BREAKING
September 16, 2024

သုံးသပ်ချက်

ရုတ်တရက်ပြန်တက်လာသည့် ရွှေနှင့်ဘတ်စျေးကွက်

diz_admin

October 22, 2022

မြန်မာနိုင်ငံအား အမည်ပျက်စာရင်း သွင်းလိုက်ခြင်းကြောင့် ရွှေ နှင့်ထိုင်းဘတ်ငွေဈေးမှာ ဆက်တိုက်ကျနေရာမှ ရုတ်တရက် ပြန်မြင့်တက်သွားခဲ့သည်။ ကမ္ဘာ့ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ဘဏ္ဍာရေးဆိုင်ရာစောင့် ကြည့်ရေးအဖွဲ့(FATF) က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း အောက်တိုဘာလ ၂၁ ရက်ညက ကြေညာလိုက်ခြင်းဖြစ်သည်။ ထိုအကျိုးဆက်ကြောင့် စီးပွားရေး ကမောက်ကမဖြစ်ပြီး မြန်မာကျပ်ငွေတန်ဖိုး အဆမတန်ကျဆင်းလာမည်ကို ပြည်သူအများစုက စိုးရိမ်လာကြသည်။ ယင်းကြောင့် ရွှေဈေး၊ ဘတ်ဈေးနှင့် ဒေါ်လာဈေးတို့မှာ ရုတ်ချည်းမြင့်တက်သွားပြီး ဈေးကွက်တစ်ခုလုံးအပေါ် ကမောက်ကမဖြစ်လာစေခဲ့သည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ အကျဘက်ရောက်နေသည့် ရွှေဈေး ငါးသိန်းအထိထိုးတက် ယခုအပတ်အတွင်း တစ်ကျပ်သားလျှင် ၂၅ သိန်းကျော်အထိ တအိအိဈေးကျလာခဲ့သည့် အခေါက်ရွှေသည် အောက်တိုဘာလ ၂၂ […]

အလှုပ်အခတ်နည်းနေသည့် ရွှေ၊ ဘတ်နှင့် စက်သုံးဆီ ဈေးကွက်

diz_admin

October 16, 2022

ရွှေ၊ ဘတ်နှင့် စက်သုံးဆီဈေးမှာ အောက်ဆုံးဈေးတစ်ခုအထိ ပြုတ်ကျပြီးနောက် ယခုအပတ်တွင် ဈေးတန်းတစ်ခု၌ ငြိမ်နေခဲ့သည်။ အခေါက်ရွှေသည် တစ်ကျပ်သားလျှင် ၂၇ သိန်းဝန်းကျင်တွင်လည်းကောင်း၊ ထိုင်းဘတ်ဈေးသည် ကျပ် ၇၀ တန်းတွင်လည်းကောင်း၊ 92 ဓာတ်ဆီသည် ကျပ် ၂၀၀၀ စွန်းစွန်းတွင်လည်းကောင်း အလှုပ်အခတ်နည်းနေသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ နှစ်ဆယ့်ခြောက်သိန်း ဈေးတန်းတွင် ငြိမ်နေသည့် ရွှေဈေး ပြီးခဲ့သည့်အပတ်က တစ်ကျပ်သားလျှင် ၂၇ သိန်းကျော်ပေါက်ဈေးရှိရာမှ ဈေးကျလာသည့် အခေါက်ရွှေသည် ယခုအပတ်တွင် ဈေးငြိမ်နေသည်။ အောက်တိုဘာလ ၁၀ ရက်(တနင်္လာနေ့) တွင် ထားဝယ်ဈေးကွက်အတွင်း၌ တစ်ကျပ်သားလျှင် ၂၆ သိန်းဖြင့် ဈေးဖွင့်ခဲ့သည်။ ပြီးခဲ့သည့်အပတ် အောက်တိုဘာလ ၅ […]

