ချောင်းဆိုးပျောက်ဆေးကြောင့် လူသေဆုံးခဲ့မှုနှင့် အိန္ဒိယနိုင်ငံထုတ် ဆေးဝါးများအန္တရာယ်
diz_admin
October 21, 2022ပြီးခဲ့သည့် (၂၀၁၉) ခုနှစ် ဆောင်းရာသီအတွင်း အိန္ဒိယနိုင်ငံ ဂျမူးဒေသမှ ကလေးငယ် တချို့သည် ထူးဆန်းသော ဝေဒနာဆန်းကြောင့်ဟု ယူဆရသည့် နာမကျန်းမှုများ ဖြစ်ခဲ့ကြသည်။ ကလေးများသည် အအေးမိကာ ချောင်းဆိုး ခဲ့ကြသဖြင့် ချောင်းဆိုးပျောက်ဆေးရည်တစ်မျိုး ကို ဆေးညွှန်းပေးခဲ့သည်ဟု ဒေသခံ ဆရာဝန်များက ပြောကြားသည်။ ချောင်းဆိုးပျောက်ဆေးသောက်ပြီး ပြန်လည်သက်သာလာရမည့်အစား ကလေးများသည် ပြင်းပြင်းထန်ထန် နေမကောင်း ဖြစ်ကြကာ၊ အန်ခြင်း၊ အဖျားတက်ခြင်း၊ ကျောက်ကပ် အလုပ်မလုပ်ခြင်း တို့ ဖြစ်သွားခဲ့ကြသည်။ ယင်းပြဿနာကို အဖြေရ သည့် အခါမှာတွင်ကား အသက် (၂)လမှ (၆)နှစ်ကြား ကလေး (၁၁)ဦး သေဆုံးသွားခဲ့ရပြီး ဖြစ်သည်။ စစ်ဆေးမှုများအရ တွေ့ရှိရသည်မှာ အိန္ဒိယ ဆေးဝါးကုမ္ပဏီ Digital Vision က ထုတ်လုပ်သော ချောင်းဆိုးပျောက်ဆေးရည် […]