BREAKING
January 22, 2025

Breaking News

လောင်းလုံးမြို့ပေါ် တိုက်ပွဲဖြစ်

Dawei Watch

January 30, 2024

လောင်းလုံးမြို့ပေါ်တွင် ယနေ့ ဇန်နဝါရီ ၃၀ ရက် နံနက် ၆ နာရီဝန်းကျင်ခန့်ကစပြီး တိုင်ပွဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ လောင်းလုံးမြို့ပေါ်တွင်ရှိသော စစ်ကောင်စီတပ်တပ်စွဲထားသည့် ရဲစခန်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်နေကြခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်နေကြခြင်းဖြစ်ကာ လောင်းလုံးမြို့ပေါ် လမ်းမများတွင် ဖြတ်သန်းသွားလာသူကင်းမဲ့နေကြောင်း ဒေသခံတို့က ဆိုသည်။ နှစ်ဖက်ပစ်ခတ်မှုမှာ ယနေ့ နံက် နက် ၆ နာရီဝန်းကျင်ကနေ ၁၀ နာရီ ဝန်းကျင်အထိ ဖြစ်ပွားနေဆဲဖြစ်ကြောင်းဒေသခံတို့က ပြောသည်။ အသေးစိတ်အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

တနင်္သာရီတိုင်း၏ ပထမဆုံးစခန်းသိမ်းတိုက်ပွဲအဖြစ် ကျောက်ထုစခန်းကို သိမ်းပိုက်

Dawei Watch

January 25, 2024

တနင်္သာရီတိုင်းအတွင်း ပထမဆုံး စခန်းသိမ်းတိုက်ပွဲအဖြစ် ထားဝယ်အရှေတောဒေသရှိ စစ်ကောင်စီ၏ ကျောက်ထုစခန်းကို ဇန်နဝါရီလ ၂၄ ရက်နေ့တွင် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း Dawei Watch က စုံစမ်းသိရှိရသည်။ ကျောက်ထုစခန်းမှာ ဘန်းချောင်းဒေသတွင် တည်ရှိပြီး စခန်းသိမ်းတိုက်ပွဲနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို မေးမြန်းနိုင်ရန် တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူများထံ ဆက်သွယ်နေဆဲဖြစ်သည်။ လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေသည့် ဗီဒီယိုဖိုင်အရ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များက မီးရှို့ဖျက်ဆီးနေသည်ကို တွေ့ရသည်။ ထို့အပြင် အဆိုပါတပ်စခန်းမှ လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိထားသည့် ပုံများလည်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေသည်။

ထိုင်းတွင် မီးရှုးမီးပန်းစက်ရုံ ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၁၈ ဦး သေဆုံး

Dawei Watch

January 17, 2024

ထိုင်းနိုင်ငံ စူဖန်ဘူရီခရိုင်ရှိ မီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲမှုကြောင့် သေဆုံးသူ အနည်းဆုံး ၁၈ ဦးအထိ ရှိလာခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ပေါက်ကွဲမှုသည် ယနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီခွဲအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့သောအချိန်တွင် စက်ရုံအတွင်း အလုပ်သမား ၂၀ ကျော်အထိ အလုပ်လုပ်ကိုင်နေကြောင်း ဖော်ပြထားသည်။ ပေါက်ကွဲမှုကြောင့် သေဆုံးသူ အနည်းဆုံး ၁၈ ဦးအထိ ရှိလာသလို သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ပေါက်ကွဲမှုကြောင့် အလောင်းစများ ပြန့်ကျဲနေသဖြင့် အရေအတွက် တိတိကျကျ မသိနိုင်သေးဘဲ စက်ရုံ၏ အဆောက်အအုံတစ်ခုလုံး လုံးဝ ပျက်စီးသွားခဲ့ကြောင်း ဖော်ပြထားသည်။ သေဆုံးသူများ၏ အချက်အလက်များကို တိတိကျကျမသိရသေးသဖြင့် မြန်မာအလုပ်သမားများ ပါဝင်ခြင်းရှိမရှိကို မသိရှိရသေးပေ။ လက်ရှိအချိန်တွင် […]