အကျဘက်မှာ ရှိနေသည့် ဘတ်၊ ရွှေ၊ စက်သုံးဆီ စျေးကွက်လားရာ

diz_admin

October 1, 2022

ဘတ်၊ ရွှေ ဈေးနှုန်းသည် ယခုအပတ်တွင် သိသိသာသာ အကျကြမ်းခဲ့သည်။ ထိုင်းဘတ်နှင့် ရွှေဈေးနှုန်းသည် ထိပ်စီးဂဏန်းပြောင်းသည်အထိ ခုန်ဆင်းသွားခြင်းဖြစ်ပြီး စက်သုံးဆီဈေးမှာမူ အကျနှေးနေသည်။ ယင်းကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် ရွှေဈေးနှုန်း၊ ထိုင်းဘတ်ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်း၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်ကို စုစည်းဖော်ပြလိုက်သည်။ အကျကြမ်းသည့်ရွှေ ပြီးခဲ့သည့်အပတ်မှစကာ ဆက်တိုက်ဈေးကျလာခဲ့သည့် ရွှေဈေးသည် ယခုအပတ်တွင် တစ်ကျပ်သားလျှင် ကျပ်လေးသိန်းကျော်အထိ အကျကြမ်းခဲ့သည်။ အမေရိကန်ဒေါ်လာအကျတွင် မြန်မာ့ရွှေဈေးလည်း လိုက်ပါကျဆင်းလာပြီး စက်တင်ဘာလကုန်ရက်တွင် တစ်ကျပ်သားလျှင် ကျပ်နှစ်ဆယ့်ငါးသိန်းခွဲ ဝန်းကျင်သာ ပေါက်ဈေးရှိတော့သည်။ ယခုအပတ် တနင်္လာနေ့(စက်တင်ဘာလ ၂၆ ရက်)က တစ်ကျပ်သားလျှင် ငွေကျပ် နှစ်ဆယ့်ခုနှစ်သိန်းခွဲ ဈေးရှိရာမှ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျပ်နှစ်ဆယ့်သုံးသိန်း ဝန်းကျင်သာ ဈေးဖွင့်တော့သည်။ အမေရိကန်ဒေါ်လာ […]

အကျဘက်မှာ ဆက်ရှိနေသည့် ရွှေ၊ ဘတ်၊ ဓာတ်ဆီစျေးကွက်

diz_admin

September 24, 2022

တနင်္သာရီတိုင်းသားများ၏ နေ့စဉ်လူမှုဘဝအတွက် အရေးပါလှသည့် ဘတ်၊ရွှေဈေးနှုန်းမှာ ယခုအပတ်တွင် အကျကြမ်းခဲ့သည်။ ထိုင်းဘတ်နှင့် ရွှေမှာ ပြီးခဲ့သည့်အပတ်က ကျရိပ်ပြပြီးနောက် ယခုအပတ်တွင် သိသိသာသာ ဈေးကျသွားပြီး စက်သုံးဆီဈေးမှာမူ ဖြည်းဖြည်းချင်းသာ ကျနေသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ထိုင်းဘတ်ငွေလဲလှယ်နှုန်းနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ သိန်းဂဏန်းအထိ ဈေးကျသည့်ရွှေ ပြီးခဲ့သည့်အပတ်က တစ်ကျပ်သားလျှင် ကျပ်သိန်းသုံးဆယ်နီးပါးအထိ ဈေးဖွင့်ထားသည့် အခေါက်ရွှေသည် ယခုအပတ်တွင် တစ်ကျပ်သားလျှင် ငွေကျပ်သိန်းဂဏန်းအထိ ဈေးကျသွားသည်။ အမေရိကန်ဒေါ်လာ အတက်အကျနှင့် ချိတ်ဆက်နေသည့် ရွှေဈေးမှာ စက်တင်ဘာလ ၁၉ ရက် (ယခုအပတ်တနင်္လာနေ့)တွင် နှစ်ဆယ့်ရှစ်သိန်းကျော်သာ ဈေးပေါက်တော့သည်။ ယင်းနေ့တွင် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၃၃၀၀ ကျပ်ဝန်းကျင်သာ ရှိခဲ့သည်။ […]

