BREAKING
January 22, 2025

Breaking News

ခရိုင်မြို့ ကောလင်းကို တော်လှန်ရေးအဖွဲ့များ သိမ်းယူ

Dawei Watch

November 6, 2023

စစ်ကိုင်းတိုင်း ခရိုင်အဆင့်မြို့ဖြစ်သည့် ကောလင်းမြို့ကို တိုက်ခိုက်ပြီး လေးရက်မြောက်နေ့ဖြစ်သည့် ယနေ့ နိုဝင်ဘာလ ၆ရက်နေ့ နံနက် ၉ နာရီဝန်းကျင်တွင် သိမ်းယူနိုင်ပြီဖြစ်ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။ ကောလင်းမြို့ကို ကချင်တပ် KIA၊ ရခိုင်တပ် AA နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက နိုဝင်ဘာလ ၃ရက် နံနက် ၄နာရီဝန်းကျင်မှစတင်ကာ တိုက်ခိုက်နေခြင်းဖြစ်သည်။ ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ကောလင်းမြို့ကို ယနေ့ သိမ်းယူနိုင်ခဲ့ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ နေ့လယ် ၁၂နာရီခန့်က ထုတ်ပြန် သည်။ စစ်ကောင်စီတပ်စွဲထားသည့် ကောလင်းရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ အထက်တန်းကျောင်း၊ မြေစာရင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်တို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီအုပ်ချုပ်ရေး ယန္တရားရပ်တန့်သွားခဲ့ကာ မြို့ကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် […]

ပုလော လက္ကူးရွာကို စစ်ကောင်စီတပ် မီးရှို့

Dawei Watch

September 15, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ မွန်းလွဲပိုင်းတွင် မီးရှို့နေကြောင်း ဒေသခံများထံမှသိရသည်။ ယနေ့ စက်တင်ဘာလ ၁၅ ရက် မွန်းလွဲပိုင်းမှစတင်ပြီး လက္ကူးကျေးရွာအား မီးရှို့နေကြောင်း ဒေသခံများကပြောသည်။ “လက္ကူးကိုတော့ မီးရှို့နေတာ ၁ နာရီလောက်ရှိပြီ။ အိမ်တွေဘယ်လောက်လောင်တယ်ဆိုတာမသိရသေးဘူး။ တစ်ရွာလုံးထွက်ပြေးနေရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ယနေ့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ပြောဆိုသည်။ စက်တင်ဘာလ ၁၄ ရက်နေ့က စစ်ကောင်စီတပ် မှော်ကြောင်းကျေးရွာသို့ ဝင်ရောက်လာပြီး ယနေ့နံနက်တွင် လက္ကူးကျေးရွာဖက်က နှစ်ဖက်ပစ်ခတ်သံများ ကြားရရပြီးနောက် မီးခိုးလုံးများ ထွက်လာကြောင်း ဒေသခံများကပြောသည်။ “လက္ကူးရွာလယ်က စရှို့နေတယ်။ တိုက်ပွဲလည်းဖြစ်နေတယ်။ ပင်လယ်ထဲက လက်နက်ကြီးနဲ့လည်း ပစ်နေတယ်” ဟု ဒေသခံအမျိုးသား နောက်တစ်ဦးက ပြောသည်။ ကျေးရွာ […]

ဟွန်ဆန်သား ဟွန်မနက်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ် ဘုရင်ကအတည်ပြု

Dawei Watch

August 7, 2023

နှစ် ၄၀ နီးပါအာဏာချုပ်ကိုင်လာခဲ့သော ဟွန်ဆန်က သူ၏သားဖြစ်သူ ဟွန်မနက်ကို အာဏာလွှဲပေးရန် ဝန်ကြီးချုပ်အဖြစ် တင်သွင်းထားသည့်အပေါ် ကမ္ဘောဒီယားဘုရင်က အတည်ပြုလက်ခံပေးလိုက်ကြောင်း ယနေ့ (ဩဂုတ် ၇) တွင် ထုတ်ပြန်ကြေညာခဲ့သည်။ သားဖြစ်သူ ဟွန်မနက်ကို အာဏာလွှဲပေးလိုက်မှုသည် ကမ္ဘောဒီးယားနိုင်ငံကို ဟွန်ဆန်က ၃၈ နှစ်ကြာ ပဒေသရာဇ်ဆန်ဆန် အုပ်ချုပ်ခဲ့မှု အဆုံးသတ်ပြီဖြစ်သည်။ သို့သော် ဆွေစဉ်မျိုးဆက် အာဏာဆက်ကိုင်ထားရန် ရည်ရွယ်လုပ်ဆောင်ခဲ့မှုများအပေါ် အတိုက်အခံများက ထောက်ပြနေကြသည်။ ဝန်ကြီးချုပ်ဖြစ်လာမည့် အသက် ၄၅ နှစ်အရွယ် ဟွန်မနက်သည် ဟွန်ဆန်၏ သားအကြီးဆုံးဖြစ်ပြီး အနောက်နိုင်ငံများဖြစ်သော အမေရိကန်နှင့် ဗြိတိန်နိုင်ငံများတွင် စစ်ပညာ၊ စီးပွားရေးပညာများနှင့်ဆိုင်သော အဆင့်မြင့်ပညာများ သင်ကြားခဲ့သူတစ်ဦးဖြစ်သည်။ သူသည် အမေရိကန် West Point စစ်တက္ကသိုလ်မှ ဘွဲ့ရရှိထားသူဖြစ်ပြီး ကမ္ဘောဒီယားနိုင်ငံ၏ ဒုတိယစစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ဟွန်မနက်၏ နိုင်ငံရေးအမြင်နှင့် ပတ်သက်၍ […]

