BREAKING
September 16, 2024

သုံးသပ်ချက်

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

December 31, 2023

ယခုအပတ် ရွှေဈေးမှာ အလှုပ်အခတ်နည်းခဲ့ပြီး ထိုင်းဘတ်ဈေးမှာ တက်ရိပ်ပြခဲ့သည်။ စက်သုံးဆီဈေးမှာ ဈေးတန်းအမြင့်တွင်ပင် ဆက်ရှိနေသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ယခုအပတ်ရွှေဈေးမှာ အတက်အကျနည်းခဲ့ပြီး တစ်ကျပ်သားလျှင် ကျပ်တစ်သောင်းဝန်းကျင်သာ အလှုပ်အခတ်ရှိ ခဲ့သည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်ခုနစ်သိန်းခုနစ်သောင်း(၃၇၇၀၀၀၀ ကျပ်) ခန့် ဈေးဖွင့်ခဲ့သည်။ ထိုင်းဘတ်ဈေးမှာ တက်ရိပ်ပြလာပြီး တစ်ဘတ်လျှင် ဈေးတန်းအမြင့်သို့ ရောက်လာခဲ့သည်။ အမြင့်ဆုံးဈေးအဖြစ် ထိုင်းငွေတစ်ဘတ်လျှင် ၉၉ ကျပ်စွန်းစွန်းအထိ ဈေးဖွင့်ခဲ့ပြီး ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၁၀၂၀ ဘတ်လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။ ဓာတ်ဆီဈေးမှာမူ အပြောင်းအလဲနည်းနည်းဖြင့် ဈေးဖွင့်ထားပြီး ဈေးတန်းအမြင့်တွင်ပင် ဆက်ရှိနေသည်။ ၉၂ […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်းသုံးသပ်ချက်

Dawei Watch

December 23, 2023

ယခုအပတ် ရွှေဈေးမှာ ကျရိပ်ပြခဲ့ပြီး ထိုင်းဘတ်ဈေးမှာ အပြောင်းအလဲနည်းနည်းဖြင့် ဈေးဖွင့်ထားခဲ့သည်။ စက်သုံးဆီဈေးမှာ ဈေးတန်းအမြင့်တွင်ပင် ဆက်ရှိနေသည်။ ထို့ကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ယခုအပတ်ရွှေဈေးမှာ ကျရိပ်ပြခဲ့ပြီး တစ်ကျပ်သားလျှင် ကျပ်သောင်းဂဏန်း အတက်အကျဖြစ်ခဲ့သည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်ခုနစ်သိန်းခုနစ်သောင်း (၃,၇၇၀,၀၀၀ ကျပ်) ဝန်းကျင် ဈေးဖွင့်ထားခဲ့သည်။ ထိုင်းဘတ်ဈေးမှာ တောက်လျှောက်ငြိမ်နေပြီး အတက်အကျ နည်းနေသည်။ ထိုင်းငွေတစ်ဘတ်လျှင် ၉၇ ကျပ်စွန်းစွန်း ဈေးဖွင့်ခဲ့ပြီး ယခုအပတ် သောကြာနေ့ ပေါက်ဈေးအရ ထိုင်းငွေ ၁၀၂၅ ဘတ် လဲလျှင် မြန်မာငွေကျပ်တစ်သိန်းရမည်ဖြစ်သည်။ ဓာတ်ဆီဈေးမှာမူ တိုက်ပွဲနှင့် သယ်ယူရာလမ်းကြောင်း အခက်အခဲ၊ နိုင်ငံခြားငွေပြတ်လပ်မှု၊ ပြည်ပမှ […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

December 18, 2023

ယခုအပတ် ရွှေဈေးနှင့် ထိုင်းဘတ်ဈေးမှာ အတက်ဈေးတွင် အပြောင်းအလဲနည်းနည်းဖြင့် ဈေးဖွင့်ထားခဲ့သည်။ ဈေးကွက်အတွင်း စက်သုံးဆီပြတ်လပ်မှုကြောင့် ဓာတ်ဆီဈေးမှာ ဈေးတန်းအမြင့်တွင်ပင် ဆက်ရှိနေသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ယခုအပတ်ရွှေဈေးမှာ ရုတ်တရက်ဈေးတန်းအမြင့်တွင် အပြောင်းအလဲနည်းနည်းဖြင့် ရောင်းချနေသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၇ သိန်းဝန်းကျင် ဈေးဖွင့်ထားခဲ့သည်။ ထိုင်းဘတ်ဈေးမှာ တစ်အိအိဖြင့် တက်ရိပ်ပြခဲ့ပြီး ထိုင်းငွေတစ်ဘတ်လျှင် ၉၇ ကျပ်စွန်းစွန်း ဈေးဖွင့်ခဲ့သည်။  ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ  ထိုင်းငွေ ၁၀၂၄  ဘတ် လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။ ဓာတ်ဆီဈေးမှာမူ တိုက်ပွဲနှင့် သယ်ယူရာလမ်းကြောင်း အခက်အခဲ၊ ပြည်ပမှ စက်သုံးဆီဝင်ရောက်မှု မလုံလောက်ခြင်းများကြောင့် ဈေးကွက်အတွင်း အစိုးမရဖြစ်နေသည်။ ထိုကြောင့်လည်း ဓာတ်ဆီဈေးမှာ […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

