BREAKING
January 23, 2025

ဆောင်းပါး

၀င်ငွေနည်းလာတဲ့ အခြေခံလူတန်းစား ထားဝယ် တက္ကစီယာဉ်မောင်းများ

diz_admin

July 1, 2021

ကယ်ရီသမားဟု အလွယ်ခေါ်သော တက္ကစီယာဉ်မောင်းများမှာ တပ်အာဏာသိမ်းပြီးတဲ့နောက် တစ်နေ့ဝင်ငွေလည်း သိသိသာသာ ကျဆင်းလာပါတယ်။ ပေါက်ကွဲမှု၊ ပစ်ခတ်မှုနဲ့ ဖမ်းဆီးမှုတွေ အချိန်မရွေးထဖြစ်နိုင်တဲ့အတွက် ကယ်ရီသမားတွေ လုပ်ငန်းအပေါ်မှာ သက်ရောက်မှုတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုပါတယ်။ ကယ်ရီသမားလို့ ဆိုရင် ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ သုံးဘီးယာဉ်မောင်းတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ထားဝယ်ဒေသနေ ပြည်သူတွေဟာ စားသောက်ကုန်နဲ့ လူသုံးကုန်တွေကို ထားဝယ်မြို့ရှိ စည်ပင်သာယာဈေးကြီးနဲ့ ကန်းနားဈေးတွေမှာ လာဝယ်ကြပြီး သူတို့နေထိုင်ရာ ဒေသတွေမှာ ပြန်ရောင်းချကြပါတယ်။ အရင်က မနက်စောစောကနေ မွန်းလွဲ ၂ နာရီ လောက်အထိ အမြဲစည်ကားနေတတ်တဲ့ ထားဝယ်စည်ပင်သာယာဈေးကြီးဟာ ဇွန်လကုန်ရက်တွေကဆိုရင် မနက် ၁၁ နာရီဆိုတာနဲ့ ဈေးဝယ်သူ ကင်းမဲ့နေပြီဖြစ်ပါတယ်။ လက်ရှိ အခင်းအကျင်းတွေကြောင့် စည်ပင်သာယာဈေးကြီးကို မှီခိုပြီး ငွေရှာနေရတဲ့ အခြေခံလူတန်းစားကယ်ရီသမားတွေရဲ့ ဝင်ငွေဟာလည်း […]

အမေ ငွေမျှော်နေရော့မယ်

diz_admin

June 21, 2021

ကိုကျော်စိုးတစ်ယောက် မလေးရှားကနေ မြန်မာပြည်တွင်းက မိခင်ဖြစ်သူထံ ငွေပို့ပေးဖို့ အခက်အခဲဖြစ်နေပါတယ်။ ဝါဆိုသင်္ကန်းကပ်ချင်တဲ့ သူ့အမေဆီ ငွေငါးသိန်းကျပ် ပို့ချင်နေတာဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ ကိုဗစ်ကြောင့် လမ်းထွက်လို့မရဖြစ်နေတာကြောင့် ငွေပို့သွားဖို့ ခက်ပါတယ်။ အဲဒီကြားမှာပဲ မြွေပူရာကင်းမှောက်ဖြစ်ပါတယ်။ မြန်မာနိုင်က ပုဂ္ဂလိကဘဏ်တွေကို ငွေပို့ရခက်ခဲတာ၊ ပို့ချင်သလောက်ပို့လို့မရတာတွေက ထပ်ဆင့်ဖြစ်ပွားနေပြန်ပါတယ်။အဲဒီလိုအခက်အခဲတွေကြောင့် ဝါဆိုသင်္ကန်းကပ်ချင်တဲ့ အမေ့ဆန္ဒမဖြည့်ဆည်းနိုင်မှာကို ကိုကျော်စိုးတစ်ယောက် စိုးရိမ်နေရပါတယ်။ “ကိုယ့်မိဘကို ထောက်ပံ့ချင်လို့ ငွေပို့ပေးဖို့ကို ဟိုမေး၊ ဒီမေး လိုက်စုံစမ်းနေရတယ်” လို့ ကိုကျော်စိုးက ပြောပါတယ်။ကိုကျော်စိုးဟာ မလေးရှားနိုင်ငံ ဆလန်းဂေါပြည်နယ် ကလန်းမြို့မှာ စားသောက်ဆိုင်ရောင်းနေတာဖြစ်ပါတယ်။ သူ့ဇာတိက စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်သားဖြစ်ပါတယ်။ သူဟာ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်သူတစ်ဦးနဲ့ အိမ်ထောင်ကျခဲ့တာပါ။ သူနဲ့ ဇနီးဖြစ်သူက မလေးရှားမှာ အလုပ်လုပ်နေတာ နှစ်ဆယ်ချီရှိနေပါပြီ။ သားသမီးနှစ်ဦးကတော့ လောင်းလုံးမြို့နယ်က ရွာတစ်ရွာမှာ သူ့ယောက္ခမတွေနဲ့အတူတူ […]