ထားဝယ်တွင် ကွမ်းယာဆိုင်အတွင်း လက်ပစ်ဗုံးဖြင့်ပစ်သူ ၂ ဦးကိုဖမ်းဆီး

Dawei Watch

January 2, 2024

ထားဝယ်မြို့ပေါ်တွင် ယနေ့(ဇန်နဝါရီ ၂)နေ့လယ် ၂ နာရီဝန်းကျင်ခန့်က ကွမ်းရာဆိုင်အတွင်း လက်ပစ်ဗုံးဖြင့် လာရောက်ပစ်ခတ်သူ နှစ်ဦးကို ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း ကနဦးသတင်းများ အရသိရသည်။ ဗျောတောဝ ရပ်ကွက်၊ရွာလယ်ဇရပ် အနီးရှိ ကွမ်းယာရောင်းသည့် ဆိုင်အတွင်းသို့ အမျိုးသား နှစ်ဦးဆိုင်ကယ်ဖြင့် ရောက်လာပြီး လက်ပစ်ဗုံးဖြင့် ပစ်ခတ်ရာတွင် ဗုံးမပေါက်သွားဘဲ ပစ်ခတ်သူများကို အနီးအနားရှိသူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ဗုံးက နှစ်လုံးလို့ သိရတယ်” ဟု၎င်းကပြောသည်။ ဗုံးပစ်ခတ်မှုဖြစ်ပြီးနောက် ယနေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်လာပြီး အဆိုပါဗုံးကို ရှင်းလင်းကာ စစ်ဆေး‌မေးမြန်းမှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ အသေးစိတ်အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

လောင်းလုံး စစ်ပြဲနှင့် လေးသွန်းခံရွာ မီးရှို့ခံနေရ

Dawei Watch

December 28, 2023

လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာနှင့် လေးသွန်းခံကျေးရွာရှိ နေအိမ်အချို့ကို စစ်ကောင်စီတပ်က မီးရှို့နေကြောင်း ဒေသခံအချို့ကပြောသည်။ စစ်ကောင်စီတပ်က ယနေ့(ဒီဇင်ဘာ ၂၈) နံနက်ပိုင်းမှစပြီး စစ်ကြောင်းနှစ်ကြောင်းဖြင့် စစ်ပြဲရွာနှင့် လေးသွန်းခံရွာတို့သို့ ဝင်ရောက်လာခြင်းဖြစ်ပြီး ညနေ ၅ နာရီဝန်းကျင်တွင် ယင်းကျေးရွာများကို မီးရှို့ခဲ့ခြင်းဖြစ်သည်။ မီးရှို့ခံရသည့်နေအိမ်များမှာ စစ်ပြဲကျေးရွာအုပ်စု စစ်ပြဲအနောက်ပိုင်းတံတားအနီးရှိ နေအိမ်နှစ်ဆောင်နှင့် တစ်ဆက်တည်းရှိနေသည့် လေးသွန်းခံကျေးရွာ ဆင်းအိုင်ရွာထဲမှ နေအိမ်အချို့ ဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။ စစ်ကြောင်း ဝင်ရောက်လာမှုကြောင့် ‌အနီးအနားရှိ ကျေးရွာ ၇ ရွာမှ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

သရက်ချောင်း ရငဲရွာတွင် အိမ်မီးလောင်နေ

Dawei Watch

December 21, 2023

သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာတွင် ယခုည နေအိမ်တစ်ဆောင်မီးလောင်ကျွမ်းနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “မီးလောင်နေတာတော့ မှန်တယ်။ တစ်ဆောင်ပဲ လောင်တာပါ။ တဲအိမ်လေးပါ” ဟု ရငဲရွာခံ လူငယ်တစ်ဦးက ယခု ဒီဇင်ဘာလ ၂၁ရက် ည ၁၀ နာရီအချိန်က ပြောဆိုသည်။ မီးလောင်ကျွမ်းရသည့်အကြောင်းအရင်းကို သေချာမသိရသေးကြောင်း ၎င်းက ဆိုသည်။ လက်ရှိတွင် မီးလောင်မှုကို ဝိုင်းဝန်းကူညီ ငြှိမ်းသတ်နေကြရသဖြင့် အသေးစိတ် အခြေအနေအား မေးမြန်း၍ မရသေးပေ။

