လတ်စားလိုက်
diz_admin
July 6, 2020မိုးဦးကျခါစအချိန်ဆိုလျှင် ကရင် တိုင်းရင်းသားအချို့ တောင်ယာစပါး စိုက်ရန် စိုင်းပြင်းကြလေပြီ။ ယင်းသို့ တောင်ယာ စိုက်ပျိုးကြသူများအထဲတွင် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ ကျေးဇူး တော်ကျေးရွာမှ ကရင်တိုင်းရင်းသားများလည်း အပါအဝင် ဖြစ်သည်။ တနင်္သာရီတိုင်းတွင်းရှိ ကရင်တိုင်း ရင်းသားအချို့ ရှေးယခင်ကနေ ယနေ့ အချိန်အထိ လက်ဆင့်ကမ်းကျင့်သုံးနေဆဲဖြစ်သည့် တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီတတ်သော ဓလေ့တစ်ခုကို တောင်ယာစပါး စိုက်ပျိုးချိန်တွင် တွေ့မြင်နိုင်သည်။ ထိုဓလေ့ကို ကျေးဇူးတော်ရွာသားများက လတ်စားလိုက်ခြင်း (လက်စား လိုက်ခြင်း)ဟု ခေါ်ကြသည်။ လတ်စာလိုက်ခြင်းမှာ တစ်ဦး၏အလုပ်ကို အခြားတစ်ဦးက အလှည့်ကျဝိုင်းကူလုပ်ပေးခြင်း ဖြစ်သည်။ “ကျွန်မစပါးထိုးတယ်ဆိုရင် သူလဲ ကျွန်မဆီလာပြီးတော့ သူ့စပါးထိုးရင် ကျွန်မက သူ့ဆီသွား အဲလိုလုပ်တာပေါ့ နော်။ တစ်ယောက်နဲ့တစ်ယောက် အဲလိုပဲ လိုက်လုပ်ကူကြတယ်” ဟု ကျေးဇူးတော်ရွာသူ နော်ကပေါ်မူးက ဆိုသည်။ […]