လစာမဲ့ အမျိုးသမီးအုပ်ချုပ်ရေးမှူး သို့မဟုတ် ဇောတိကဖွတ်မ
diz_admin
September 18, 2020ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးအများစု ဟာ အမျိုးသားတွေပါ။ ကိုဗစ်ကပ်ဘေးကြောင့် အမျိုးသားအုပ်ချုပ်ရေးမှူးတွေ လူပင်ပန်း၊ စိတ်နွမ်းနေကြလို့ ညည်းညူနေကြတဲ့အချိန်မှာပဲ အမျိုးသမီးတစ်ဦးကတော့ လစာမရဘဲနဲ့ အုပ်ချုပ်ရေးမှူး တာဝန်ကို ရဲရဲဝံ့ဝံ့တာဝန်ယူလိုက်ပါတယ်။ အမျိုးသမီးတစ်ယောက် ဖြစ်နေတာရယ်၊ လစာမရတာရယ်ကြောင့် မလုပ်ဖို့ သူ့မိဘတွေက တားမြစ်ပေမဲ့လည်း သူကတော့ နားမထောင်ခဲ့ပါဘူး။ “ဒီနေရာကကျွန်မနဲ့ထိုက်တန်လို့ ကျွန်မဆီ ရောက်လာတာ။ ကျွန်မဆီ ရောက်လာတဲ့တာဝန် ကျွန်မနိုင်အောင်ထမ်းမယ်” လို့ သူက ဆိုပါတယ်။ ကိုဗစ် ၁၉ ရောဂါ အချင်းချင်းမကူးရလေအောင် သူ့နာမည်အရင်းက ဒေါ်ခင်ချိုခိုင်။ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်က ရငဲကျေးရွာရဲ့ အုပ်ချုပ်ရေးမှူးဖြစ်ပါတယ်။ ရပ်ရွာကလူတွေကတော့ လေးလေး လို့ပဲသိတာများပါတယ်။ သူ့မှာ ရပ်ရွာက ချစ်စနိုးနဲ့ ကင်ပွန်းတပ်ပေးထားတဲ့ နောက်ထပ် နာမည်ပြောင်ဘွဲ့တစ်ခုလည်း ရှိသေးတယ်။ ဇောတိက ဖွတ်မတဲ့။ ဇောတိကဖွတ်မဆိုတဲ့နာမည်က စိတ်ဝင်စားစရာပါ။ […]