BREAKING
January 23, 2025

ဆောင်းပါး

ရုက္ခစိုးကို တိုင်ထားမယ်

diz_admin

March 16, 2022

ကိုယ့်ပတ်ဝန်းကျင်မှာ သစ်ခိုးထုတ်နေတာတွေ့ ပါသလား။ တောရိုင်းတိရစ္ဆာန်တွေ တွေ့ထားပါသလား၊ သဘာဝပတ်ဝန်းကျင် ပျက်ယွင်းနေတာတွေ တွေ့နေရပါသလား။ ကိုယ်တိုင် ဘာမှ မလုပ်နိုင်ဘူးလို့ အံကြိတ်နေစရာ မလိုတော့ပါဘူး။ တိုင်စရာ ရုက္ခစိုး ရှိနေပါပြီ။ မြန်မာနိုင်ငံဟာ ဆင်းရဲတဲ့ နိုင်ငံဖြစ်လို့ သဘာဝ ပတ်ဝန်းကျင်ကို မှီခိုလုပ်ကိုင်စားသောက်ရပါတယ်။ ဒီတော့ ကိုယ့် အသက်မွေးမှုနဲ့ တိုက်ရိုက် ဆက်စပ်နေတဲ့ အတွက် သဘာဝပတ်ဝန်းကျင်ကို ပိုထိန်းသိမ်း စောင့်ရှောက်ဖို့ လိုပါတယ်။ ကမ္ဘာတစ်ဝန်း သဘာဝပတ်ဝန်းကျင် ပြုန်းတီးမှုတွေကို စောင့်ကြည့် မှတ်တမ်းတင်နေတဲ့ Global Forest Watch ရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီလမှ ဩဂုတ်လအတွင်း သစ်တောပြုန်းတီးမှု သတိပေးချက် သုံးသိန်းခွဲကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် တနင်္သာရီတိုင်းက လေညာအမျိုးသား ဥယျာဉ်အနီးမှာ […]

ကော့ရဲကြီးကျွန်းပေါ်ရှိ ကန်းဇော်တော

diz_admin

March 12, 2022

ကျော်မျိုးလွင် (ကောလင်း) ဒီဇင်ဘာလ၏‌ဆောင်းအငွေ့အသက်သည် ဘုတ်ပြင်း၊ ချောင်းကဖီးကျွန်းရွာကလေးတွင် အသက်မဲ့လျက်ရှိ၏။ သို့သော် ပင်လယ်ပြင်ကိုဖြတ်တိုက်ခတ်လာသောလေပြေသည်ကား နံနက်စောစောမို့လားမသိ၊ လတ်ဆတ်ပြီးအေးမြမြရှိလှ၏။ နံနက်ခင်းဒီရေအကျတွင် လှိုင်းသံ၊ လေသံတို့တိတ်ဆိတ်လျက်ရှိပြီး ပင်လယ်ရေသည် အနည်းငယ်နှောက်ကျိနေ၏။ ကျွန်းစုကလေးများသည် နေရာအနှံ့တွင်မှိုလိုပေါက်နေပြီး အချို့ကျွန်းများမှာ ကျောက်သားအတိပြီး၏။ ကျွန်းကလေးများသည် ပြန့်ပြူးသောကမ်းခြေမဟုတ်ကြဘဲ ပင်လယ်ထဲမှထိုးထွက်လာသော တောင်ကုန်းများနှင့်သာတူတော့၏။ တောင်ကတုံးတော့မဟုတ်ကြ၊ အမြဲစိမ်းတော (Evergreen forest) တို့ သျှောင်ထုံးနေကြ၏။ ပင်လယ်ထဲတွင် ထီးထီးဖြစ်နေသော ကျွန်းသေးများတွင် ဒီရေတောများ ပေါက်ရောက်မှုနည်းသည်။ ကျွန်းကြီးသော ကမ်းခြေပြန့်များတွင်သာ ဒီရေတောအများအပြားကို တွေ့နိုင်၏။ ဘာသာတရားကိုင်းရှိုင်းမှုအမှတ်အသားအဖြစ် ရွာနှင့်နီးသော ကမ်းခြေစပ်ရေထဲတွင် ရှင်ဥပဂုတ္တရုပ်ထုကျောင်းဆောင်နှင့် ကျွန်းတောင်ထိပ်ပေါ်တွင် စေတီငယ်တစ်ဆူကိုလည်း ဖူးမျှော်နိုင်၏။ ဤအရာများသည် ချောင်းကဖီးရွာ WIF (Worldview International Foundation) ရုံးမှ နံနက်စောစောထွက်လာပြီး ကြိမ်နီတောင်ရွာမရောက်ခင် ပဲ့ထောင်ပေါ်မှ […]

