နှစ် ၃၀ အလွန်တစ်ကျော့ပြန် စစ်ဘေးရှောင်များ
diz_admin
August 16, 2022စိုက်ပျိုးရေး လုပ်ငန်းများဖြင့် အေးချမ်းတည်ငြိမ်နေသည့် ရွာကလေးများမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကကဲ့သို့ နေအိမ်စွန့်ခွာကာ ထွက်ပြေးကြရပြန်ပေပြီ။ ၁၉၉၁-၉၂ ခုနှစ်ဝန်းကျင်က စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်မှုကြောင့် စစ်ဘေးဒဏ်သင့်၍ ရွာလုံးကျွတ်ပြောင်းပြေးခဲ့ရသည့်မြန်မာနိုင်ငံတောင်ပိုင်းမှ ကျေးရွာလေးများမှာ ယခု နှစ်ပေါင်း ၃၀ အကြာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် တစ်ကျော့ပြန် တိုက်ပွဲများဖြစ်ကာ ပြေးနေကြရပြန်သည်။ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည့် အဆိုပါဒေသမှ စစ်ဘေးရှောင်များမှာ အထောက်အပံ့ လမ်းကြောင်းများ ပိတ်ဆို့ခံထားရမှုကြောင့် ယခုအခါ ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေရပြီဖြစ်သည်။ နှစ် ၃၀ တစ်ကျော့ပြန် ယင်းရွာလေးများမှာ မြိတ်မြို့နှင့် တနင်္သာရီမြို့အကြား တနင်္သာရီမြစ်မကြီးမှ ခွဲထွက်လာသည့် မြစ်လက်တက်၏ မြစ်ကမ်းတစ်ဖက်တစ်ချက်ပေါ်တွင် တည်ရှိသော ရွာများဖြစ်သည်။ ယင်းရွာလေးများတွင် လယ်သစ်ကျေးရွာနှင့် ပဝကျေးရွာတို့မှာ ထင်ရှားလှသည်။ လယ်သစ်ကျေးရွာလေးမှာ လူဦးရေသိပ်မများလှ။ […]