BREAKING
September 19, 2024

သုံးသပ်ချက်

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

diz_admin

February 4, 2023

ယခုအပတ် ရွှေဈေးမှာ အတက်ဘက်တွင်ရောက်နေပြီး ထိုင်းဘတ်ဈေးလည်း အနည်းငယ်တက်နေခဲ့သည်။ အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ်သောင်းဂဏန်း တက်ခဲ့ပြီး ထိုင်းဘတ်ဈေးမှာ မဆိုစလောက်သာ ရှိသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ကျပ်နှစ်သောင်းတက်သည့် ရွှေဈေး အခေါက်ရွှေဈေးသည် ယခုအပတ်အတွင်း တက်ရိပ်ပြခဲ့ပြီး တစ်ကျပ်သားလျှင် ငွေကျပ်နှစ်သောင်း ဈေးတက်သွားခဲ့သည်။ ဇန်နဝါရီလ ၃၀ ရက်(တနင်္လာနေ့)က အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းသုံးသောင်းကျပ်ဖြင့် ဈေးဖွင့်ခဲ့သည်။ ယင်းနောက် တဖြည်းဖြည်းတက်လာပြီး  သောကြာနေ့တွင် တစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းခွဲ ဖြစ်လာခဲ့သည်။ တရိပ်ရိပ်တက်သည့် ဘတ်ဈေး ထိုင်းဘတ်ငွေဈေးမှာ ယခုအပတ်တွင် တဖြည်းဖြည်းချင်း အတက်ဘက်ရောက်နေသည်။ တနင်္လာနေ့ပေါက်ဈေးအရ  ထိုင်းငွေတစ်ဘတ်လျှင် ၈၆ ကျပ်ရှိခဲ့ပြီး နောက်ရက်များတွင် […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

diz_admin

January 28, 2023

ယခုအပတ်တွင် ရွှေဈေးနှင့် ထိုင်းဘတ်ဈေးမှာ အတက်ဈေးတွင် အလှုပ်အခတ်နည်းနည်းဖြင့် ငြိမ်နေသည်။ အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ်သောင်းဂဏန်းသာ အတက်အကျရှိပြီး ထိုင်းဘတ်ဈေးမှာ မဆိုစလောက် တက်သွားသည်။ အတက်အကျနည်းသည့် ရွှေဈေး ပြီးခဲ့သည့်အပတ်က အတက်အကျကြမ်းခဲ့သည့် အခေါက်ရွှေဈေးသည် ယခုအပတ်တွင် အလှုပ်အခတ်နည်းနေသည်။ ဇန်နဝါရီလ ၂၃ ရက်(တနင်္လာနေ့)က အခေါက်ရွှေတစ်ကျပ်သားလျှင် ၂၈ သိန်းဖြင့် ဈေးဖွင့်ခဲ့ပြီး သုံးရက်ဆက်တိုက် အပြောင်းအလဲမရှိ ငြိမ်နေခဲ့သည်။ ယင်းနောက် သောကြာနေ့တွင် တစ်ကျပ်သားလျှင် သုံးသောင်းကျပ် တက်လာခဲ့သည်။ ပြီးခဲ့တဲ့အပတ်က ‌ပြည်တွင်းရွှေဈေးထိန်းညှိရန်ဟုဆိုကာ စစ်ကောင်စီက ရွှေလုပ်ငန်းရှင်များကို ခေါ်ယူပြောဆိုခြင်း၊ ဖမ်းဆီးစစ်ဆေးခြင်းများ လုပ်ဆောင်ပြီးနောက်ပိုင်း ဈေးငြိမ်လာခြင်းဖြစ်သည်။ အတက်ဈေးတွင် ငြိမ်နေသည့်ဘတ်ဈေး ပြီးခဲ့သည့်အပတ်ကတည်းက အတက်ဈေးတွင် ငြိမ်နေသည့် ထိုင်းဘတ်ငွေဈေးမှာ ယခုအပတ်တွင်လည်း အလှုပ်နည်းနေသည်။ တနင်္လာနေ့ပေါက်ဈေးအရ ထိုင်းငွေတစ်ဘတ်လျှင် ၈၆ ကျပ်နီးပါးရှိခဲ့ပြီး […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