လယ်ယာလုပ်ငန်းခွင် ဝင်ချိန် မရေရာမှုများအကြားမှ လယ်သမားများ

diz_admin

May 29, 2021

ရှုပ်ထွေးနေသည့် နိုင်ငံရေးအခြေအနေအကြား စက်သုံးဆီ၊ ဓာတ်မြေဩဇာ စသည့် သွင်းအားစုဈေးနှုန်း မြင့်တက်နေသသည်။ လယ်သမားအားလုံး မိုးစပါးချေးငွေရရှိရေးမှာ မသေချာသေး။ ထိုသို့အနေအထားတွင် လယ်သမားများ ယခုနှစ် မိုးရာသီ လယ်ယာလုပ်ငန်းခွင်ဝင်ရန် အခက်တွေ့နေကြသည်။ မိုးဦးကျချိန်ဖြစ်သည့် မေလအကုန် ဇွန်လဆန်းပိုင်းသည် တနင်္သာရီတိုင်းရှိ လယ်သမားများ စိုက်ပျိုးရေးလုပ်ငန်းခွင် ဝင်မည့်အချိန်ဖြစ်သည်။ လယ်သမားအချို့ဆိုလျှင် လယ်ကန်းသင်ရိုးပြင်သည့် လုပ်ငန်းများကို စတင်နေပြီဖြစ်သည်။ နှစ်တိုင်းလုပ်ငန်းခွင်ဝင်ချိန်တွင် လယ်သမားများလယ်ဝယ်သို့ စိုက်ပျိုးစားရိတ်ချေးငွေများ လူတိုင်းနီးပါးရရှိနေပြီဖြစ်သော်လည်း ယခုနှစ်တွင်မှု မည်သူမျှ ချေးငွေမရကြသေးပေ။ မိုးစပါးချေးငွေရရှိရန် လယ်သမာများက မျှော်လင့်နေကြသည်။ “ချေးငွေမရသေးတော့ လယ်သမားတွေခက်ခဲနေတာပေါ့လေ။ လယ်သမားတွေမှာက မိုးစပါးချေငွေရမှ ဓာတ်မြေဩဇာဝယ်မယ်၊ လယ်လုပ်ခတွေပေးတာဆိုတော့ နည်းနည်းအဆင်ပြေတယ်လေ” ဟု လောင်းလုံးမြို့နယ် ရေဖြူကျေးရွာမှ လယ်သမား ဦးမောင်ဝင်းက ဆိုသည်။ မိုးစပါးချေးငွေကို ဇွန်လဆန်းပိုင်းတွင် ထုတ်ချေးရန် စီစဉ်နေသော်လည်း ယမန်နှစ်က […]

ထမင်းဝိုင်းတွေ လက်မစုံတော့ပါ

diz_admin

March 9, 2021

ခေါင်းတလားထဲ ငုံ့ကြည့်ပြီး မျက်နှာပေါ်ရုံလေး အပေါက်ဖွင့်ထားတဲ့ ခေါင်းထဲက ရုပ်အလောင်းကို သူ့လက်ညိုးနဲ့ သွားသွားတို့နေပါတယ်။ ခွပ်ဒေါင်းပုံပါအနီရောင်အလံအုပ်ထားတဲ့ ခေါင်းတလားရဲ့ဘေးမှာ အဋ္ဌမတန်းကျောင်းသူ တစ်ဦး မျက်ဝန်းထဲ မျက်ရည်အပြည့် နဲ့ပါ။ ဘေးနားကသူနဲ့အရွယ်တူလောက် ရှိတဲ့ မိန်းကလေးတစ်ယောက်ကလည်း သူ့ကို အဖော်ပြုပေးနေပါတယ်။ သူငုံ့ ကြည့်နေတဲ့ခေါင်းတလားထဲမှာတော့ သူ့အဖေ ကိုလွင်လွင်ဦးရဲ့ အသက်မဲ့ ရုပ်အလောင်းတစ်ခု။ မကြာခင်မှာကိုလွင်လွင်ဦးရဲ့ နောက်ဆုံးခရီးကို ပို့ဆောင်ကြတော့မှာဖြစ်တယ်။ အသုဘလိုက်ပို့မယ့် သူတွေကလည်း အိမ်ထဲ၊ ခြံထဲ၊ လမ်းထဲမှာ အသင့်ရောက်နေကြပြီ။ ကိုကိုလွင်ဦးဟာ ဆန္ဒပြထားဝယ်သပိတ်စစ်ကြောင်းမှာလိုက်ပါရင်း လက်နက်နဲ့ အကြမ်းဖက်ဖြိုခွင်ခံရတာကြောင့် ထားဝယ်ဥတ္တံတားကြီးလမ်းဆုံ မှာ ကျဆုံးသွားခဲ့ရတဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ “သားဆုံးသွားတာကိုသိလိုက်တဲ့အချိန်မှာ ရူးသလိုတောင်ဖြစ်ပြီးတော့ အိမ်ရှေ့အိမ်နောက်ပတ်ပတ်ပြီးပြေး။ သမီးတွေကိုခေါ် နင့်အစ်ကိုဆုံးသွားပြီပေါ့။ အဒေါ်ယုံတောင်မယုံနိုင်ဘူး” လို့ ကိုလွင်လွင်ဦးရဲ့ အမေ ဒေါ်ယဉ်ကျေးက ဆိုပါတယ်။ […]

