မီးဖိုချောင်တိုက်ပွဲ
Dawei Watch
May 25, 2023ထားဝယ်မြို့ပေါ်ရပ်ကွက်နေ မဖြူဝင်းတို့မိသားစု၏ ထမင်းဝိုင်းကလေးမှာ ယခင်ကလိုမဟုတ်တော့။ ပင်လယ်စာနှင့် သား၊ငါးပေါများကြွယ်ဝသည့် တနင်္သာရီတိုင်းမှ ဒေသထမင်းဝိုင်းများမှာ အသား၊ငါး စသော ဆီပြန်ဟင်းများအပြင် အသီးအရွက်ကြော်တစ်ခွက် ၊ ဟင်းချိုတစ်ခွက်နှင့် မပါမဖြစ် ထားဝယ်ငပိသုပ်နှင့် တို့စရာများက နေရာယူထားစမြဲပင်။ ယခုမူ ထမင်းစားပွဲပေါ်တွင် မိသားစု စားလောက်ရုံ ဟင်းလေးတစ်ခွက်ဖြင့်သာ ထမင်းဝိုင်းက တိတ်ဆိတ်ခြောက်ကပ်နေသည်။ စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံအနှံ့ တော်လှန်ရေးတိုက်ပွဲများ ဖြစ်ပေါ်လာသလို အခြေခံလူတန်းစားများ၏ မီးဖိုချောင်များတွင်လည်း ဝမ်းရေးတိုက်ပွဲများ ပြင်းထန်လာနေသည်။ ကိုဗစ်နိုင်တင်း ရောဂါကပ်ဘေးနှင့် ယူကရိန်း-ရုရှားစစ်ပွဲတို့ကြောင့် အငတ်ဘေး ရင်ဆိုင်ရဖွယ်ရှိနေကြောင်း သတိပေးမှုများရှိနေချိန် မြန်မာနိုင်ငံတွင်တော့ အငတ်ဘေးကျရောက်နေသူ အများအပြားရှိလာနေပြီဖြစ်သည်။ စစ်တပ်အာဏာသိမ်းပြီးနောက်တွင် အထွေထွေကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာသော်လည်း ဝင်ငွေက တိုးမလာ။ နိုင်ငံရေး မတည်ငြိမ်မှုနှင့် ပဋိပက္ခဖြစ်စဉ်များကြောင့် အလုပ်အကိုင် ရှားပါးလာမှုနှင့်အတူ အလုပ်လက်မဲ့များလည်း တိုးလာနေသည်။ မဖြူဝင်းဆိုလျှင် […]