ညွန့်ပေါင်းအဖွဲ့ကို ဖျက်သိမ်းလိုက်ပြီဟု Pheu Thai ပါတီကြေညာ

Dawei Watch

August 2, 2023

ထိုင်းနိုင်ငံရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီက တော်ဝင်ဥပဒေကို ပြင်ဆင်ရေး လက်မလျော့နိုင်ဟု ပြောကြားခဲ့ပြီးနောက် ညွန်းပေါင်းအဖွဲ့ကို ဖျက်သိမ်းကြောင်း Pheu Thai ပါတီက ယနေ့ (ဩဂုတ် ၂) နေ့လယ်ပိုင်းတွင် ကြေညာခဲ့သည်။ Pheu Thai ပါတီအနေဖြင့် ညွန့်ပေါင်းအဖွဲ့ကို ဖျက်သိမ်းပြီး Move Forward ပါတီမပါဘဲ အစိုးရအသစ်ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ Pheu Thai ပါတီအနေဖြင့် လာမည့် ဩဂုတ်လ ၄ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသော ဝန်ကြီးချုပ်ရွေးချယ်ပွဲတွင် Srettha Thavisin ကို အမည်စာရင်းတင်သွင်းသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ Move Forward ပါတီကို ၎င်း၏ ရွေးကောက်ပွဲကတိဖြစ်သော တော်ဝင်ဥပဒေပြင်ဆင်ရေးကို လက်လျော့ဖို့ ကနဦးတောင်းဆိုခဲ့ပြီး လက်မလျော့နိုင်ပါက Move Forward ပါတီမပါဘဲ အစိုးရအသစ်ကို ဖွဲ့စည်းသွားမည်ဟု Pheu Thai ပါတီဘက်က ကြိုတင်ပြောဆိုထားသည်။ ယင်းနောက် Move Forward ပါတီဘက်ကလည်း တော်ဝင်ဥပဒေပြင်ဆင်ရေး လက်မလျှော့နိုင်ကြောင်း ထပ်မံပြောကြားခဲ့သဖြင့် Pheu Thai ပါတီက ညွန့်ပေါင်းအဖွဲ့ကို ဖျက်သိမ်းခဲ့ပြီး […]

ထားဝယ်တွင် လဝကရုံးအနီး ဗုံးပေါက်ကွဲ

Dawei Watch

July 8, 2023

ထားဝယ်မြို့တွင် လဝက(လူဝင်မှုကြီးကြပ်ရေး)ရုံးနှင့် ကညန(ကုန်းလမ်းညွှန်ကြားမှု ဦးစီးဌာန) ရုံးလမ်းထောင့်တွင် ယနေ့ ဇူလိုင်လ ၈ ရက် နေ့လယ် ၁၁ နာရီ ၄၅ မိနစ်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း ‌မြို့ခံအချို့က ပြောသည်။ ကညနရုံးမှာ မြို့သစ်(၄) လမ်းဘေးတွင်တည်ရှိပြီး လဝကရုံးမှာ ကညနရုံးဘေး လမ်းသွယ်ထဲတွင် တည်ရှိသည်။ ဗုံးပေါက်ကွဲမှုကြောင့် ‌ဝဲကျွန်းရပ်ကွက်က အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့ကြောင်း မြို့ခံလူငယ်တစ်ဦးက ပြောသည်။ “လူနာကိုတော့ အရေးပေါ်ကားနဲ့လာတင်သွားတယ်။ ဒဏ်ရာအခြေအနေတော့ မသိဘူး” ဟု ၎င်းက ပြောသည်။ အဆိုပါဗုံးပေါက်ကွဲမှု ဖြစ်သည့်နေရာအနီးတွင် အရပ်ဝတ်နှင့် စစ်ကောင်စီတပ်သားများ စစ်ဆေးမှုပြုလုပ်နေသလို မြို့သစ်လမ်းပိုင်းဘက်တွင်လည်း စစ်ကောင်စီတပ်များ စစ်ဆေးရှာဖွေနေသည်ဟု မြို့ခံအချို့က ပြောသည်။ ယင်းပေါက်ကွဲမှုနှင့် ပတ်သက်သည့် အသေးစိတ်အခြေအနေကိုမူ မသိရှိရသေးပေ။