တစ်ပတ်စာ ဗေဒင် (၈- – ၂၀၂၁ မှ ၁၄- ၃-၂၀၂၁ ထိ)

diz_admin

March 8, 2021

တနင်္ဂနွေအမွေအနှစ်များ ရရှိတတ်သည်။ စပ်တူရှယ်ယာလုပ်ငန်းများ အဆင်ပြေမည်။ ပန်ကာ၊ လေအေးပေးစက် တစ်ခုခုဝင်မည်။ သင်သည် လူငယ်တစ်ယောက်ဖြစ်က လုပ်ငန်းအခွင့် အလမ်းများ ရရှိမည်။ ငွေကြေးကတော့ ဝင်သလောက်မမြဲဘဲ ဖြစ်နေတတ်သည်။ ဆုံးဖြတ်ချက်ချ မှားတတ်သည်မို့ ဂရုပြုပါ။ မျက်စိ၊ အာရုံကြော ကျန်းမာရေးဂရုပြုပါ။ မေတ္တာရေးသည်ကား အိပ်၍မပျော်သည့် ညတစ်ညဖြတ်သန်းရတတ်သည်။အကျိုးပေးသော အရောင် ။ ။ ပြောက်ကျား၊ အဖြူရောင်အကျိုးမပေးသော အရောင် ။ ။ အဝါရောင်၊ အဖြူရောင်အကျိုးပေးသော ဂဏန်းများ ။ ။ ဝ၊ ၁၊ ၂၊ ၇ ပါသော ဂဏန်းများယတြာ ။ ။ ဗောဓိညောင်ပင်ကို သက်စေ့ရေလောင်းပါ။ တနင်္လာစိတ်ကူးအကြံများ လွဲတတ်သည်။ ဘာလုပ်လုပ် လုပ်ငန်းများ အောင်မြင်မည်။ ခရီးတစ်ခု သွားရမည်။ တီဗွီ […]

မျှော်လင့်ခြင်း ထောင်ဝင်စာ

diz_admin

March 6, 2021

ထောင်ထဲမှာ သူ့ အမျိုးသား ရှိ၊ မရှိ မသေချာပေမဲ့ ဒေါ်ဖြူဝင်းကတော့ ပုံမှန်ထောင်ဝင်စာပို့နေပါတယ်။ ထားဝယ် အကျဉ်းထောင်ထဲမှာ သူ့အမျိုးသားကို ဖမ်းဆီး ထိန်းသိမ်းထားတယ် ဆိုတာကို ဒေါ်ဖြူဝင်းသေချာမသိပါဘူး။ ဒါပေမယ့် သူ ထားဝယ်အကျဉ်းထောင်ရှေ့ကို နေ့ တိုင်းရောက်ပါတယ်။ သူ့အမျိုးသားကို ထောင်ဝင်စာလာတွေ့တာပါ။ ဒေါ်ဖြူဝင်းရဲ့ အမျိုးသား နာမည်က ဦးစိုးမြိုင်ပါ။ အသက် ၃၅ နှစ် အရွယ်လောက်ရှိပါပြီ။ ဖေဖော်ဝါရီလ ၁၈ ရက် ထားဝယ်မြို့ ကြက်စားပြင် ရပ်ကွက်မှာ ပစ်ခတ်မှုဖြစ်တဲ့ညက ရဲ တပ်ဖွဲ့ရဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာကို ခံခဲ့ရသူဖြစ်ပါတယ်။ ညပိုင်းမှာဖမ်းဆီးသွားပြီး မိသားစု နဲ့လုံးဝတွေ့ခွင့်၊ စကားပြောခွင့်မရဘဲ နောက်တစ်နေ့ (ဖေဖော်ဝါရီလ ၁၉ ရက်) ညနေမှာ ထားဝယ်အကျဉ်းထောင်ကို ပို့လိုက်ပြီဆိုပြီး သတင်းကြားလို့ ဒေါ်ဖြူဝင်း နေ့တိုင်း […]