December 9, 2023

ယခုအပတ် ရွှေဈေးနှင့် ထိုင်းဘတ်ဈေးမှာ ဈေးမာပြီး တက်ရိပ်ပြခဲ့သည်။ ဓာတ်ဆီဈေးမှာ ဈေးကွက်အတွင်း စက်သုံးဆီပြတ်လပ်မှုကြောင့် ဈေးတန်းအမြင့်တွင်ပင် ဆက်ရှိနေသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ယခုအပတ်ရွှေဈေးမှာ ရုတ်တရက်ထိုးတက်သွားပြီး ဈေးတန်းအမြင့်တွင် ဆက်ရှိနေသည်။ ထားဝယ်ဈေးကွက်အတွင်း ပြီးခဲ့သည့်အပတ်က အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၆ သိန်းခွဲဝန်းကျင် ပေါက်ဈေးရှိရာမှ ယခုအပတ်တွင် ၃၇ သိန်းစွန်းစွန်းအထိ တက်သွားခြင်းဖြစ်သည်။ ထိုင်းဘတ်ဈေးလည်း တစ်အိအိဖြင့် တက်ရိပ်ပြခဲ့ပြီး ထိုင်းငွေတစ်ဘတ်လျှင် ၉၇ ကျပ်စွန်းစွန်း ဈေးဖွင့်ခဲ့သည်။  ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ  ထိုင်းငွေ ၁၀၂၈  ဘတ် လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။ ဓာတ်ဆီဈေးမှာမူ ဈေးကွက်အတွင်း ပြတ်လပ်နေပြီး တန်းစီဝယ်နေရသည့် အခင်းအကျင်းဖြစ်နေသည်။ ထိုကြောင့်လည်း ဓာတ်ဆီဈေးမှာ […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

December 3, 2023

ယခုအပတ် ရွှေဈေးနှင့် ထိုင်းဘတ်ဈေးမှာ ဈေးတန်းအမြင့်တွင် အတက်အကျ နည်းနည်းဖြင့် ဈေးဖွင့်ထားခဲ့သည်။ ဓာတ်ဆီဈေးမှာမူ ဆက်တိုက်ငြိမ်နေရာမှာ သောကြာနေ့(ဒီဇင်ဘာလ၁ရက်)တွင် ရုတ်တရက်ထိုးတက်သွားသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ယခုအပတ်ရွှေဈေးမှာ ဈေးတန်းအမြင့်တွင် အလှုပ်အခတ်နည်းနည်းဖြင့် တစ်ပတ်လုံး ဈေးဖွင့်ထားခဲ့သည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၆ သိန်းခွဲဝန်းကျင် ပေါက်ဈေးရှိခဲ့သည်။ ထိုင်းဘတ်ဈေးလည်း ရွှေဈေးနှင့်အတူ အတက်အကျနည်းနေပြီး ထိုင်းငွေတစ်ဘတ်လျှင် ၉၆ ကျပ်ဝန်းကျင် ဈေးဖွင့်ခဲ့သည်။ ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၁၀၄၅ ဘတ် လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။ ဓာတ်ဆီဈေးမှာ တောက်လျှောက်ငြိမ်နေရာမှာ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရုတ်တရက်ထိုးတက်သွားပြီး ၉၂ […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

November 26, 2023

ယခုအပတ် ရွှေဈေးနှင့် ထိုင်းဘတ်ဈေးမှာ ဈေးတန်းအမြင့်တွင် အလှုပ်အခတ်နည်းနေသည်။ ဓာတ်ဆီဈေးလည်း အလှုပ်အခတ်နည်းသည့် ကာလဟု ဆိုနိုင်သည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ယခုအပတ်ရွှေဈေးမှာ ဈေးတန်းအမြင့်တွင် အလှုပ်အခတ်နည်းနေသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၆ သိန်း ဝန်းကျင်ဈေးဖွင့်ထားခဲ့သည်။ ထိုင်းဘတ်ဈေးလည်း ရွှေဈေးနှင့်အတူ အတက်အကျနည်းနေပြီး ထိုင်းငွေတစ်ဘတ်လျှင် ၉၆ ကျပ်ဝန်းကျင် ဈေးဖွင့်ခဲ့သည်။ ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ  ထိုင်းငွေ ၁၀၃၈  ဘတ် လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။ ပြည်တွင်းဈေးကွက်တွင် ဓာတ်ဆီဝယ်ရခက်ခဲပြီး တန်းစီဝယ်ယူနေရပြီးနောက် ဈေးနှုန်း အပြောင်းအလဲနည်းခဲ့သည်။ ယခုအပတ် ဓာတ်ဆီဈေးမှာ အပြောင်းအလဲနည်းနေပြီး တစ်လီတာလျှင် နှစ်ထောင်သုံးရာကျပ်နီးပါး ပေါက်ဈေးရှိနေသည်။ ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၂၈၅ ကျပ် ဈေးဖွင့်ခဲ့သည်။ အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် […]