မိုင်းရှင်းနေသော စစ်ကောင်စီတပ်က နေအိမ်တစ်လုံးကိုမီးရှို့

Dawei Watch

December 20, 2023

လောင်းလုံးမြို့အဝင် သဗျာရွာ အုန်းသီးပုံအနီးတွင် မိုင်းရှင်းနေသော စစ်ကောင်စီတပ်က လူမနေသည့်နေအိမ်တစ်လုံးကို မီးရှို့သွားသည်ဟု ဒေသခံများထံမှသိရသည်။ “အိမ်ကတော့ပြာကျသွားပြီ အဲဒီအိမ်မှာလူမနေ‌တာတော့ကြာပြီ ပစ္စည်းတွေ ပဲထားတော့တယ် “ဟု ၎င်းကပြောသည်။ ယနေ့(ဒီဇင်ဘာ ၂၀ ရက်)မနက်ပိုင်း ၇ နာရီကျော်ခန့်က သဗျာရွာအုန်းသီးပုံ ဆိုင်းဘုတ်အနီးတွင် စစ်ကောင်စီတပ်က လမ်းများပိတ်ကာ မိုင်းများရှင်းလင်းနေခြင်းဖြစ်သည်။ ယင်းနောက် မနက် ၉ နာရီကျော်ခန့်တွင် သဗျာရွာအုန်းသီးပုံ ဆိုင်းဘုတ်အနီးတွင် ထောင်ထားသည့် မိုင်းသုံးလုံးကို ဖောက်ခွဲပစ်ပြီးနောက် နေအိမ်ကို မီးရှို့သွားခဲ့ခြင်းဖြစ်သည်။

ကံပေါက်အဝင်လမ်းများကို စစ်ကောင်စီတပ်ပိတ်ထား

Dawei Watch

December 15, 2023

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်အဝင်လမ်းများဖြစ်သည့် ပယလမ်း၊ပြင်ကြီးလမ်းနှင့် ကလိန်အောင်အဝင်လမ်းများကို ယနေ့ (ဒီဇင်ဘာ ၁၅) မနက် ၈ နာရီဝန်းကျင်မှစပြီး စစ်တပ်က ပိတ်ထားကြောင်း ယာဥ်မောင်းများထံမှသိရသည်။ “မနက် ၉ နာရီကဝင်လာတဲ့ ကလိန်အောင်ကားလမ်းမှာ ပိတ်မိနေတုန်းပဲ” ဟု ကလိန်အောင်မြို့ဘက်မှ အဝင်လမ်းတွင်ပိတ်မိနေသည့် ခရီးသည်အမျိုးသမီးတစ်ဦး ယနေ့ နေ့လယ်ပိုင်းတွင်ပြောသည်။ လမ်းမပိတ်မီ ဒီဇင်ဘာလ ၁၄ ရက်ညနေပိုင်းနှင့် ဒီဇင်ဘာလ ၁၅ ရက်မနက်ပိုင်းများတွင် ရေဖြူမြို့နယ်၊ ကံပေါက်ရွာအနီးရှိ အိန္ဒရာဇာကျေးရွာအုပ်စုတွင် သေနတ်သံများကြားရကြောင်း ဒေသခံများကဆိုသည်။ “ ခြံတောင်မသွားရဲဘူး။ သေနတ်ပစ်သံတွေကြားနေရတယ် “ ဟု အိန္ဒရာဇာရွာ တွင် ရော်ဘာခြံစိုက်ပျိုးထားသည့် ကံပေါက်ဒေသခံတစ်ဦးကပြောသည်။ လမ်းပိတ်ကြောင်းရသည့်အကြောင်းအရင်း တိတိကျကျ မသိရသေးသလို မည်သည့်အချိန်တွင် ပြန်ဖွင့်မည်ကိုလည်း စစ်တပ်က အသိပေးပြောကြားခြင်းမရှိသေးပေ။ ယခုနှစ်အတွင်း ကံပေါက်အဝင်လမ်းကို စစ်တပ်က […]