BREAKING
October 18, 2024

Breaking News

ထားဝယ် ကမ်းနားလမ်းက ဆီဘော မီးလောင်ပေါက်ကွဲပြီး တစ်ဦးသေ၊ တစ်ဦးဒဏ်ရာပြင်း

Dawei Watch

October 14, 2024

ထားဝယ်မြို့၊ ကမ်းနားလမ်း၊ ကြက်စားပြင်ရပ်ကွက် ထားဝယ်မြစ်အတွင်းရှိ စက်သုံးဆီတင်သည့် ဆီဘောသည် ယနေ့ အောက်တိုဘာလ ၁၄ ရက် ညနေ ၄နာရီခန့်‌တွင် မီးလောင်ပေါက်ကွဲကြောင်း မြို့ခံနှင့် ကူညီကယ်ဆယ်သူများထံမှ သိရသည်။ အဆိုပါဆီဘောသည် ထားဝယ်ခရိုင်အတွင်း စက်သုံးဆီများကို အဓိက ဖြန့်ဖြူးပေးနေသည့် လုပ်ငန်းဖြစ်သည်။ မီးလောင်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ၏ ဦးဆောင်သူ ဦးနိုင်မျိုးသွင်က ကနဦးသိရသည့်အခြေအနေကို ပြောဆိုသည်။ “အခုတစ်ဦးသေသွားတယ်။ အခုထိ မီးတောက်တွေ ငြှိမ်းသတ်နေရတုန်း” ဟု ၎င်းက ပြောသည်။ မီးလောင်ရသည့်အကြောင်းအရင်း အသေးစိတ်အခြေအနေကို Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ အဆိုပါမီးလောင်မှုကို ယနေ့ ညနေ ၄ နာရီကျော်ကစပြီး မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီကယ်ဆယ်ရေး […]

ထားဝယ်တွင် သပိတ်မျှောပွဲကျင်းပမည့်နေရာအနီး ပေါက်ကွဲမှုဖြစ်

Dawei Watch

October 14, 2024

ထားဝယ်ရိုးရာသပိတ်မျှော်ပွဲတော်ကျင်းပရန် လေးရက်အလိုတွင် အဆိုပါပွဲတော်ကျင်းပမည့် ထားဝယ်မြို့ ကမ်းနားဈေး သဲကွင်းအနီး ယနေ့ နံနက် ၁၁ နာရီခန့်တွင် ပေါက်ကွဲမှုဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ကမ်းနားဈေး၏ အနောက်ဘက် စက်ဘီး၊ ဆိုင်ကယ်လက်ခံဌာနှင့် သပိတ်မျှောပွဲကျင်းပမည့် သဲကွင်းပန်းခြံကြားတွင် ပေါက်ကွဲခြင်းဖြစ်ကြောင်းမြို့ခံများက ပြောသည်။ ယနေ့ အောက်တိုဘာလ ၁၄ ရက် နံနက် ၁၁ နာရီခန့်တွင် ကျယ်လောင်သည့်ပေါက်ကွဲသံတစ်ချက်ကြားရကြောင်း မြို့ခံများက ဆိုသည်။ “ကမ်းနား ဈေးနားမှာဖြစ်တယ်။ လူတွေအဲဒီနားမှာ ရုတ်ရုတ်ဖြစ်နေကြတယ်” ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။ အဆိုပါပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှု ရှိ မရှိနှင့် မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် လုပ်ဆောင်ခဲ့သည်တို့ကို Dawei Watch ကဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ယနေ့နံနက် ၁၁ နာရီခွဲခန့်တွင် ပေါက်ကွဲမှုဖြစ်သည့် အဆိုပါနေရာ အနီးတဝိုက်ကို စစ်ကောင်စီတပ်သားများ […]

တနင်္သာရီက ကျေးရွာနှစ်ရွာကို စစ်ကောင်စီ တိုက်လေယာဉ်ဖြင့်ဗုံးကြဲ

Dawei Watch

October 7, 2024

တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာကို စစ်ကောင်စီက ယနေ့ အောက်တိုဘာလ ၇ ရက် နံနက် ၉ နာရီခွဲခန့်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများ၊ ဒေသခံများထံမှ သိရသည်။ နံနက် ၉နာရီ ခွဲခန့်တွင် ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် တကူရွာနှင့် သိန္ဓောကျေးရွာကို ဗုံးကြဲခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ “နေအိမ်နဲ့ ဒေသခံတွေ ထိခိုက်မှုကိုတော့ မကြားမိသေးဘူး။ စကစ က သူတို့ စွန့်သွားတဲ့ သိန္ဓောစခန်းကိုလည်း လာကြဲသွားတယ်လို့ သိရတယ်“ ဟု မြေပြင်အခြေအနေသိရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။ လေကြောင်းတိုက်ခိုက်မှု အသေးစိတ်အခြေအနေအား Dawei Watch အနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ စစ်ကောင်စီတပ်၏ လေကြောင်းပျံသန်းမှုကို စောင့်ကြည့်နေသည့် EAR တယ်လီဂရမ်ချန်နယ်တွင် နံနက် ၉နာရီ ၄၇မိနစ်ခန့်က မြိတ်လေတပ်မှ […]

