BREAKING
October 18, 2024

Breaking News

တနင်္သာရီတိုင်း ကိုဗစ်လူနာသစ် ၄၅ ဦးတွင် သံဃာ ၄၀ ပါဝင်

diz_admin

October 4, 2020

တနင်္သာရီတိုင်းတွင် ကိုဗစ်-၁၉  ဓာတ်ခွဲအတည်ပြုလူနာသစ် ၄၅ ဦးအနက် ၄၀ ဦးမှာ သံယာတော်များဖြစ်ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ ယင်းအပြင် ကျန်းမာရေးဝန်ထမ်းတစ်ဦးလည်း ပါဝင်သည်။ ၎င်းတို့မှာ ပုလောမြို့နယ်မှ ဖြစ်ပြီး သံဃာတော်များမှာ ရန်ကုန်မြို့မှ ကြွရောက်လာခဲ့ကြသူများဖြစ်ကြောင်း အထက်ပါဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဥက္ကာက ပြောသည်။ ယနေ့ အောက်တိုဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်သည့် စာရင်းအရ လူနာသစ်ဦးရေ ထပ်တိုးမှုမှာ အဆိုပါ ၄၁ ဦးအပြင် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် လူနာသစ် သုံးဦး၊ သရက်ချောင်းမြို့နယ်တွင် တစ်ဦး၊ စုစုပေါင်း ၄၅ ဦးဖြစ်သည်။ ဓာတ်ခွဲအတည်ပြုလူနာများ၏ အသေးစိတ်အချက်အလက်များကို မကြာမီထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး လက်ရှိတွင် စာရင်းပြုစုနေဆဲဖြစ်ကြောင်း ဒေါက်တာ ဥက္ကာက ပြောသည်။ လက်ရှိအချိန်အထိ တိုင်းအတွင်း ကိုဗစ်ကူးစက်ခံရသူ စုစုပေါင်း […]

တနင်္သာရီတိုင်းတွင် ကိုဗစ်လူနာ ၄၂ ဦးရှိ

diz_admin

October 4, 2020

တနင်္သာရီတိုင်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၄၂ ဦးရှိကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ လက်ရှိ ဆေးကုသမှုခံယူနေသူ ၂၅ ဦးရှိပြီး ထားဝယ်ဆေးရုံကြီးတွင် ၁၀ ဦး၊ မြိတ်ဆေးရုံကြီးတွင် ခြောက်ဦး၊ ပုလောမြို့နယ်ဆေးရုံတွင် ကိုးဦးရှိကြောင်း တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ ကျန် ၁၇ ဦးမှာ ပြန်လည်ကျန်းမာလာ၍ ဆေးရုံမှ ဆင်းခွင့်ရသွားပြီဖြစ်ပြီး လက်ရှိ ဆေးကုသမှုခံယူနေသည့် ကိုဗစ်လူနာများ၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်နေသည်ဟု ၎င်းက ဆိုသည်။ လက်ရှိဆေးကုသမှုခံယူနေသူများတွင် လေးလသားအရွယ် ကလေးငယ်တစ်ဦး ပါဝင်ပြီး စာသင်သားကိုရင်နှင့် ရဟန်းတော် ခုနစ်ပါးလည်းပါဝင်သည်။ Dawei Watch

‘အိမ်မှာပဲနေ’ မြို့နယ်များမှ လာသူများ ကွာရန်တင်းဝင်ရမည်

diz_admin

September 28, 2020

“တရားဝင်ကြေညာထားတဲ့ မြို့နယ်တွေအားလုံး ကွာရန်တင်း ဝင်ရမယ်”ဟု တိုင်းကိုဗစ်ကော်မတီအတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။

လျှပ်စစ်ဈေးတန်းတူရရှိရေး အပါအဝင် မိန့်ခွန်းပါအချက်များကို ဆင်ဆာဖြတ်မှု ရွေးကောက်ပွဲကော်မရှင်အား ထားဝယ်ပါတီ ဝေဖန်

diz_admin

September 22, 2020

ထားဝယ်၊ စက်တင်ဘာ ၂၂ – Dawei Watch လျှပ်စစ်ယူနစ်ဈေးနှုန်းတန်းတူရရှိရေးအပါအဝင် မိန့်ခွန်းပါအချက်များကို ဖြတ်တောက်ခြင်းနှင့်ပတ်သက်၍ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပမည်ဟုပြောဆိုထားသည့် ရွေးကောက်ပွဲကော်မရှင်အား ထားဝယ်တိုင်းရင်းသားများပါတီက ဝေဖန်ပြောဆိုလိုက်သည်။ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများအနေနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV) မှတစ်ဆင့် မဲဆွယ်မိန့်ခွန်းပြောကြားခွင့် ရရှိထားရာတွင် ထားဝယ်တိုင်းရင်းသားများပါတီ၏ ဗီဒီယိုပါ ပြောကြားချက်အချို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ဖြုတ်ပယ်ခြင်းသည် မဲဆန္ဒရှင်လူထုထံ အစီရင်ခံမည့် အကြောင်းအရာကို ကန့်သတ်လိုက်ခြင်းဖြစ်သည့်အတွက် လွတ်လပ်စွာပြောဆိုခွင့်ကို ပိတ်ပင်ခြင်းပင်ဖြစ်ကြောင်း ထားဝယ်တိုင်းရင်းသားများပါတီဥက္ကဋ္ဌ ဦးအေးမင်းက ဆိုသည်။ လျှပ်စစ်ဈေးနှုန်းကို မြန်မာနိုင်ငံ၏ အခြားသောနေရာများနှင့် တန်းတူရရှိရေးကိစ္စ၊ ထားဝယ်လူမျိုးများကို ဗမာအဖြစ် လွဲမှားစွာမှတ်ပုံတင်ခံထားရသည့်ကိစ္စ စသည်တို့အပါအဝင် အချက်ရှစ်ချက်(မိန့်ခွန်း၏ လေးပုံတစ်ပုံဝန်းကျင်)ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) က ခွင့်မပြုခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ခွင့်မပြုခဲ့ခြင်းမှာ […]

စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပါဆယ်သာရောင်းရန် ပြန်သတ်မှတ်

diz_admin

September 18, 2020

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုမြင့်တက်နေချိန်တွင် ကူးစက်မှုထိန်းချုပ်နိုင်ရန် ယင်းကဲ့သို့ ကန့်သတ်ရခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။