BREAKING
September 16, 2024

သုံးသပ်ချက်

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

diz_admin

December 18, 2022

ရက်သတ္တပတ်ပေါင်းများစွာ ငြိမ်နေသည့် ရွှေနှင့် ဘတ်ဈေးသည် ယခုအပတ်တွင် အလှုပ်အခတ် အနည်းငယ်ရှိလာသည်။ သို့သော် ကြီးကြီးမားမာမား ဈေးအပြောင်းအလဲမဖြစ်ဘဲ ငြိမ်နေရာမှ လှုပ်လာခြင်းဖြစ်သည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ တက်ရိပ်ပြ ရွှေဈေး လချီငြိမ်နေသည့် ရွှေဈေးသည် ယခုအပတ်တွင် ကျပ်သောင်းဂဏန်း အလှုပ်အခတ်ဖြစ်လာသည်။ အခေါက်ရွှေတစ်ကျပ်သားလျှင် ၂၆ သိန်းခွဲဝန်းကျင်ဖြင့် ဈေးငြိမ်နေရာမှ  ကျပ်တစ်သောင်းကျော် တက်လာသည်။ ဒီဇင်ဘာလ ၁၂ ရက် (တနင်္လာနေ့) က ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင်  နှစ်ဆယ့်ခြောက်သိန်းခွဲဖြင့် ရောင်းချနေရာမှ သောကြာနေ့တွင် ကျပ်နှစ်သောင်းတက်သွားသည်။ ယခုအပတ်တွင် ကမ္ဘာ့ရွှေဈေးတက်ခဲ့သော်လည်း ပြည်တွင်းရွှေဈေးမှာ ဝယ်လိုအားနည်းနေသည့်အတွက် ဈေးအတက်အကျမကြမ်းခဲ့ကြောင်း ရွှေဆိုင်ပိုင်ရှင်တစ်ဦးက သုံးသပ်သည်။ […]

ရွှေ၊ ထိုင်းဘတ်နှင် စက်သုံးဆီ တစ်ပတ်အတွင်း သုံးသပ်ချက်

diz_admin

December 3, 2022

ယခုအပတ်တွင် ရွှေ နှင့် ဘတ်ဈေးမှာ အလှုပ်အခတ်မရှိဘဲ တစ်ပတ်လုံးနီးပါး ငြိမ်သက်နေသည်။ ထိုသို့ ဈေးငြိမ်နေသည်မှာ နှစ်ပတ်ခန့်ရှိပြီဖြစ်ပြီး ဈေးအပြောင်းအလဲ အနည်းငယ်သာရှိသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ငြိမ်လွန်းသည့်ရွှေဈေး အခေါက်ရွှေမှာ တစ်ကျပ်သားလျှင် ၂၆ သိန်းခွဲဝန်းကျင်ဖြင့် တန့်နေသည်မှာ နှစ်ပတ်ဆက်တိုက်ရှိနေပြီဖြစ်သည်။ နိုဝင်ဘာလ ၂၈ ရက် (တနင်္လာနေ့) က ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင်  နှစ်ဆယ့်ခြောက်သိန်းခွဲဖြင့် ဈေးဖွင့်ခဲ့သည်။ နောက်ရက်များတွင်လည်း ဈေးအပြောင်းအလဲ မရှိဘဲ အဆိုပါဈေးတန်းဖြင့်ပင်ရောင်းချနေသည်။ ပြီးခဲ့သည့်အပတ်က ထားဝယ်ဈေးကွက်တွင် အရောင်းအဝယ်အေးနေသည့် ရွှေမှာ ယခုအပတ်တွင် အဝယ်လိုက်လာကြောင်း ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။ လက်ရှိအချိန်တွင် ရော်ဘာနှင့် ကွမ်းသီးကဲ့သို့ […]

