ထိုင်းဝန်ကြီးချုပ် စေထာထဝီဆင်ကို ရာထူးက ရပ်နား
Dawei Watch
August 14, 2024ထိုင်းဝန်ကြီးချုပ် စေထာထဝီဆင်ကို လက်ရှိရာထူးက ရပ်နားရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ယနေ့ ဩဂုတ်လ ၁၄ ရက်နေ့တွင် အမိန့်ချမှတ်လိုက်သည်။ ပြီးခဲ့သည့်နှစ် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့က ထိုင်းဝန်ကြီးချုပ်တာဝန် ရယူခဲ့သော စေထာ ထဝီဆင်သည် ၁၁ လသာ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့ရသည်။ လက်ရှိဝန်ကြီးချုပ်နေရာက ရပ်နားခံလိုက်ရပြီးနောက် ၎င်း၏ အစိုးရအဖွဲ့ကိုလည်း ဖျက်သိမ်းရမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ လွှတ်တော်က ဝန်ကြီးချုပ်အသစ်ကို ထပ်မံ မဲပေးရွေးချယ်ရမည်ဖြစ်သည်။ ဝန်ကြီးချုပ်အသစ်အပါအဝင် အစိုးရအသစ်အဖွဲ့ဝင်များ နောက်ထပ် သစ္စာမဆိုခင်ကာလတွင် ယာယီအစိုးရအဖွဲ့က အစားထိုးတာဝန်ယူထားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ဝန်ကြီးချုပ်အသစ်နေရာအတွက် Pheu Thai ပါတီခေါင်းဆောင် သက်ဆင်သမီး Paetongtarn Shinawatra နှင့် Chaikasem Nitisiri နှင့် ဆေးခြောက်ပါတီဟု နာမည်ကြီးသော […]