပြီး ထိုင်းငွေ ၁၁၀၂  ဘတ် လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။ ယခုအပတ် ဓာတ်ဆီဈေးမှာ အပြောင်းအလဲမရှိ ငြိမ်နေပြီး တစ်လီတာလျှင် ကျပ်နှစ်ထောင်စွန်းစွန်း ပေါက်ဈေးရှိနေသည်။ ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၀၈၅ ကျပ် ဈေးဖွင့်ခဲ့သည်။ အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

October 14, 2023

ယခုအပတ် ရွှေဈေးမှာ အတက်အကျမရှိ တောက်လျှောက်ငြိမ်နေပြီး ထိုင်းဘတ်ဈေးမှာ တက်ရိပ်ပြခဲ့သည်။ ဓာတ်ဆီဈေးလည်း အလှုပ်အခတ်နည်းသည့် ကာလဖြစ်ခဲ့သည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ရွှေဈေးမှာ အလှုပ်အခတ်မရှိဘဲ အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်လေးသိန်းတစ်သောင်းကျပ်ဖြင့်  တစ်ပတ်လုံး  ငြိမ်နေသည်။ ထားဝယ်ဈေးကွက်တွင် တနင်္လာနေ့မှ သောကြာနေ့အထိ ငါးရက်စလုံး အတက်အကျမရှိဘဲ ငြိမ်နေခြင်းဖြစ်သည်။ ထိုင်းဘတ်ဈေးမှာ တဖြည်းဖြည်းချင်းတက်ရိပ်ပြခဲ့ပြီး တစ်ဘတ်လျှင်  ငွေကျပ် ပြားဂဏန်း အလှုပ်အခတ်ရှိခဲ့သည်။ ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ  ၉၂ ကျပ်ဝန်းကျင် ပေါက်ဈေးရှိပြီး ထိုင်းငွေ ၁၀၉၂  ဘတ် လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။ ဓာတ်ဆီဈေးမှာ တစ်လီတာလျှင် ကျပ်နှစ်ထောင်စွန်းစွန်း ပေါက်ဈေးရှိပြီး အကျဘက်ရောက်နေသည်။ […]