BREAKING
February 25, 2025

ဆောင်းပါး

ပူလွန်းတဲ့နွေမှာ ရှားလာတဲ့ ရေကြည်တစ်ပေါက်

diz_admin

April 23, 2023

ဦးထွန်းတစ်ယောက် လှေကိုဒုန်းစိုင်းမောင်းနေပါတယ်။ ရေငန်ပတ်လည်ဝိုင်းထားတဲ့ ပြင်ကြီးကျွန်းမှာ ရေချိုပြတ်နေတာ ရက်ပေါင်း ၆၀ လောက်ရှိနေပါပြီ။ လူဦးရေရာဂဏန်းလောက်အတွက် သူတို့ကျွန်းမှာ သောက်စရာ ရေကြည်၊ ရေသန့်မရှိတော့။ ထားဝယ်မြစ်ဝ လောင်းလုံးမြို့နယ်ထဲမှာပါတဲ့ တံငါရွာလေးဖြစ်တဲ့ ပြင်ကြီးကျွန်း။အဲဒီကျွန်းကနေ သရက်ချောင်းမြို့နယ် ဆင်းကူးပြင်ရွာလေးကို ဦးထွန်းဦးတည်သွားနေတာပါ။ လှေ‌ပေါ်မှာ အရွယ်စုံ ဆိုဒ်စုံ ထည့်စရာဘူးများ။ “ရွာထဲက ရေကန်ကခန်းသွားပြီဆိုတော့ အဝေးကြီးမှာ သွားခပ်နေရတယ်” လို့ ဦးထွန်းကဆိုပါတယ်။ ပြင်ကြီးကျွန်းနဲ့ ဆင်းကူပြင်ဟာ လှေနဲ့အသွားအပြန် တစ်နာရီလောက်ကြာပါတယ်။ မိုးများရေလျှံ မိုးနည်းရေရှား တနင်္သာရီတိုင်းဟာ ရေရှားပါးမှုဒဏ်ကို ဒေသခံတွေ ခံစားလာကြရပြန်ပါပြီ။ ရာသီဥတုဟာ တစ်နှစ်ထက်တစ်နှစ်ပိုပူပြင်းလာပြီး ရေရှားပါးတာကို နှစ်တိုင်းခံစားနေကြရပေမယ့် ပြဿနာရဲ့ ရင်းမြစ်ကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိသေးသလို ဖြေရှင်းပေးမယ့်သူလည်း မရှိပါဘူး။ “ရေရှားပြီဆိုရင် ရေလှူပေးတဲ့အဖွဲ့တွေကိုပဲ အားကိုးနေရသေးတယ်။ ဒီနှစ်တော့ ရေလှူပေးတဲ့အဖွဲ့တွေကိုလည်း မဆက်သွယ်တော့ဘူး။ […]

ထိုင်းအစိုးရ၏ လုပ်ရပ်များက စစ်ကောင်စီကို တရားဝင်ကြောင်း အသိအမှတ်ပြုရာ ရောက်နေပြီလား

diz_admin

April 13, 2023

၂၀၂၁ ခုနှစ်တွင် အရပ်သားအစိုးရထံမှ အာဏာသိမ်းပြီးနောက် အုပ်စိုးနေသည့် မြန်မာစစ်တပ်ကို တိုက်ရိုက်ဝေဖန်ခြင်းမပြုမိစေရန် ထိုင်းနိုင်ငံက သတိထားခဲ့သော်လည်း မကြာသေးမီက ဖြစ်ရပ်များကြောင့် ၎င်း၏အိမ်နီးနားချင်းအစိုးရအပေါ် ထားရှိသည့် အမြင်နှင့် ပတ်သက်ပြီး ရှင်းလင်းစွာ နားလည်ရန် ခက်ခဲသယောင် ဖြစ်လာသည်။ ထိုင်း၊ မြန်မာနှင့် လာအိုနိုင်ငံတို့၏ အချို့နေရာများတွင် မီးခိုးမြူများ ထူထပ်နေခြင်းကြောင့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက လာအိုဝန်ကြီးချုပ် ဆုန်ဆေး ဆီဖန်ဒုန် နှင့် မြန်မာစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို ဧပြီလ ၇ ရက်နေ့က လက်ခံတွေ့ဆုံခဲ့ပြီး နယ်စပ်ဖြတ်ကျော် လေထုညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက စစ်ကောင်စီခေါင်းဆောင်ကို “မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်” ဟူ၍ မြန်မာနိုင်ငံအတွင်းနှင့် ကမ္ဘာ့အခြားနေရာအများအပြားတွင် အငြင်းပွားဖွယ် ရာထူးအခေါ်အဝေါ် […]