ရွှေနှင့် ထိုင်းဘတ် တစ်ပတ်အတွင်း သုံးသပ်ချက်

diz_admin

November 26, 2022

ယခုအပတ်တွင် ရွှေ နှင့် ဘတ်ဈေးမှာ ဈေးတန်းတစ်ခုတွင် တန့်နေပြီး ဈေးအတက်အကျ မရှိသလောက်နည်းခဲ့သည်။ အခေါက်ရွှေနှင့် ထိုင်းဘတ်ဈေးမှာ ပြီးခဲ့သည့်နှစ်ပတ်ကတည်းက အတက်အကျ နည်းနေခဲ့ခြင်းဖြစ်သည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ဈေးတန့်နေသည့်ရွှေ အရောင်းအဝယ်မဖြစ် တစ်ကျပ်သားလျှက် ၂၆ သိန်းခွဲဝန်းကျင်ဖြင့် တန့်နေသည့် အခေါက်ရွှေမှာ အရောင်းအဝယ် မရှိသလောက်ပါးနေသည်။ နိုဝင်ဘာလ ၂၁ ရက် (တနင်္လာနေ့) က ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင်  နှစ်ဆယ့်ခြောက်သိန်းခြောက်သောင်းဖြင့် ဈေးဖွင့်ခဲ့သည်။ နောက်ရက်များတွင်လည်း ဈေးအပြောင်းအလဲ မရှိဘဲ အဆိုပါဈေးတန်းဖြင့်ပင် ရောင်းချနေသည်။ အလှုပ်အခတ်မရှိဘဲ ဈေးအီနေသည့်အတွက် ရောင်းလိုသူများက အခြေအနေ စောင့်ကြည့်နေသလို ဝယ်မည့်သူများကလည်း ဈေးထပ်ကျမည့်အရေး […]

အီနေသည့်ရွှေ၊ တက်ရိပ်ပြနေသည့် ထိုင်းဘတ်နှင့် တစ်ပတ်အတွင်း သုံးသပ်ချက်

diz_admin

November 12, 2022

ယခုအပတ်တွင် ရွှေ ဈေးမှာ အီနေပြီး ထိုင်းဘတ်ငွေဈေးမှာ တက်ရိပ်ပြနေသည်။ ပြီးခဲ့သည့်အပတ်ကတည်းက အတက်အကျနည်းခဲ့သည့် ရွှေဈေးမှာ  ယခုအပတ်တွင်လည်း ဈေးအီနေပြီး အရောင်းအဝယ်ပါးနေသည်။ ထိုင်းဘတ်ဈေးမှာမူ တက်ရိပ်ပြနေသော်လည်း ကြီးမားသည့် ဈေးအပြောင်းအလဲမရှိခဲ့ချေ။ ဈေးအီနေသည့်ရွှေ အရောင်းအဝယ်ပါး တစ်ကျပ်သားလျှက် ၂၇ သိန်းဝန်းကျင်ဖြင့် ဈေးအီနေသည့် အခေါက်ရွှေမှာ အရောင်းအဝယ်ပါးနေခဲ့သည်။ နိုဝင်ဘာလ ၈ ရက် (အင်္ဂါနေ့) က ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင်  နှစ်ဆယ့်ခြောက်သိန်းခွဲ ဖြင့် ဈေးဖွင့်ခဲ့သည်။ နောက်ရက်များတွင်လည်း ဈေးအပြောင်းအလဲ နည်းခဲ့ပြီး အဆိုပါဈေးတန်းဖြင့်ပင်ရောင်းချနေသည်။ အလှုပ်အခတ်နည်းပြီး ဈေးအီနေသည့်အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်ပါးနေကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။ “ရွှေဈေးငြိမ်လွန်းတော့ ဒီလအရောင်းအဝယ်ကတော့ အရမ်းကိုကျသွားတယ်ရှင်”ဟု ၎င်းက ပြောသည်။ နိုဝင်ဘာလ ၁၁ ရက်(သောကြာနေ့) ပေါက်ဈေးအရ တစ်ကျပ်သားလျှင် […]

