BREAKING
October 18, 2024

Breaking News

မဲပုံးထဲ ကြွက်ဝင်

diz_admin

October 30, 2020

မြိတ်၊ အောက်တိုဘာ ၃၀ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းက ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲရုံးတွင် အောက်တိုဘာလ၃၀ ရက်နေ့က မဲပုံးထဲသို့ ကြွက်ဝင်ရောက်နေကြောင်း ယင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းထံမှ သိရသည်။ အဆိုပါမဲပုံးမှာ မော်တုံးကျေးရွာအုပ်စု၊ အရှေ့မော်တုံးကျေးရွာ၏ ကော်မရှင်အဖွဲ့ခွဲရုံးမှ ဖြစ်ပြီး အလုံပိတ်ထားခဲ့သော်လည်း ကြိုတင်မဲပေးရန်အတွက် ဆောင်ရွက်စဉ် မဲပုံးရှိ ချိတ်ကြိုးနှင့်မဲထည့်ရသည့်အပေါက်အား ကြွက်ကိုက်ဖောက်ထားသည်ကို တွေ့ရှိရကြောင်း ၎င်းက ပြောပြသည်။ “အပြင်စာရွက်တွေတော့ ကိုက်ထားတယ်။ အထဲက မဲပြားကို မထိခိုက်လောက်ဘူးထင်တယ်”ဟု ဦးအောင်ကျော်ဟိန်းက ပြောသည်။ အသက် ၆၀ နှစ်နှင့်အထက်ရှိ မဲဆန္ဒရှင်များအား ကြိုတင်မဲပေးခြင်းကို အောက်တိုဘာလ ၂၉ ရက်နေ့မှစတင်ဆောင်ရွက်နေခြင်းဖြစ်သည်။ လက်ရှိတွင် မဲပေးထားသည့်စာရွက်များအား ဖွင့်ကြည့်ခြင်းမရှိသေးဘဲ ကိုယ်စားလှယ်တို့၏ရှေ့တွင်ပင် ကော်မရှင်အဖွဲ့ခွဲမှ မဲပုံးအား အစားပြန်လဲလှယ်ပေးထားကြောင်း ဦးအောင်ကျော်ဟိန်းက ပြောပြသည်။ ကြွက်ကိုက်ထားသည့် မဲလက်မှတ်များအား မည်ကဲ့သို့စီစဉ်ဆောင်ရွက်သွားမည်ကို […]

ထားဝယ်ဈေးကြီးနှင့် မင်္ဂလာဈေး မပိတ်တော့

diz_admin

October 21, 2020

စည်ပင်ကော်မတီ၏ တည်ပြချက်အပေါ် တိုင်းစည်ပင်က ဈေးဖွင့်သည့်ယခင်ပုံစံအတိုင်း စုံရက်/ မရက် သတ်မှတ်ပြီး ပုံမှန်အတိုင်းပင်ဖွင့်ရန် ဆုံးဖြတ်ခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ကျော်ဦးက ပြောသည်။

ထားဝယ်ဈေးကြီးနှင့် မင်္ဂလာဈေး တစ်ပတ်ပိတ်မည်

diz_admin

October 19, 2020

ထားဝယ်၊ အောက်တိုဘာ ၁၉ / Dawei Watch ထားဝယ်မြို့တွင် ကိုဗစ်ကူးစက်မှုမြင့်တက်နေသည့်အတွက် ထားဝယ်စည်ပင်သာယာဈေးကြီးနှင့် မင်္ဂလာဈေးကို  တစ်ပတ်ကြာ ပိတ်ထားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။ အောက်တိုဘာလ ၂၁ ရက်မှ ၂၇ ရက်နေ့အထိ တစ်ပတ်ကြာပိတ်ထားမည် ဖြစ်ပြီး ဈေးအတွင်းရှိ ဆိုင်ခန်းများအပါအဝင် ပျံကျဈေးသည်များလည်း ပိတ်ထားရမည်ဖြစ်သည်။ ကိုဗစ်ကူးစက်မှုမြင့်တက်နေသည့်အပေါ် ဈေးသူ/ ဈေးသားများက စိုးရိမ်နေသဖြင့် ဈေးအကျိုးဆောင်အဖွဲ့များက မြို့နယ်စည်ပင်သာယာရေးကော်မတီထံ တင်ပြလာမှုအပေါ်  စည်ပင်သာယာရေးကော်မတီက အောက်တိုဘာလ ၁၉ ရက်နေ့က ဆွေးနွေးပြီး ယင်းသို့ ဆုံးဖြတ်ခဲ့ကြောင်း စည်ပင်ကော်မတီဝင် ဦးကျော်ကျော်ဦးက ဆိုသည်။ “တကယ်လိုအပ်ရင် ဆက်ပိတ်မှာပေါ့။ တစ်ပတ်ချင်း တစ်ပတ်ချင်းပဲ သွားမှာ” ဟု ဦးကျော်ကျော်ဦးက ပြောသည်။ ထားဝယ်ကမ်းနားဈေးကိုမူ လက်ရှိတွင် ယာယီပိတ်ရန် အစီအစဉ်မရှိသေးသော်လည်း ဆိုင်ခန်းအချို့ကို […]

