အန်ကယ်ဆမ်တောင်ဝှေး ကမ္ဘာကို ရိုက်ချိန်
Dawei Watch
February 1, 2025ဇန်နဝါရီ ၂၅ ရက် ၊ စနေနေ့ နံနက်။ ဆီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းက အယ်လ်ဟောလ်ဒုက္ခသည်စခန်းဆီကို ရိုးရှင်းပြတ်သားတဲ့ သတင်းစကားတစ်ခုရောက်လာတယ်။ “အလုပ်တွေ ရပ်လိုက်” လူ ၄၀,၀၀၀ ကျော် မှီခိုနေရတဲ့ ဒုက္ခသည်စခန်းမှာ အကူအညီအထောက်အပံ့ပေးတာတွေ အားလုံးရပ်လိုက်ဖို့ အမိန့်။ စခန်းမှာ ရှိနေသူ အမျာစုက ဆီးရီးယားနိုင်ငံထဲက ISIS အဖွဲ့ထိန်းချုပ်ဖူးတဲ့ နေရာတွေကနေ ထွက်ပြေးလာတဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်များ။ သူတို့အတွက် သောက်သုံးရေ ၊ တကိုယ်ရေသန့်ရှင်းရေး ၊ မိလ္လာစနစ်နဲ့ လုံခြုံရေးအစီအမံတွေ အားလုံးဟာ ဖြစ်ချင်ရာဖြစ် ပစ်ချခံလိုက်ရပြီ။ အလားတူ ထိခိုက်မှုကို ဆီးရီးယားရဲ့ အယ်လ်ရွတ်ဂျ်ဒုက္ခသည်စခန်းမှာလည်း ခံစားလိုက်ရပြီ။ ISIS တပ်ဖွဲ့ဝင်ဟောင်းတွေကို ထိန်းသိမ်းထားတာကလည်း ဒီဒုက္ခသည်စခန်းနှစ်ခုစလုံးရဲ့ အနီးအနားမှာ။ “အကြမ်းဖက်အန္တရာယ်နဲ့ မတည်ငြိမ်မှုခြောက်လုံးက ရုတ်တရက် ကြီးကြီးမားမား ပေါ်လာပြီ။ […]