ဆိုက်ကား လွမ်းချင်း
diz_admin
August 5, 2020သူသည် မိသားစုဝင် ငါးဦးရှိသည့် မိသားစုကို ဆိုက်ကားနင်းရင်းအိမ်တစ်ဆောင်မီးတစ်ပြောင်ဖြင့် တင့်တောင့် တင့်တယ် ထားနိုင်ခဲ့သည်။ ဆိုက်ကားနင်း၍ရသည့် ဝင်ငွေက သူတို့မိသားစု စားဝတ်နေရေး ဖူလုံရုံတင်မက ထားဝယ်မြို့ ဘုမ္မော်ရပ်ကွက်တွင်ရှိသည့် မြေတစ်ကွက်ကိုဝယ်ယူကာ အိမ်တစ်ဆောင်ပါ ဆောက်လိုက်သေးသည်။ ထိုမျှမကသေး။ သားသမီး နှစ်ဦးကိုလည်း အများနည်းတူ ကျောင်းထား နိုင်ခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်းသုံးဆယ်ဝန်းကျင်က အခြေအနေကို ဦးဇော်ဝင်းက ပြန်ပြောင်းပြောဆိုနေခြင်း ဖြစ်သည်။ ထိုအခြေအနေတို့မှာ လွမ်းမောစရာအဖြစ် ကျန်ရစ်ခဲ့ပြီ။ လက်ရှိကာလသည် ဆိုက်ကား ခေတ်မဟုတ်တော့။ ဆိုက်ကားအစား ပို၍မြန်သည့် မော်တော်ဆိုင်ကယ်တို့ဖြင့် အစားထိုးခဲ့ကြသည်မှာ နှစ်နှစ်ဆယ်နီးပါးပင် ရှိလာခဲ့ပြီ။ အချို့မှာ သုံးဘီးယာဉ်ပြေးဆွဲသူများ ဖြစ်လာသည်။ ဦးဇော်ဝင်းကမူ ရွှေထီးဆောင်းခဲ့သည့် ဆိုက်ကားခေတ်ကို ပြန်လည်သတိရ၊ တမ်းတမိနေဆဲ။ ဦးဇော်ဝင်းသည် ဘုမ္မော်ရပ်ကွက်တွင် နေထိုင်သည်။ သူသည် ၁၉၉၀ […]