ထားဝယ်ဆေးရုံကြီး ဆရာဝန်တစ်ဦး ကိုဗစ်ကူးစက်ခံရ

diz_admin

October 17, 2020

ထားဝယ်၊ အာက်တိုဘာ ၁၇/ Dawei Watch ထားဝယ်ဆေးရုံကြီး သားဖွားမီးယပ်ဆောင်တွင် တာဝန်ကျနေသည့် ဆရာဝန်တစ်ဦး ကိုဗစ်ရောဂါကူးစက်ခံရကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ ဆေးရုံတွင်လာပြသည့် ကိုယ်ဝန်ဆောင်တစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိသဖြင့် သက်ဆိုင်ရာ ဆေးကုသဆောင်မှ ကျန်းမာရေးဝန်ထမ်းများအား စစ်ဆေးရာ အဆိုပါဆရာဝန်တွင် အောက်တိုဘာလ ၁၇ ရက်နေ့က ကိုဗစ်ပိုးတွေ့ခဲ့ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဥက္ကာက ဆိုသည်။ လက်ရှိတွင် ပိုးတွေ့သည့်ဆရာဝန်မှာ ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း ၎င်းက ပြောသည်။ “သူနဲ့ ထိတွေ့ဆက်စပ်သူတွေကိုတော့ အခု ထပ်စစ်ရမှာပေါ့” ဟု ဒေါက်တာဥက္ကာက ဆိုသည်။ အဆိုပါဆရာဝန် တာဝန်ထမ်းဆောင်နေသည့် (OG Ward) သားဖွားမီးယပ်ကုသဆောင်မှ ကျန်းမာရေးဝန်ထမ်းများကို ကိုဗစ်ရှိ/ မရှိ ထပ်မံစစ်ဆေးမည်ဖြစ်သည်။ တနင်္သာရီတိုင်းအတွင်း ကျန်းမာရေးဝန်ထမ်းများကို ကိုဗစ်ကူးစက်ခံရခြင်းမှာ […]

အိမ်ရှေ့ပြင်ရပ်ကွက် လော့ဒေါင်းချမည်

diz_admin

October 14, 2020

ထားဝယ်၊ အောက်တိုဘာ ၁၄/ Dawei Watch ကိုဗစ်ရောဂါပိုးတွေ့ရှိသူများပြားလာသည့်အတွက် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်အား အသွားအာလာပိတ်ဆို့မှု Lockdown(လော့ဒေါင်း) ချမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။ အိမ်ရှေ့ပြင်ရပ်ကွက်တွင် အောက်တိုဘာလ ၁၃ ရက်ညက အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့တွင် ကိုဗစ်ရောဂါပိုးတွေ့ခဲ့သည်။ အဆိုပါနှစ်ဦးမှတစ်ဆင့် ထိတွေ့ဆက်စပ်သူများကို ဓာတ်ခွဲစစ်ဆေးရာတွင် ၁၅ ဦးဝန်းကျင်တွင် ပိုးတွေ့ရှိရပြီး ထပ်မံတွေ့ရှိရန်အခြေအနေလည်း ရှိနေသောကြောင့် ယင်းကဲ့သို့ လော့ဒေါင်းချရန် စီစဉ်ခြင်း ဖြစ်သည်။ ၎င်းတို့နှစ်ဦးနှင့် ထိတွေ့ဆက်စပ်သူသည် လေးဆယ်ဦးဝန်းကျင်ရှိကြောင်း သိရသည်။ လက်ရှိတွင် အဆိုပါဆက်စပ်သူများကို ဓာတ်ခွဲစစ်ဆေးနေဆဲဖြစ်ပြီး ထက်ဝက်ခန့်သာ စစ်ဆေးပြီးချိန်တွင် ၁၅ ဦးကျော်မှာ ပိုးရှိနေခြင်း ဖြစ်သည်။ လက်ရှိတွင် အဆိုပါရပ်ကွက်အား လော့ဒေါင်းချရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်တာဝန်ရှိသူများနှင့် […]

တနင်္သာရီတိုင်းမှ ထွက်ခွာမည့် ကုန်ကားသမားများ ကိုဗစ်စစ်ဆေးမှုခံရမည်

diz_admin

October 6, 2020

ကိုဗစ်ရောဂါပိုးရှိ/ မရှိကို အချိန် နှစ်နာရီခန့်အတွင်း အဖြေထုတ်ပေးနိုင်မည်ဖြစ်ပြီး ပိုးမတွေ့ပါက ထောက်ခံချက်လက်မှတ် ထုတ်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။