ထားဝယ်ထောင်တွင်း ထိရောက်သော ဆေးကုသခွင့် အလိုရှိသည်

diz_admin

January 18, 2022

သေနတ်ဖြင့် အပစ်ခံခဲ့ရစဉ်က သေသွားသည်က ပိုကောင်းဦးမည်ဟု ကိုဝေယံဖြိုး မကြာခဏ ညည်းတွားလေ့ရှိသည်။ လက်ရှိ ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းကျနေသော အသက် ၁၈ နှစ် ဝန်းကျင်ရှိ ကိုဝေယံဖြိုးမှာ စစ်တပ်အာဏာသိမ်းမှုအပြီး ဆန္ဒပြသပိတ်စစ်ကြောင်းများတွင် ပါဝင်ခဲ့သည်။ ယင်းနောက် ၂၀၂၁ ခုနှစ် မေလ ၃၁ ရက်နေ့က ထားဝယ်မြို့အနီးရှိ လယ်တဲ တစ်ခုတွင် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခံခဲ့ရသူ ဖြစ်သည်။ ကျည်ဆန်ထိမှန်ထားသည့် လက်မောင်းအတွင်းရှိ အရိုးကျိုးကြေနေပြီး စတီးရိုးထည့်ရန် လိုအပ်နေသော်လည်း ဒီဇင်ဘာလအထိ ထိရောက်သည့် ဆေးကုသခွင့်မရဖြစ်နေသည်။ ထားဝယ်အကျဉ်းထောင်သို့ သေနတ်ဒဏ်ရာ၊ စစ်ကြောရေးမှ ဒဏ်ရာများဖြင့် ရောက်လာသူ အခြားနိုင်ငံရေးအကျဉ်းသားများမှာလည်း ဆေးကုသခွင့်အပြည့်အဝမရဘဲ အကျဉ်းသား အခွင့်အရေးများ ဆုံးရှုံးနေကြောင်း ထားဝယ်ထောင်တွင် နေထိုင်ခဲ့ဖူးသော အကျဉ်းသား ၁၀ ဦးခန့်ကို ဆက်သွယ်မေးမြန်းချက် အရသိရသည်။ […]

ရှေ့နေတွေပင် ပုန်းကြရပြီ

diz_admin

January 16, 2022

အာဏာသိမ်းကာလအတွင်း ဖမ်းဆီးခံရသူတွေရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်နေကြတဲ့ ထားဝယ်ခရိုင်က ရှေ့နေတွေဟာ ရှေ့နေပါဝါ ရုပ်သိမ်းလိုက်ကြပြီး တချို့ဆို တိမ်းရှောင်နေကြရပါတယ်။ ဒါက အားကိုးရာမဲ့နေပြီး အကျဉ်းထောင်ထဲမှာ တရားရင်ဆိုင်နေကြရတဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် အံတုနေတဲ့ သူတွေ အထူးသဖြင့် လူငယ်တွေအတွက်တော့ နောက်ဆုံး ကောက်ရိုးတစ်မျှင်ကိုပင် လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ အခြေအနေဖြစ်ပါတယ်။ ရှေ့နေတွေ ဘာကြောင့် ရှေ့နေပါဝါ ရုပ်သိမ်းပြီး တိမ်းရှောင်နေကြရတာလဲ။ ဒီလို ရုပ်သိမ်းလိုက်ရတဲ့အတွက် ဖမ်းဆီးခံထားရသူတွေ အပေါ်မှာရော အကျိုးဆက်က ဘယ်လိုတွေ ရှိလာပါမလဲ။ စစ်အာဏာသိမ်းကာလအတွင်း ဖမ်းဆီး၊ တရားစွဲဆိုခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် အကျိုးဆောင် ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေကြသူတွေ ဖြစ်ပါတယ်။ အဲဒီရှေ့နေတွေကို အားပေးကူညီမှုနဲ့ စစ်ကောင်စီက ဖမ်းမယ်ဆီးမယ်ဆိုတဲ့ အသံတွေထွက်လာလို့ ထားဝယ်ခရိုင်က ရှေ့နေတွေအားလုံးနီးပါး ပါဝါရုပ်ကြတာလို့ ရှေ့နေအသိုင်းအဝိုင်းကနေ သိရပါတယ်။ ရှေ့နေတွေကို […]

ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ် Booster ထိုးပေးမည့်သူများကို စာရင်းကောက်

diz_admin

January 11, 2022

ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်အပြည့်ထိုးပြီးသူများကို တတိယအကြိမ်အဖြစ် ထပ်ဆောင်းအားဖြည့် Booster ဆေး ထပ်မံထိုးပေးရန် စာရင်းကောက်ယူနေကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ထားဝယ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ထံက သိရသည်။ အစိုးရဌာနများတွင် အသက် ၅၀ နှစ်အထက်ရှိ ဝန်ထမ်းများနှင့် အရပ်သားပြည်သူတွင် အသက် ၆၅ နှစ် အထက် သက်ကြီးများကို တတိယအကြိမ် ထပ်မံထိုးပေးရန် စာရင်းကောက်ယူနေပြီဖြစ်ကြောင်း ထားဝယ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်လုံး အပြည့်ထိုးထားပြီး ၆ လ ပြည့်သောသူများကိုသာ ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ် ထိုးပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ကိုဗစ်ကာကွယ်ဆေးထိုးပြီး ခြောက်လပြည့်ပြီးသူ ကျန်းမာရေးဝန်ထမ်း အများစုကို ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထိုးပေးနေပြီး ကျန်းမာရေးဝန်ထမ်းအများစုက ကာကွယ်ဆေး သုံးကြိမ်စလုံး […]

တော်လှန် လွတ်လပ်ရေးနေ့

diz_admin

January 4, 2022

မနှစ်လွတ်လပ်ရေးနေ့က ကိုဗစ်က သတ်သည်။ ယခုလွတ်လပ်ရေးနေ့တွင် ကား နောက်ထပ် လူလုပ် ကပ်ဘေးတစ်မျိုးက သတ်နေပြန်သည်။ ပုံမှန်အားဖြင့် လွတ်လပ်ရေးနေ့တွင် ကြက်ပျံမကျ စည်ကားလေ့ရှိသော ထားဝယ်ဒေသ၏ နာမည်ကျော်မောင်းမကန်ကမ်းခြေ သဲသောင်ပြင်တစ်နေရာတွင် အမျိုးသမီးတစ်ဦး စိတ်ပျက်လက်ပျက်ထိုင်ရင်း တစ်စုံတစ်ရာကို မျှော်နေသည်။ ခဏအကြာတွင် သူမအနီးလာသည့် ဧည့်သည်အချို့ကို “ရေမကူးသေးဘူးလား၊ ဗောကွင်းရှိတယ်နော်”ဟုဆို ကာ ဈေးခေါ်နေသည်။ သူမမျှော်နေသည်မှာ ကမ်းခြေတွင် ရေဆင်းကူးမည့်သူများပင်ဖြစ်သည်။ နေ့လယ် ၁၂ နာရီအချိန်ခန့်ရှိပြီဖြစ်သော်လည်း ကမ်းခြေသို့လာသည့် ဧည့်သည်ကား ဟိုတစ်စု ဒီတစ်စုနဲ့ ကျိုးတိုးကြဲတဲ။ ထားဝယ်ဒေသတွင် အသုံးများသည့် သုံးဘီးဆိုင်ကယ် လေး၊ ငါး စီးနှင့် အိမ်စီးကားအချို့သာ ကမ်းခြေကို ဦးတိုက်ရပ်နားထားသည်။ အများစုမှာ ထားဝယ်ဒေသခံများဖြစ်ကြပြီး အခြားတိုင်း၊ ပြည်နယ်မှ ဧည့်သည်များကို မတွေ့ခဲ့ရပေ။ ကိုဗစ်မတိုင်မီက ယခုကဲ့သို့ […]

