လည်စင်းပေးနေရသည့် ထိုင်းရောက် မြန်မာလုပ်သားများ
Dawei Watch
June 15, 2023ကိုလှမျိုးအပါအဝင် မြန်မာအလုပ်သမား ၆ ဦးက အလုပ်ထွက်ပြီး အခြားအလုပ်တစ်ခုလုပ်ရန်အတွက် စက်ရုံမန်နေဂျာထံမှ တရားဝင်အထောက်အထား တောင်းမည်ဟု ဆုံးဖြတ်ပြီး အလုပ်သို့သွားခဲ့ကြသည်။ သို့သော်ဖိုးချစ်ကန်းဟု ခေါ်သည့် စက်ရုံမန်နေဂျာက ပစ္စတိုသေနတ်တကိုင်ကိုင်ဖြင့် လမ်းလျှောက်နေသည့်အတွက် ယင်းကိစ္စနှင့်ပတ်သက်၍ စကားတစ်ခွန်းပင် မဟရဲတော့ကြောင်း ကိုလှမျိုးက ဆိုသည်။ စက်ရုံပိုင်ရှင်သူဌေးအမည်ဖြင့် ပန်းရောင်ကတ်၊ အလုပ်လုပ်ခွင့်ပါမစ် လုပ်ထားကြပြီး ကျသင့်ငွေကို အပြေအကြေဆပ်ပြီးဖြစ်သည်ဟု ကိုလှမျိုးက ဆိုသည်။ သို့သော် အလုပ်သမားများလက်ဝယ်တွင် တရားဝင်အထောက်အထားဟူ၍ စာရွက်တစ်ရွက်ပင် မရှိကြပေ။ “ပန်းရောင်ကတ်နဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတောင်းချိန်ဆို ပစ္စတိုသေနတ်တကားကားနဲ့ အလုပ်သမားတွေနဲ့ ရှင်းမယ်ဆိုရင် မန်နေဂျာက ပစ္စတိုယူလာရော။ ပစ္စတိုကိုင်ပြီးတော့ ငါ့ကိုလာရှင်းတဲ့” ဟု ၎င်းက ရှင်းပြသည်။ ကိုလှမျိုးမှာ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်အနီးရှိ လှဘူရီမြို့ အုန်းသီးစက်ရုံတွင် အလုပ်လုပ်နေခြင်းဖြစ်သည်။ အဆိုပါ အုန်းသီးစက်ရုံမှ အလုပ်ထွက်မည့် […]