အခက်ခဲဆုံးအချိန်တွေကို မျှဝေခံစားလိုစိတ်နဲ့ ကျော်ဖြတ်ပါ

diz_admin

March 5, 2021

မျှဝေခံစားလိုစိတ်ဟာ လူတိုင်းအတွက် အရေးကြီးတဲ့ အမူအကျင့် တစ်ခုပါ။ တစ်ဖက်သားကို နားလည် ပေးတယ်၊ သဘောပေါက်ပေးတယ်၊ လက်ခံပေးတယ်ဆိုတဲ့ ကိစ္စဟာ အမူအကျင့်ကောင်းလို့ ဆိုရမယ်မဟုတ်လား။ အခြေခံအားဖြင့် ဒီကနေ့ခေတ်မှာ လူတိုင်းဟာ သတင်းကို စားသုံးကြတယ်။ သတင်းဆိုတာမျိုးကလည်း သတင်း ဌာနကတွေက ပြောဆိုတာတွေကို ချည်းဆိုလိုတာမဟုတ်ပါဘူး။ ကိုယ့် ပတ်ဝန်းကျင် ကိုယ့်အသိုင်းအဝိုင်း ကိုယ့်အနီးအနားက အဖြစ်အပျက်တိုင်း က သတင်းလို့ဆိုပါတယ်။ ဒီလို သတင်းကို စားသုံးကြတဲ့ လူသားတွေဟာ ပတ်ဝန်းကျင်က ကြားရမြင်ရသမျှ သတင်းတွေ၊ အဖြစ်အပျက် တွေကြောင့်ပဲ စိတ်ပျော်ရွှင်မှု၊ ဝမ်းသာ၊ ဝမ်းနည်း၊ ဒေါသထွက်တာတွေနဲ့ စိတ်ဖိစီးမှုကို အမျိုးမျိုးအဖုံဖုံခံစားကြရပါတယ်။ ဒါက လူ့သဘောပါပဲ။ စစ်ဖြစ်၊ ဆန္ဒပြ၊ ဗုံးကွဲ၊ ကိုဗစ်ကပ်ဘေးစတဲ့ ဖြစ်ပျက်လာသမျှ အဖြစ်အပျက်တွေ တိုင်းကြောင့် လူတိုင်းစိတ်ခံစားမှု […]

တစ်ပတ်စာ ဗေဒင် (၁- ၃- ၂၀၂၁ မှ ၇- ၃-၂၀၂၁ ထိ)

diz_admin

March 1, 2021

တနင်္ဂနွေကား မဝယ်သင့်သေးပါ။ သင့်လုပ်ငန်းများ အဆင်ပြေလာပါမည်။ ဆိုင်ဖွင့်ခြင်းကိစ္စများ ကောင်းသည်။ ငွေကြေးများစွာ ဝင်လာမည်။ ခရီးသွားမည့်ကိစ္စများ အခက်အခဲ ဖြစ်တတ်သည်။ အိမ်တွင်းရေးအနည်းငယ်သောက ရောက်ရတတ်သည်။ ကျန်းမာရေးစိုးရိမ်စရာ မရှိပါ။ မေတ္တာရေးသည်ကား ရံဖန်ရံခါ ခရောင်းတောလမ်းကို ကျော်ဖြတ်နေရတတ်သည်။ ။အကျိုးပေးသော အရောင် ။ ။ နို့နှစ်ရောင်၊ အနီရောင်အကျိုးမပေးသော အရောင် ။ ။ အဝါရောင်၊ ကြက်သွေးရောင်မစားသင့်သော အစားအစာ ။ ။ မု့န်ဟင်းခါး၊ ရွှေဖရုံသီးယတြာ ။ ။ ဘုန်းကြီးကျောင်းသို့ မုန့်ဟင်းခါးတစ်ချိုင့်လှူပါ။ တနင်္လာနေရာဌာန ပြောင်းရွှေ့ရတတ်သည်။ လုပ်ငန်းများ အောင်မြင်မည်။ အိမ်ဝယ်ခြင်းကိစ္စများ ကောင်းပါသည်။ အမွေအနှစ်များ ရရှိတတ်သည်။ ပြဿနာတစ်ခု ကြုံရတတ်သည်။ ကျန်းမာရေး ဂရုပြုရမည်။ ငွေကတော့ဝင်သလောက်မမြဲဘဲ ဖြစ်နေတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် […]