ဆံပင်ကျွတ် ကိုယ်အလေးချိန်တက်-ကိုဗစ် ရောဂန္တရကပ်တွင်းက ပြောင်းသွားသော ကိုယ်ခန္ဓာ

diz_admin

December 8, 2021

အေမီ ဖလီးမင်း | ဆံပင်ကျွတ်၊ မျက်လုံး၊ သွား၊ နှလုံး၊ ဗိုက်၊ အရေပြား၊ ခြေထောက်၊ အစားအသောက်ပုံစံနဲ့ ကိုယ်ခန္ဓာ ကြံ့ခိုင်မှု စတဲ့ ကိုဗစ် ကပ်ဘေးထိပြီး ကိုယ်ခန္ဓာ အပြောင်းအလဲ ဖြစ်တာတွေ အကြောင်းကို ရှင်းပြထားပါတယ်။ အလွတ်တန်း စာရေး ဆရာမ အေမီဖလီးမင်း၏ The Guardian ပါ ဆောင်းပါး ဘာသာပြန်ဆိုထားပါသည်| ဒဏ်ရာအနာတရတွေ၊ မျက်စေ့မှုန်လာပြီ၊ သွားတွေဆွေးမြေ့လာပြီ ခြေထောက်တွေလည်း မသန်တော့ဘူးလေ။ ပုံမှန်မဟုတ်တဲ့ ခက်ခဲလှတဲ့ ကိုဗစ်ကပ်ထဲကနှစ်တွေ ကျွန်မတို့ရဲ့ အထွေထွေကျန်းမာရေးကို မမျှော်လင့်ဘဲ အကျိုးသက်ရောက်ခဲ့ပေါ့။ ဒီနှစ် အပြင်တွေ သိပ်မထွက်ရဘဲနဲ့များ ကျွန်မရဲ့ ဘယ်ဖနှောင့်ဟာ စပြီး နာလာတယ်။ ဒါဟာ အချို့အရာတွေ ယိုယွင်းလာတဲ့ အစကနဦး အခြေအနေပေါ့။ ဇရာရဲ့ […]

စစ်အာဏာသိမ်းဘေး အကြားမှ တောင်သူ ဒုက္ခ

diz_admin

December 4, 2021

ရုတ်တရက် လှမ်းကြည့်လိုက်ရင် ကန်းသင်းရိုးပေါ်မှာထောင်ထားတဲ့ စာခြောက်ရုပ်လို့ထင်ရလောက်အောင် ဦးကုလား မလှုပ်မရှက် ခြေပစ်လက်ပစ် ထိုင်နေတယ်။  ရွှေရောင်ဝင်းဝါနေတဲ့စပါးခင်းကြီးက အရင်လိုအမောပြေအောင်စွမ်းမသာတော့ပါဘူး။  စပါးခင်းကိုဖြတ်ပြီး တိုက်ခတ်လာတဲ့ ဆောင်းလေပြေညှင်းရဲ့ အေးမြမှုကိုတောင် သူမခံစားနိုင်တော့ဘဲ သက်ပြင်းတွေသာ ခဏခဏ ချနေမိတယ်။  အရပ်ပုပု ကျစ်လစ်ကြံ့ခိုင်တဲ့ ခန္ဒာကိုယ်ပိုင်ရှင် ဦးကုလားဟာ  ခန္ဒာကိုယ်ကသာ ငြိမ်ပြီးထိုင်နေပေမယ့် ဦးနှောက်ထဲမှာတော့ ကိန်းဂဏန်းတွေ ပေါင်း၊ နုတ်၊ မြောက်၊ စား လုပ်ဟန်တူပါတယ်။ ခဏကြာတော့ သူ့နှုတ်ကနေ လွှတ်ခနဲ စကားတစ်ခွန်းထွက်ကျလာပါတယ်။  “စပါးခြောက်ဆယ်(တင်း) လောက် အထွက်လျော့နေတယ်”အာဏာသိမ်းမှုနောက်ဆက်တွဲအဖြစ် စီးပွားရေး ပြိုဆင်းနေတာတွေ၊ ဥတုဘေးတွေကြောင့် မြန်မာနိုင်ငံက လူသန်းချီဟာ ဆင်းရဲတွင်းထဲ ရောက်၊ ဝင်ငွေ ကျဆင်းနေရတဲ့ အထဲမှာ ဦးကုလားလည်း မလွတ်ပါဘူး။ သူတို့လိုပဲ မြန်မာနိုင်ငံရဲ့ အခြေခံ လူတန်းစားလို့ ဆိုကြတဲ့ […]