ဂျပန်-ရုရှား စစ်‌ရေးတင်းမာမှု သုံးသပ်ချက်

diz_admin

April 28, 2022

“တုန့်ပြန်မှုတွေ ချက်ခြင်းလုပ်ပစ်မယ်” လို့ ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အီဂေါမိုဂူလော့ဗ် က ပြောလိုက်တယ်။ရုရှား ပိုင်နက်နယ်မြေနားမှာ အမေရိကန်-ဂျပန် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တိုးမြှင့်ခြင်းနဲ့ ပတ်သက်ပြီး ရုရှားအစိုးရက  ဂျပန်အစိုးရကို သတိပေးလိုက်တာပါ။ ရုရှားနယ်မြေနားမှာ အမေရိကန်-ဂျပန် ရေကြောင်းစစ်ဆင်ရေး လေ့ကျင့်တာတွေ အရှိန်မြင့်လာတာကြောင့် တင်းမာမှုတွေ မြင့်တက်လာမယ်လို့ ဒုဝန်ကြီးက ပြည်တွင်းမီဒီယာတစ်ခုကို ပြောလိုက်တယ်။ ဂျပန်က ယူကရိန်းဘက်ကနေ ထောက်ခံတာ၊ NATO နိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးမြှင့်တာတို့ လုပ်နေတာမို့ ဂျပန်အပေါ် ဒေါသထွက်နေတဲ့ ရုရှားအစိုးရဟာ ဒုတိယကမ္ဘာစစ်အပြီး ဂျပန်ဆီကနေ သိမ်းထားတဲ့ ကျွန်းများ ပိုင်ဆိုင်မှုအရေး ကာလရှည် အငြင်းပွါးနေတဲ့ ပြဿနာကို ပြန်မွှေလာတယ်။  “ဂျပန်ဘက်က ဒီလိုမျိုးလုပ်တဲ့ လုပ်ရပ်ဟာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုတစ်ရပ်လို့ မြင်ပါတယ်” ဆိုပြီး ရုရှားဒုဝန်ကြီးက ပြောခဲ့တယ်။ […]

အသွင် မပြောင်းသွားသည့် တောင်ပိုင်းသားတို့၏ သံပြိုင်တေး

diz_admin

December 6, 2020

တနင်္သာရီတိုင်း၏ ရွေးကောက်ပွဲအား ဆန်းစစ်ကြည့်ခြင်း ၂၀၂၀ ရွေးကောက်ပွဲရလဒ် ဂဏန်း ငြိမ်ပါပြီ..။ ၂၀၂၀ ရွေးကောက်ပွဲတွင် ၂၀၁၅ နည်းတူ တနင်္သာရီတိုင်းတွင်းရှိ မဲဆန္ဒနယ် ၄၃ နေရာစလုံးကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ မဲအပြတ် အသတ်ဖြင့် အနိုင်ရသွား၏။ တိုင်းရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲ မှလည်း ပြည့်ပြည့်စုံစုံ ကြေညာခဲ့ပြီးပါပြီ။ ထိုကြေညာချက်များသည် တိုင်းတွင်းပြိုင်ပွဲဝင် ကိုယ်စားလှယ်လောင်းတို့ နှင့် ပါတီအသီးသီးအတွက် မှတ်ကျောက် ဖြစ်သကဲ့သို့ တိုင်းသူတိုင်းသားတို့၏ ပြည်သူ့ဆန္ဒပြန်တမ်းတစ်ရပ်ဟု ဆိုနိုင်ပါသည်။ ၂၀၂၀ ရွေးကောက်ပွဲသည် ၂၀၁၅ ရွေးကောက်ပွဲထက် ရင်ခုန်လှုပ်ခတ် ဖွယ် ကောင်းခဲ့သည်။ ရွေးကောက်ပွဲ အကြိုကာလတွင် ပါတီများ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့သလို လူထုကလည်း မိမိ အားပေးသည့်ပါတီကို ထောက်ခံမှု ပြသကြရာတွင် ၂၀၁၅ ထက် […]