ထားဝယ်မြို့ပေါ် တွင် နှစ်ဘက်ပစ်ခတ်မှုထပ်ဖြစ်၊ အသက် ၈၀ ကျော်အဘွားတစ်ဦး သေဆုံး

Dawei Watch

August 22, 2024

ထားဝယ်မြို့ပေါ်ရှိ ဆင်ဆိပ်ရပ်ကွက်တွင် ယနေ့(ဩဂုတ် ၂၂ ) ညနေ ၅ နာရီခန့်က စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ခဲ့ပြီး အသက် ၈၀ ကျော် အဘွားတစ်ဦး သေဆုံးခဲ့ကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ထားဝယ်မြို့၊ ဆင်ဆိပ်ရပ်ကွက်၊ ထားဝယ်မြစ်ကမ်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် မြစ်တစ်ဖက်ကမ်း လောင်းလုံးဘက်ခြမ်းရှိတော်လှန်ရေးတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဟု ‌၎င်းတို့ကဆိုသည်။ ဆင်ဆိပ်လမ်းဆုံရှိ ဦးကျော်မြင့်သဲဆိပ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သား များက လက်နက်ငယ်များ ဆက်တိုက်ပစ်ခတ်ပြီးနောက် လက်နက်ကြီး ၃ လုံး ထပ်မံပစ်ခတ်ခဲ့ကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ “ဆင်ဆိပ်ဘက်မှာပဲ လက်နက်ကြီးတွေရော လက်နက်ငယ်တွေရော ကြားနေရတယ်။ ဟိုဖက်ကမ်း ဒီဖက်ကမ်း အပြန်အလှန်ပစ်နေကြတဲ့သဘော ပဲ”ဟု အခြားမြို့ခံတစ်ဦးကပြောသည်။ စစ်ကောင်စီတပ်ဘက်က ဆင်ဆိပ်ရပ်ကွက်၏အနောက်ဘက် လောင်းလုံးဘက်ခြမ်း ထားဝယ်မြစ်ကမ်းတစ်‌လျှောက်ကို လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်သည့်အတွက် […]

တနင်္သာရီမြို့နယ် ဘန်လောကျေးရွာအုပ်စုကို စစ်ကောင်စီဗုံးထပ်ကြဲ

Dawei Watch

August 22, 2024

တနင်္သာရီမြို့နယ် ဘန်လောကျေးရွာအုပ်စုကို ယနေ့(သြဂုတ် ၂၂) ညနေ ၃ နာရီခန့်တွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုများ ထပ်မံပြုလုပ်နေကြောင်း တိုင်းပကဖတာဝန်ခံနှင့် မြေပြင်ရဲဘော်အချို့က ပြောသည်။ သကျက်ကျေးရွာအုပ်စု ဆင်ခေါင်းရွာကို ယနေ့ နေ့လယ် ၁၂ နာရီ ၄၀ မိနစ်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဘန်လောကျေးရွာအုပ်စုကို ညနေ ၃ နာရီကျော်တွင် ဗုံးထပ်ကြဲခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောသည်။ “ဒီနှစ်နေရာက အရမ်းကြီးဝေးကွာတာမျိုးတော့ မဟုတ်ပါဘူး၊ နယ်မြေချင်းဆက်စပ်နေတဲ့ နီးစပ်မှုရှိတဲ့နေရာတွေပါ။ လောလောဆယ်ပြောနိုင်တာ ထိခိုက်မှုမရှိဘူးလို့ပဲပြောနိုင်တယ်၊ ကျန်တဲ့ကိစ္စတွေကတော့ မပြောနိုင်သေးဘူး” ဟု ရဲဘော်စတားက ဆိုသည်။ K8W တိုက်လေယာဉ်အမျိုးအစားဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး ဗုံးအလုံးရေ၊ ကြဲချခံရသည့် ကျေးရွာများနှင့် ထိခိုက်မှုအခြေအနေအသေးစိတ်ကို မသိရသေးကြောင်း မြေပြင်ရဲဘော်တစ်ဦးကလည်း ဆိုသည်။ စစ်ကောင်စီက ယခုနှစ်အတွင်း တနင်္သာရီတိုင်းကို ဗုံးကြဲတိုက်ခိုက်မှုများ […]

ထိုင်းဝန်ကြီးချုပ် စေထာထဝီဆင်ကို ရာထူးက ရပ်နား

Dawei Watch

August 14, 2024

ထိုင်းဝန်ကြီးချုပ် စေထာထဝီဆင်ကို လက်ရှိရာထူးက ရပ်နားရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ယနေ့ ဩဂုတ်လ ၁၄ ရက်နေ့တွင် အမိန့်ချမှတ်လိုက်သည်။ ပြီးခဲ့သည့်နှစ် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့က ထိုင်းဝန်ကြီးချုပ်တာဝန် ရယူခဲ့သော စေထာ ထဝီဆင်သည် ၁၁ လသာ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်​ခဲ့ရသည်။ လက်ရှိဝန်ကြီးချုပ်နေရာက ရပ်နားခံလိုက်ရပြီးနောက် ၎င်း၏ အစိုးရအဖွဲ့ကိုလည်း ဖျက်သိမ်းရမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ လွှတ်တော်က ဝန်ကြီးချုပ်အသစ်ကို ထပ်မံ မဲပေးရွေးချယ်ရမည်ဖြစ်သည်။ ဝန်ကြီးချုပ်အသစ်အပါအဝင် အစိုးရအသစ်အဖွဲ့ဝင်များ နောက်ထပ် သစ္စာမဆိုခင်ကာလတွင် ယာယီအစိုးရအဖွဲ့က အစားထိုးတာဝန်ယူထားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ဝန်ကြီးချုပ်အသစ်နေရာအတွက် Pheu Thai ပါတီခေါင်းဆောင် သက်ဆင်သမီး Paetongtarn Shinawatra နှင့် Chaikasem Nitisiri နှင့် ဆေးခြောက်ပါတီဟု နာမည်ကြီးသော […]