မျက်ရည်ဖြင့် ဆင်နွှဲရသည့် သင်္ကြန်

diz_admin

April 13, 2023

လူအုပ်စုကြီးက မိမိအလှည့်ရောက်မည့်အချိန်ကို နွေနေပူပူတွင် စောင့်ဆိုင်းနေကြရသော်လည်း မျက်နှာများတွင် အပြုံးရိပ်များဖြင့် တက်ကြွမှုများတွေ့နေရသည်။ တစ်နှစ်တာလုံး ရေခြားမြေခြားတွင် အလုပ်လာရောက်လုပ်ကိုင်နေသူများအတွက် အိမ်ပြန်ရတော့မည်ဆိုသည့် အတွေးက နွေနေပူပူကိုပင် အံတုနေသယောင်။ သူတို့တွေက သင်္ကြန်တွင်း နေရပ်ပြန်ကြမည့် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများဖြစ်သည်။ မြန်မာနိုင်ငံသားများတော့မဟုတ် ကမ္ဘောဒီယားနိုင်ငံသားများဖြစ်သည်။ အလုပ်အကိုင် အခွင့်အလမ်းများအတွက် မိမိမွေးရပ်နိုင်ငံမှ ထွက်ခွာ၍ ရွှေ့ပြောင်းအလုပ် လုပ်ကိုင်နေခဲ့ရသော မြန်မာအလုပ်သမား အရေအတွက်သည် ထိုင်းနိုင်ငံတွင် သန်းချီရှိသည်။ အလုပ်သမားများသည် တစ်နှစ်ပတ်လုံး အလုပ်လုပ်ပြီးနောက် သင်္ကြန်အားလပ်ရက်တွင် မြန်မာနိုင်ငံရှိ မိဘအိမ်သို့ တစ်လခန့်ကြာအောင် နေရပ်ပြန် ရေကစားလေ့ရှိကြသည်။ ထိုင်းနိုင်ငံက ကိုဗစ်ကပ်ရောဂါကြောင့် ၃ နှစ်နီးပါးပိတ်ထားခဲ့သော နယ်စပ်ဂိတ်များ၊ နိုင်ငံတကာလေဆိပ်များကို ယခင်နှစ်လယ်ပိုင်းမှစ၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ ယခုနှစ်တွင် နိုင်ငံအလိုက် နှစ်သစ်ကူးပွဲတော် ဆင်နွှဲရန်အတွက် လာအို နှင့် ကမ္ဘောဒီးယား […]

အမေရိကန် အောက်လွှတ်တော်အမတ်နှင့် ထိုင်ဝမ်သမ္မတတို့ တွေ့ဆုံမှုအပေါ် ပြင်းထန်လာသော တရုတ်အစိုးရ၏ တုံ့ပြန်မှုများ

diz_admin

April 9, 2023

အမေရိကန် ၏ နိုင်ငံရေး ခေါင်းဆောင်မှု အဆင့်တွင် တတိယ အမြင့်ဆုံး အရာရှိ ဖြစ်သည့် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ  ကယ်ဗင် မက်ကာသီ နှင့် အခြားသော ရီပတ်ဘလီကန် နှင့် ဒီမိုကရက်တစ် ပါတီများမှ လွှတ်တော် အမတ်များသည် ကယ်လီဖိုးနီးယား ပြည်နယ်၊ ဆီမိုင် တောင်ကြားရှိ ရော်နယ်ရေဂင် သမ္မတ စာကြည့်တိုက်တွင် ထိုင်ဝမ် သမ္မတ ဆိုင်အင်ဝမ် ကို လက်ခံတွေ့ဆုံခဲ့သည်။ ခရီးစဉ်မစတင်မီကတည်းက တရုတ်ထံမှ လက်တုံ့ပြန်မည်ဟု ခြိမ်းခြောက်မှုများ ဆက်တိုက် ရှိနေခဲ့သော်လည်း အမေရိကန် နှင့် ထိုင်ဝမ် သည် ယင်းတွေ့ဆုံမှုကို အကောင်အထည် ဖော်ခဲ့ကြသည်။ ဤသို့ ဧပြီ ၅ရက်နေ့ ၊  အမေရိကန်မြေပေါ်တွင် ရာထူးကြီး အမေရိကန် အရာရှိ တစ်ဦးအပါအဝင် […]

ထားဝယ်သင်္ကြန်တဲ့လား…………..