တကူကျေးရွာတွင် စစ်ကောင်စီတပ်နှင့် PDF တို့ ပစ်ခတ်မှုဖြစ်

diz_admin

December 25, 2021

တနင်္သာရီမြို့နယ်၊ တကူကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တနင်္သာရီ PDF တို့ ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဒီဇင်ဘာ ၂၅) နေ့လယ် ၁၂ နာရီခန့်က တကူကျေးရွာ၊ အနောက်ကမ်း မျှော့အင်းခေါ်ထိကပုံးကွမ်းတော အရပ်တွင် ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်နှင့် အတူလိုက်ပါလာသူ အရပ်သားတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ တကူကျေးရွာနေ ဦးဗေဒါဆိုသူမှာ စစ်ကောင်စီတပ်သားများအား ဆိုင်ကယ်သုံးစီးဖြင့် ခေါ်လာပြီး သူနှင့် မြေယာကိစ္စ စကားများဖူးသည့် ဦးလူပုအား လာရောက်ဖမ်းဆီးစဉ် တွေ့ရှိရခြင်းမရှိဘဲ အပြန်တွင် PDF များက လိုက်လံပစ်ခတ်ကြောင်း ရွာသားများက ပြောသည်။ “PDF တွေကို ဦးလူပုက သေနတ်လုပ်ပေးနေတယ်ဆိုပြီး သွားတိုင်တော့ ဟိုကလာဖမ်းတာ အဲဒီမှာ PDF တွေက လာပစ်ကြတာပေါ့” ဟု တကူကျေးရွာနေသူတစ်ဦးက […]

စမ်းလှမ်းရွာလမ်းတွင် ပစ်သတ်ခံရသူမှာ စိတ်ဝေဒနာရှင်ဖြစ်

diz_admin

December 25, 2021

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် လောင်းလုံး-စမ်းလှမ်းသွား လမ်းပိုင်းတနေရာတွင် ညင်းမော်ရွာသားတစ်ဦး ပစ်သတ်ခံရပြီး ယင်းမှာ စိတ်ဝေဒနာရှင်တစ်ဦး ဖြစ်နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ပစ်သတ်ခံရသူမှာ ‌အသက် ၂၈ နှစ်အရွယ် ကိုကန်းကြေ (ခေါ်) ကိုသီဟ ဆိုသူဖြစ်ပြီး စိတ်ဝေဒနာ ခံစားနေ ရသဖြင့် လျှောက်သွားနေတတ်သူဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ၎င်းသည် ဒီဇင်ဘာလ ၂၄ ရက်က စမ်းလှမ်းတောင်ခြေရင်း တစ်နေရာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တွေ့စဉ် စစ်ဆေးမခံဘဲ ထွက်ပြေးသဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုနေကြသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ ကနဦးတွင် သေဆုံးသူမှာ မည်သူ၊ မည်ဝါဖြစ်ကြောင်း မသိရဘဲ ဒီဇင်ဘာလ ၂၅ ရက် နံနက်ပိုင်းတွင် အွန်လိုင်းပေါ်သို့ ရုပ်အလောင်းပုံ […]

ဥတ္တူရွာတွင် ရုတ်တရက်ရေးကြီး၊ နေအိမ်ထဲ ရေဝင်

diz_admin

September 20, 2021

သရက်ချောင်းမြို့နယ် ဥတ္တူရွာတွင် ယနေ့ည ၈ နာရီဝန်းကျင်မှစပြီး ထူးထူးခြားခြား ရုတ်တရက်ရေကြီးလာသဖြင့် နေ‌အိမ်တွေထဲ ရေဝင်နေကြောင်း သိရသည်။ ည ၁၁ နာရီအချိန်အထိ ရေတဖြည်းဖြည်းမြင့်တက်နေဆဲဖြစ်ပြီး လယ်နှင့်နီးသည့်နေအိမ်များ ညတွင်းချင်း ရေလွတ်ရာပြောင်းရွေ့နေရကြောင်း ယင်းရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။ “ရေက အရင်ကလည်းကြီးဖူးပါတယ်။ ဒါပေမယ့် အခုလို ရေကြီးတဲ့ပုံစံမျိုးတော့ တခါမှကို ကျွန်မတို့ရွာမှာ မကြုံဖူးဘူး” ဟု ၎င်းက ပြောသည်။ ရေစကြီးလာသည့်အချိန်က မိုးဖွဲဖွဲသာရွာနေရာမှာ ယခုအခါ မိုးပိုသည်းလာသဖြင့် ရေထပ်တက်နိုင်ခြေရှိကြောင်း ဆိုသည်။ ရေမြင့်ခန့်မှန်း လေးပေမှ ငါးပေအထိ မြင့်တက်နေသည့် နေရာများရှိနေပြီး အထူးသဖြင့် လယ်နှင့်နီးသည့် နေရာများတွင် ယင်းကဲ့သို့မြင့်တက်နေသည်ဟုဆိုသည်။ ဖြစ်နိုင်ပါက လယ်အနီးနားနေသူများကို ညတွင်းချင်း ရေလွတ်ရာနေရာသို့ပြောင်းရွှေ့ပေးရန် လိုအပ်နေကြောင်း ဆိုသည်။ မကြုံစဖူး ယင်းကဲ့သို့ ရုတ်တရက်ရေမြင့်တက်လာသဖြင့် […]