BREAKING
September 7, 2024

သုံးသပ်ချက်

လှုပ်ခတ်လာသော ထိုင်းဘုရင်၏ ရာဇပလ္လင်

diz_admin

November 1, 2020

ကမ္ဘာ့ကပ်ရောဂါကို ကောင်းစွာ ထိန်းထားနိုင်သော်လည်း နောက်ဆက်တွဲ စီးပွားရေး ပြဿနာများအတွက် ခေါင်းခဲနေရချိန် ထိုင်းနိုင်ငံ၏ ပြည်တွင်းရေး မတည်ငြိမ်မှုများသည် အစိုးရအဖွဲ့ကိုသာမက ဘုရင် ဝဇီရာလောင်ကွန်း၏ ရာဇပလ္လင်ကိုပါ လှုပ်ခတ်လာခဲ့သည်။ “ထိုင်းနိုင်ငံသည် ထိုင်းပြည်သူ ပိုင်ဖြစ်တယ်။ ဘုရင့်ဥစ္စာတော် မဟုတ်ဘူး”။ကျောင်းသားလူငယ်များ၊ ဒီမိုကရေစီ အခွင့်အရေး လိုလားသူများ ကျယ်ကျယ်လောင်လောင် ကြွေးကြော် တောင်းဆိုလာသော စကားဖြစ်သည်။ စစ်တပ်ကျောထောက်နောက်ခံဖြင့် ဘုရင်က အကြွင်းမဲ့အာဏာ တည်ဆောက်လာခြင်းကို မနှစ်မြို့ကြောင်း ထိုင်းပြည် သူအများအပြားက ထုတ်ဖော်ပြောဆို လာကြသည်။ စစ်အာဏာသိမ်းခေါင်းဆောင်မှ ရွေးကောက်ခံဝန်ကြီးချုပ် ဖြစ်လာသော ပရာယွတ်ချန်အိုချာ နုတ်ထွက်ရေး၊ လက်ရှိဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲ၍ ပီပြင်သော စည်းမျဉ်းခံဘုရင်အဖြစ် ပုံဖော်ရေး၊ စစ်တပ်ဦးဆောင် ရေးဆွဲထားသော အခြေခံဥပဒေ ဖျက်သိမ်းရေးတို့ကို ကျောင်းသားလူငယ်များ ဦးဆောင် တောင်းဆိုလျက်ရှိသည်။ အထက်ပါ တောင်းဆိုချက်များအတွက် […]