diz_admin

January 22, 2023

ရွှေဈေးမှာ အလှုပ်အခတ်အများဆုံး ကာလတစ်ခုဖြစ်ပြီး ထိုင်းဘတ်လည်း အတက်ဈေးတွင် ငြိမ်နေခဲ့သည်။ အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ်ကိုးသောင်းအထိ အတက်အကျဖြစ်ခဲ့သည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ အတက်အကျကြမ်းသည့် ရွှေဈေး ပြီးခဲ့သည့်အပတ်က ၂၈ သိန်းခွဲဝန်းကျင်အထိ ဈေးတက်ခဲ့သည့်အခေါက်ရွှေသည် ယခုအပတ်တွင် ကျပ်ကိုးသောင်းအထိ နေ့စဉ်နီးပါး အတက်အကျကြမ်းနေခဲ့သည်။ ဇန်နဝါရီလ ၁၆ ရက်(တနင်္လာနေ့)က အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းလေးသောင်း (၂၈၄၀၀၀၀ ကျပ်)ဖြင့် ဈေးဖွင့်ခဲ့သည်။ ထိုနောက် နေ့တိုင်းနီးပါး ဈေးအလှုပ်အခတ်ရှိနေခဲ့ပြီး ဗုဒ္ဓဟူးနေ့တွင် နှစ်ဆယ့်ခုနှစ်သိန်းငါးသောင်း(၂၇၅၀၀၀၀ ကျပ်) အထိ ဈေးကျသွားပြန်သည်။ ယင်းနောက် သောကြာနေ့တွင် တစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းဖြစ်သွားပြန်သည်။ ကမ္ဘာ့ရွှေဈေးတက်နေသည့်အတွက် ပြည်တွင်းရွှေဈေးလည်း အလိုက်သင့်ဈေးတက်လာခြင်းဖြစ်ကြောင်း […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

diz_admin

January 14, 2023

အပြောင်းအလဲနည်းနေသည့် ရွှေနှင့် ထိုင်းဘတ်ဈေးမှာ ယခုအပတ်တွင် ရုတ်တရက် ထိုးတက်လာသည်။ အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ်တစ်သိန်းနီးပါးအထိ တက်လာပြီး ထိုင်းဘတ်ဈေးလည်း တဖြည်းဖြည်းတက်နေသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ အတက်ကြမ်းသည့် ရွှေဈေး ပြီးခဲ့သည့်အပတ်က ၂၇ သိန်းစွန်းစွန်းသာရှိခဲ့သည့် အခေါက်ရွှေဈေးသည် ယခုအပတ်တွင် ကျပ်တစ်သိန်းနီးပါးအထိ ခုန်တက်သွားသည်။ ဇန်နဝါရီလ ၉ ရက်(တနင်္လာနေ့)က အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ခုနှစ်သိန်းခြောက်သောင်း (၂၇၆၀၀၀၀ကျပ်)ဖြင့် ဈေးဖွင့်ခဲ့သည်။ ထိုနောက် နေ့တိုင်းနီးပါး ဈေးတက်လာပြီး ဇန်နဝါရီလ ၁၂ ရက်နေ့တွက် နှစ်ဆယ့်ရှစ်သိန်းလေးသောင်း(၂၈၄၀၀၀၀ ကျပ်) အထိ ဈေးမြောက်သွားခဲ့သည်။ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် […]