အလှုပ်အခတ်နည်းသည့် ရွှေနှင့်ဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

diz_admin

November 5, 2022

ယခုအပတ်တွင် ရွှေ နှင့်ထိုင်းဘတ်ငွေဈေးမှာ ဈေးတန်းတစ်ခုတွင် အလှုပ်အခတ်နည်းနေသည်။ ပြီးခဲ့သည့်အပတ်ကတည်းက ဈေးအတက်အကျနည်းနေသည့် ရွှေဈေးမှာ  ယခုအပတ်တွင်လည်း ဈေးငြိမ်နေသည်။ ထိုင်းဘတ်ဈေးမှာလည်း ရွှေဈေးနှင့်အတူ ငြိမ်နေပြီး ဈေးတန်းတစ်ခုတွင် တန့်နေခဲ့သည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ နှစ်ဆယ့်ခြောက်သိန်းစွန်းစွန်းတွင် အီနေသည့် ရွှေဈေး အခေါက်ရွှေဈေးမှာ ယခုတစ်ပတ်လုံးတွင် ဈေးအီနေပြီး တစ်ကျပ်သားလျှင် နှစ်ဆယ့်ခြောက်သိန်းစွန်းစွန်းသာ ရှိနေခဲ့သည်။ အောက်တိုဘာလ ၃၁ ရက် (တနင်္လာနေ့) က ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင်  နှစ်ဆယ့်ခြောက်သိန်း သုံးသောင်းဖြင့် ဈေးဖွင့်ခဲ့သည်။ နောက်ရက်များတွင်လည်း ဈေးအပြောင်းအလဲ မရှိသလောက်ဖြစ်နေခဲ့ပြီး အဆိုပါဈေးတန်းဖြင့်ပင် ဈေးဖွင့်နေခဲ့သည်။ ထိုကဲ့သို့ ဈေးအီနေသည့်အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်ပါးနေကြောင်း […]

ငြိမ်နေသည့် ရွှေနှင့်ထိုင်းဘတ် တစ်ပတ်အတွင်း သုံးသပ်ချက်

diz_admin

October 29, 2022

ရွှေ နှင့်ထိုင်းဘတ်ငွေဈေးမှာ ယခုအပတ်၌ ဈေးတန်းတစ်ခုတွင် ငြိမ်နေပြီး အတက်အကျ နည်းနေသည်ကိုတွေ့ရသည်။ ပြီးခဲ့သည့်အပတ်က ကမ္ဘာ့ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ဘဏ္ဍာရေးဆိုင်ရာစောင့် ကြည့်ရေးအဖွဲ့(FATF) က မြန်မာနိုင်ငံကို အမည်ပျက်နိုင်ငံအဖြစ် ကြေညာခဲ့ပြီးနောက် စနေနေ့တွင် ရွှေနှင့် ဘတ်ဈေးနှုန်း ရုတ်တရက် မြင့်တက်သွားခဲ့သည်။ သို့ရာတွင် နောက်တစ်ရက်တွင်ပင် ဈေးပြန်ကျလာပြီးနောက် ဈေးတန်းတစ်ခုတွင် ငြိမ်နေခဲ့သည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ၂၆ သိန်းခွဲဝန်းကျင်တွင် ငြိမ်နေသည့် ရွှေဈေး ယခုအပတ်အတွင်း တစ်ကျပ်သားလျှင် နှစ်ဆယ့်ခြောက်သိန်းခွဲဝန်းကျင်တွင် ဈေးပေါက်နေပြီး အတက်အကျမှာ ကျပ်သောင်းဂဏန်းသာရှိနေသည်။ အောက်တိုဘာလ ၂၄ ရက် (တနင်္လာနေ့) က ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင်  နှစ်ဆယ့်ခုနှစ်သိန်း […]