diz_admin

April 6, 2023

စစ်ကောင်စီက မကြာခင်ကျရောက်တော့မယ့် မဟာသင်္ကြန်ပွဲတော်ကို စည်ကားစွာကျင်းပနိုင်ဖို့ အားသွန်လုပ်ဆောင်နေတာ တွေ့ရပါတယ်။ ပဋိပက္ခတွေ၊ တိုက်ပွဲတွေ၊ မီးခိုးငွေ့တွေ၊ အထွေထွေအကျပ်အတည်းတွေနဲ့ စိတ်ပျက်စရာ အခြေအနေကို အာဏာသိမ်း စစ်ကောင်စီက ပြည်ဖုံးကားချလိုက်ချင်ပါပြီ။ သင်္ကြန်ပွဲတော်ကို စည်ကားအောင် လုပ်လိုက်ယုံနဲ့ အမှန်တကယ် ဖြစ်ပျက်နေတာတွေ ကွယ်ပျောက်သွားမှာလား ဆိုတာကတော့ မေးခွန်းထုတ်စရာတောင် မလိုဘူးထင်ပါတယ်။ ဒါပေမဲ့လည်း မကြာခင်ကျင်းပတော့မယ့် မဟာသင်္ကြန်ပွဲတော်ကို စည်ကားစွာကျင်းပနိုင်ရေး အားသွန်ခွန်စိုက် လုပ်ဆောင်နေတာကတော့ အသေအချာပါပဲ။ မြန်မာနိုင်ငံတောင်ပိုင်းက ထားဝယ်မြို့ထဲမှာဆိုရင်လည်း သင်္ကြန်မဏ္ဍပ်တွေ ပြီးလုနီးပါးဖြစ်နေကြပြီ။ ဒီနှစ်ထားဝယ်မြို့ထဲ သင်္ကြန်မဏ္ဍပ်သုံး‌ခုနဲ့ မြို့ပြင်မှာတစ်ခု စုစုပေါင်း လေးခုလောက်ရှိနိုင်ပါတယ်။ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်နားက ဗဟိုမဏ္ဍပ်၊ ဖိုးသီးချိုကလေးကစားကွင်းနားမှာက တစ်ခု၊ တိုင်းအစိုးရဖွဲ့ရုံးနံဘေး ဆောက်လုပ်ရေးဦးစီးဌာနရုံးဝင်းထဲမှာတစ်ခု၊ ထားဝယ်အဝေးပြေးဝင်းဘက်ကိုသွားတဲ့လမ်းက တပ်နယ်မဏ္ဍပ်တစ်ခု အားလုံးပေါင်းလေးခုပါ။ မနှစ်သင်္ကြန်တုန်းကလည်း စည်ကားအောင်လုပ်မယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ မှန်းချက်နဲ့နှမ်းထွက် မကိုက်ဘူးလို့ပဲဆိုရမှာပါ။ […]

မိုင်းအန္တရာယ် ကာကွယ်နိုင်မည့် App 

diz_admin

April 5, 2023

စစ်ရေးပဋိပက္ခဖြစ်ပွားနေသည့်ဒေသများ၊ ယခင်နှစ်များက တိုက်ပွဲများဖြစ်ပွားခဲ့ဖူးသည့်ဒေသများတွင် နေထိုင်သူတို့ ဆောင်ထားသင့်သည့် မိုင်းအန္တရာယ်ပညာပေး App တစ်ခုအကြောင်းကို မိတ်ဆက်ဖော်ပြပေးပါမည်။ “MRE Myanmar” ဟု အမည်ရသည့် မိုဘိုင်းလ် App တွင် မိုင်းအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် စသည့် သိသင့်သိထိုက်သည်များကို ဖော်ပြထားသည်။ ၎င်း App ကို ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF Myanmar) က ဖန်တီးထုတ်လုပ်ထားခြင်းဖြစ်သည်။ “မြေမြှုပ်မိုင်းတွေက အသက်သေဆုံးစေတဲ့အထိ အန္တရာယ်များပါတယ်။ ဒါပေမဲ့ ဒီမိုင်းအန္တရာယ်ပညာပေး app နဲ့ ဆိုရင်တော့ ဖုန်းကနေပဲ ကိုယ့်အသက်ကို ကာကွယ်ပေးနိုင်တဲ့ သတင်းအချက်တွေ ရရှိနေနိုင်ပါပြီ” ဟု ယူနီဆက်အဖွဲ့က ထုတ်ပြန်ထားသည်။ မိုင်းအန္တရာယ်အကြောင်းများကို သရုပ်ဖော် ရုပ်သံဗီဒီယိုဖိုင်ဖြင့် ရှင်းလင်းပြောပြထားသည်။ မည်သူမဆို အလွယ်တကူအသုံးပြုနိုင်ပြီး နားလည်လွယ်အောင် ဖန်တီးထားသည်ကိုတွေ့ရသည်။ […]

