BREAKING
October 18, 2024

Breaking News

ဓာတ်ခွဲနမူနာယူထားသူတစ်ဦး အဖြေမသိရသေးခင် ကွာရန်တင်းစခန်းမှထွက်ပြေး

diz_admin

September 17, 2020

ကွာရန်တင်းဝင်နေသူတစ်ဦး ကိုဗစ်ဓာတ်ခွဲမူနာယူထားပြီး အဖြေမသိရသေးခင် ဒီနေ့(စက်တင်ဘာ ၁၇) နံနက်ပိုင်းက ထွက်ပြေးသွားခဲ့ကြောင်း ယင်းစောင့်ကြည့်ရေးစခန်း တာဝန်ခံ ဦးသန့်လွင်က ပြောသည်။ ယင်းအမျိုးသားသည် ထိုင်းနိုင်ငံမှ ပြန်ရောက်လာပြီး လောင်းလုံးမြို့၊ မိုးကုတ်ရိပ်သာတွင် ကွာရန်တင်းဝင်နေသည်မှာ ဆယ်ရက်ခန့်ရှိပြီဖြစ်သည်။စက်တင်ဘာလ ၁၆ ရက်က ၎င်းအမျိုးသားအား ဓာတ်ခွဲနမူနာယူကာ စစ်ဆေးခဲ့ပြီး အဖြေမထွက်ရှိသေးမီ ထွက်ပြေးသွားခြင်းဖြစ်သည်။ “မနက် ၈ နာရီလောက်မှာ ပျောက်ထွက်သွားတယ်။ အခုမွန်းတည့်မှ ထွက်ပြေးသွားပြီဆိုတာကို သိရတာပေါ့” ဟု ဦးသန့်လွင်က စက်တင်ဘာလ ၁၇ ရက် နေ့လယ် ၁ နာရီကျော်တွင် တနင်္သာရီအပတ်စဉ်အား ပြောကြားသည်။ ကိုဗစ် ၁၉ ရောဂါ အချင်းချင်းမကူးရလေအောင် ယင်းအမျိုးသားသည် ရေဖြူမြို့နယ်၊ တလိုင်းယားကျေးရွာရှိ ရာဘာခြံတစ်ခုထဲသို့ရောက်ရှိသွားပြီး ယင်းမှတစ်ဆင့် ဆိုင်ကယ်မောင်းထွက်သွားကြောင်း ထွက်ပြေးသွားသူ၏ အစ်ကိုက ဦးသန့်လွင်သို့ […]

ရန်ကုန်ကိုဗစ်လူနာနှင့် တစ်အိမ်တည်းနေခဲ့သည့် ထားဝယ်မြို့နေ မိသားစုဝင်သုံးဦးကို စောင့်ကြည့်စခန်းပို့

diz_admin

September 7, 2020

ရန်ကုန်မြို့ ၊ ကြည့်မြင်တိုင်မြို့နယ်နေ လူနာနှင့် တစ်အိမ်တည်းအတူထိုင်ခဲ့ဖူးသည့် ထားဝယ်မြို့မှ မိသားစုဝင်သုံးဦးကို စောင့်ကြည့်စခန်းသို့ ယနေ့ပို့ဆောင်လိုက်ကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။ ထားဝယ်ကွန်ပျူတာတက္ကသိုလ်ရှိ စောင့်ကြည့်စခန်းသို့ စက်တင်ဘာလ ၇ ရက်နေ့ နေ့လည်ပိုင်းက ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ နှာခေါင်းစည်း တစ်ခုရဲ့ စီးပွားတန်ကြေး အဆိုပါ မိသားစုမှာ ကြည့်မြင်တိုင်မြို့နယ်ရှိ နေအိမ်တွင် ပိုးတွေ့လူနာနှင့် အတူနေထိုင်ပြီး သြဂုတ်လ ၂၉ ရက်နေ့က မန်းရတနာလေကြောင်းလိုင်းဖြင့် ထားဝယ်မြို့သို့ လာရောက်ခဲ့ကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ဆိုသည်။ ထိုနောက် အတူနေထိုင်ခဲ့သည့် အမျိုးသမီးတွင် ကိုဗစ်ပိုးတွေ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာလ ၆ ရက်နေ့ညတွင်ထုတ်ပြန်ခဲ့သည်။ ၎င်းမှာ လူနာအမှတ်အမှတ် ၁၃၇၈ ဖြစ်သည်။ ထိုအခြေအနေများကြောင့် ထားဝယ်မြို့နေ မိသားစုဝင်သုံးဦးက ကျန်းမာရေးစစ်ဆေးမှုခံယူလိုကြောင်း ၎င်းတို့ကိုယ်တိုင် သတင်းပေးလာသည်ဟု […]

တနင်္သာရီတိုင်းအတွင်းသို့လာသည့် ပြည်တွင်းခရီးသွားများ ကျူ ဝင်ရန်မလိုတော့

diz_admin

July 3, 2020

တနင်္သာရီတိုင်းအတွင်းသို့ ပြည်တွင်းမှ လာရောက်သူများအနေဖြင့် စောင့်ကြည့်ရေး စခန်း (ကျူ) ဝင်ရန် မလိုအပ်တော့ကြောင်း တနင်္သာရီတိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောကြားသည်။ ပြည်တွင်းနေသူများအနေဖြင့် ကျူဝင်ရန်မလို သကဲ့သို့ ထောက်ခံစာလည်း မလိုအပ်တော့ကြောင်း ၎င်းက ဆိုသည်။ သို့ရာတွင် ပြည်ပမှ ပြန်လာသူများကမူ မဖြစ်မနေ ကျူဝင်ရမည်ဖြစ်ကြောင်း ဦးကျော်မင်းက ပြောသည်။ ရန်ကုန်တိုင်းအတွင်းရှိ အင်းစိန်မြို့နယ်နေသူများကို Stay Home အဖြစ်မှ ပယ်ဖျက်လိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇွန်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ထို့အပြင် တနင်္သာရီတိုင်း ကိုဗစ်အရေးပေါ်တုန့်ပြန်ရေးကော်မတီကလည်း ဇူလိုင်လ ၁ ရက်နေ့တွင် အမိန့်ကြေညာ ချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။ ထိုအမိန့်ကြေညာချက်တွင်လည်း ပြည်ပပြန်များသာ ကျူဝင်ရမည်ဟု ဖော်ပြထားပြီး ပြည်တွင်းမှလာသူများနှင့်ပတ်သက်သည့် ညွှန်ကြားချက်တစ်စုံတစ်ရာ မပါရှိပေ။ ထိုကြောင့် […]