တက်ရိပ်ပြလာသည့် ရွှေနှင့်ထိုင်းဘတ် တစ်ပတ်အတွင်း သုံးသပ်ချက်

diz_admin

January 8, 2023

လချီကြာငြိမ်နေသည့် ရွှေနှင့် ထိုင်းဘတ်ဈေးမှာ ယခုအပတ်တွင် တက်ရိပ်ပြလာသည်။ အခေါက်ရွှေဈေးမှာ ကျပ်သောင်းဂဏန်းအထိ တက်လာသကဲ့သို့ ထိုင်းဘတ်ဈေးမှာလည်း တဖြည်းဖြည်းတက်နေသည်။ ဆက်တိုက်မြင့်လာသည့် ရွှေဈေး တစ်ကျပ်သားလျှင် နှစ်ဆယ့်ခြောက်သိန်းခွဲကျော်ဖြင့် ကာလကြာရှည်ငြိမ်နေသည့် အခေါက်ရွှေဈေးမှာ ယခုအပတ်တွင် နေ့စဉ်ဈေးတက်လာသည်။ ယခင်က တစ်ကျပ်သားလျှင် နှစ်ဆယ့်ခြောက်သိန်းခြောက်သောင်းကျပ် ဝန်းကျင်ဖြင့် တောက်လျောက်ငြိမ်နေရာမှ ဇန်နဝါရီလ ၂ ရက် (တနင်္လာနေ့) တွင် ကျပ်နှစ်သောင်းတက်လာသည်။ ထိုနောက် နေ့တိုင်းဈေးတက်လာပြီး ဇန်နဝါရီလ ၆ ရက်(သောကြာနေ့)တွင် တစ်ကျပ်သားလျှင် နှစ်ဆယ့်ခုနှစ်သိန်းသုံးသောင်းကျပ်အထိ ပေါက်ဈေးရှိနေသည်။ ရွှေဈေးမှာ အတက်ဈေးတွင်ပင် ဆက်ရှိနေမည်ဖြစ်ကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။ “ဈေးကတော့ တဖြည်းဖြည်း ဆက်တက်လာမယ်ထင်တယ်”ဟု အထက်ပါ ရွှေဆိုင်ပိုင်ရှင်က ဆိုသည်။ လှုပ်လာသည့်ဘတ်ဈေး ပြီးခဲ့သည့်အပတ်များက အီလည်လည်ဖြစ်နေသည့် ထိုင်းဘတ်ဈေးမှာ ယခုအပတ်တွင် ပြန်လှုပ်လာသည်။ […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

diz_admin

December 24, 2022

ပြီးခဲ့သည့် အပတ်က အလှုပ်အခတ်ရှိခဲ့သည့် ရွှေနှင့်ထိုင်းဘတ်ဈေးသည် ယခုအပတ်တွင် ပြန်ငြိမ်နေသည်။ ယခုအပတ်တွင် ဈေးအတက်အကျ အနည်းငယ်သာရှိခဲ့ပြီး ဈေးအီနေသည့် အနေအထားဖြစ်သည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ အီနေသည့် ရွှေဈေး ယခုအပတ်တွင် အခေါက်ရွှေမှာ ဈေးအီနေပြီး အတက်အကျ အနည်းငယ်သာရှိခဲ့သည်။ ဒီဇင်ဘာလ ၁၉ ရက် (တနင်္လာနေ့) က ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင်  နှစ်ဆယ့်ခြောက်သိန်း ခြောက်သောင်းဖြင့် ဈေးဖွင့်ခဲ့သည်။ ထိုနောက် နောက်နှစ်ရက်အကြာတွင် တစ်ကျပ်သားလျှင် ကျပ်တစ်သောင်းတက်သွားခဲ့သည်။ ယင်းနောက် သောကြာနေ့တွင်မူ ဈေးပြန်ကျသွားပြီး တနင်္လာနေ့ဈေးအတိုင်းပင် ရောင်းချနေသည်။ လက်ရှိ ဈေးအီလွန်းနေသည့် အခေါက်ရွှေသည် နောက်အပတ်တွင်လည်း ယင်းနှုန်းထားအတိုင်းပင် ဆက်ရှိနေမည်ဟု […]