တံတားဖွင့်ပွဲ တစ်ခု၏ အဖိုးအခ – မီးခိုးများ၊ ပြာများ၊ သွေးညှီနံ့များ

diz_admin

April 3, 2023

ထားဝယ်မြို့တွင် အလှဓာတ်ပုံရိုက်စရာနောက်ထပ် နေရာတစ်ခု ဖြစ်ကောင်းဖြစ်လာနိုင်သည်။ သို့သော် အခြားတစ်ဖက်တွင် သွေးညှီနံ့များ၊ ပြိုကွဲသွားသော မိသားစု အဆောက်အဦများ၊ တောတောင်အတွင်း ထွက်ပြေးခဲ့ရသော လောင်းလုံးဒေသခံများ၏ ဒဏ်သင့်ခြေရာများ၊ ကျမျက်ရည်များ ရှိနေသည်။ စစ်အုပ်ချုပ်ရေး နယ်မြေမဟုတ်သော လောင်းလုံးသို့ ကုန်းလမ်းရေလမ်းမှ ညှပ်ပြီး စစ်ကြောင်းထိုးလာသည်။ အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်နေဆဲ လောင်းလုံး၊ အခါမရပ် ရှင်းလင်းသတ်ဖြတ်မှုများ ရှိတတ်သော လောင်းလုံး၊ မတ်လဆန်းတွင် မထင်မှတ်သော ရောင်စုံဖြစ်စဉ်များကို ဆောင်ကြဉ်းလာသည်။ တနင်္သာရီတိုင်းဒေသကြီးတွင် ပုလောနှင့် တနင်္သာရီမြို့နယ် နှစ်ခုကို စစ်အုပ်ချုပ်ရေးကြေညာထားပြီး လောင်းလုံးမြို့နယ် မပါဝင်ပါ။ သို့သော် လောင်းလုံးမြို့နယ်ကို မတ်လ ဆန်းမှ စတင်၍ ဆက်တိုက်စစ်ကြောင်းထိုးလာပြီး ရွာပေါင်း ၆ ရွာမှ နေအိမ်များမီးရှို့ခံရသည်။ ဒေသခံအချို့ သတ်ဖြတ်ခံလိုက်ရသည်။ လောင်းလုံးဒေသခံများ၏ […]

တနင်္သာရီတိုင်း အမဲရောင်နယ်မြေက အဖိနှိပ်ခံဘဝများ

diz_admin

March 30, 2023

ပုလောမြို့နယ်၊ ပြည်ထောင်စုလမ်းတစ်လျှောက်ရှိ ရွာလေးတချို့မှာ လူခြေတိတ်ဆိတ်နေသည်။ မီးလောင်ထားသဖြင့် အိမ်များမှာလည်း ကျိုးတိုးကျဲတဲ။ အချို့အိမ်များဆိုလျှင် မီးလောင်ငုတ်တိုများ၊ မီးလောင်ထားသဖြင့် မဲနက်နေသည့် သစ်သားပြတင်းဘောင်များ၊ မီးလောင်ထားသော အုတ်နံရံများဖြင့် တိုက်အိမ်ဟောင်းလောင်းများက မြို့ပျက်ကြီးသဖွယ်ဖြစ်နေသည်။ ရွာတွင်းလမ်းများသည်လည်း သွားလာသူ အနည်းငယ်သာရှိပြီး တိတ်ဆိတ်ခြောက်ကပ်နေသည်။ “ကျွန်တော်အသက် ၅၀ ပြည့်မှ ဒီအိမ်လေးကို ဆောက်နိုင်တာပါ။ နောက်ထပ်ပြန်ဆောက်ဖို့ဆိုတာကတော့ ဒီတသက် မလွယ်တော့ဘူး။ တော်တော်လေးပြန်ပြီး ရုန်းကန်စုဆောင်းရဦးမယ်ပေါ့ဗျာ” ဟု မြိတ်ခရိုင်ပုလောမြို့နယ်၊ တိုရွာနေ အသက် ၆၀ အရွယ်ရှိ ဦးလေးမောင် (အမည်လွှဲ) က ဆိုလိုက်သည်။ တိုရွာသည် ယခင်ရွာကြီးတစ်ရွာဖြစ်ခဲ့သော်လည်း လက်ရှိအချိန်တွင် ပလမြို့၏ အမှတ် ၁၊ အမှတ် ၂ ရပ်ကွက်အတွင်း ထည့်သွင်းထားသည်။ ဦးလေးမောင် နေထိုင်သည့် တိုရွာသို့ ၂၀၂၂ ဒီဇင်ဘာလ ၃၀ […]