ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်
diz_admin
February 4, 2023ယခုအပတ် ရွှေဈေးမှာ အတက်ဘက်တွင်ရောက်နေပြီး ထိုင်းဘတ်ဈေးလည်း အနည်းငယ်တက်နေခဲ့သည်။ အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ်သောင်းဂဏန်း တက်ခဲ့ပြီး ထိုင်းဘတ်ဈေးမှာ မဆိုစလောက်သာ ရှိသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ကျပ်နှစ်သောင်းတက်သည့် ရွှေဈေး အခေါက်ရွှေဈေးသည် ယခုအပတ်အတွင်း တက်ရိပ်ပြခဲ့ပြီး တစ်ကျပ်သားလျှင် ငွေကျပ်နှစ်သောင်း ဈေးတက်သွားခဲ့သည်။ ဇန်နဝါရီလ ၃၀ ရက်(တနင်္လာနေ့)က အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းသုံးသောင်းကျပ်ဖြင့် ဈေးဖွင့်ခဲ့သည်။ ယင်းနောက် တဖြည်းဖြည်းတက်လာပြီး သောကြာနေ့တွင် တစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းခွဲ ဖြစ်လာခဲ့သည်။ တရိပ်ရိပ်တက်သည့် ဘတ်ဈေး ထိုင်းဘတ်ငွေဈေးမှာ ယခုအပတ်တွင် တဖြည်းဖြည်းချင်း အတက်ဘက်ရောက်နေသည်။ တနင်္လာနေ့ပေါက်ဈေးအရ ထိုင်းငွေတစ်ဘတ်လျှင် ၈၆ ကျပ်ရှိခဲ့ပြီး နောက်ရက်များတွင် […]