အွန်လိုင်းကနေ ဈေးရောင်းမယ်
diz_admin
October 9, 2020လက်ဖက်ရည်ဆိုင်လေးဖွင့်ထားတဲ့ မမို့မို့ တစ်ယောက် အွန်လိုင်းကနေ အသီးစုံအသုပ်တွေ ရောင်းနေတာ တစ်လကျော်လောက် ရှိနေပါပြီ။ ကိုဗစ်ကပ်ရောဂါကြောင့် စားသောက်ဆိုင်တွေ ပါဆယ်သာ ရောင်းရတော့မယ်လို့ အစိုးရက သတ်မှတ်လိုက်တာကြောင့် မမို့မို့တို့ လက်ဖက်ရည်ဆိုင်လေးက အရောင်းအဝယ် အေးသွားခဲ့ပါတယ်။ အရောင်းအဝယ် အေးသွားနေတာကို သူ့အနေနဲ့ ဒီအတိုင်း ထိုင်ကြည့်နေလို့ မဖြစ်ပါဘူး။ သမုဒ္ဒရာဝမ်းတစ်ထွာဆိုတဲ့အတိုင်းပဲ အချိန်တန်လာရင် ဗိုက်က ဆာလောင်လာတာပါပဲ။ အဲဒါကြောင့် ဆိုင်အရောင်းအဝယ်ပါးနေချိန်မှာ တစ်ဖက်တစ်လမ်းက ဝင်ငွေရပါစေဆိုပြီး အွန်လိုင်း ဈေးဆိုင်ကလေးကို ဖွင့်လှစ်ဖို့ စိတ်ကူးရပါတော့တယ်။ အသီးစုံအသုပ်တွေ ရောင်းမယ်လို့လည်း တွေးလိုက်ပါတယ်။ “သူများတွေရောင်းတာနဲ့မတူတဲ့ဟာလေး ရောင်းမယ်ဆိုပြီးတော့ပေါ့။ ဒီအသီးသုပ်ကတော့ ဘယ်သူမှမရောင်းဘူးလေ။ ကိုယ်က စမ်းပြီးထ လုပ်လိုက်တာ” လို့ မမို့မို့ကဆိုပါတယ်။ သူ့လက်ဖက်ရည်ဆိုင်က ထားဝယ်မြို့၊ ကျောက်မော်ကြီးရပ်ကွက်၊ ကားလမ်းမဘေးမှာရှိပါတယ်။ ကိုဗစ်ကပ်ရောဂါဟာ သမားရိုးကျဈေးရောင်း ချတာတွေကို […]