ဟွန်ဆန်အလွန် ကမ္ဘောဒီးယား
Dawei Watch
August 1, 2023ဝန်ကြီးချုပ် ဟွန်ဆန် နုတ်ထွက်ပြီးနောက် ကမ္ဘောဒီးယားသည် ပိုမို၍ ဒီမိုကရေစီ လမ်းကြောင်း ပေါ် သို့ ရောက်ရှိလာမည် သို့မဟုတ် အနောက်နိုင်ငံများနှင့် ပိုမိုရင်းနှီးလာစေမည် စသည့် မျှော်လင့်ချက်များ သည် လွဲမှားနေကြောင်း အတိုက်အခံခေါင်းဆောင် ဆမ်ရိန်းဆီ က ပြောကြားလိုက်သည်။ ဆယ်စုနှစ် လေးစုနီးပါး သဘောထားတင်းမာသော အုပ်ချုပ်မှုအပြီးတွင် ရာထူးမှ နုတ်ထွက်ကာ ၎င်း၏ အကြီးဆုံး သားဖြစ်သူ ဟွန်မနက်အား အာဏာ လွှဲပြောင်းပေးမည်ဟု ကမ္ဘာ့သက်တမ်းအရှည်ဆုံး ခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်သည့် ဟွန်ဆန်က ယခု သီတင်းပတ်တွင် ကြေညာခဲ့သည်။ ခမာနီတပ်သားဟောင်း ဖြစ်ခဲ့သည့် ဟွန်ဆန်သည် ၁၉၈၅ ခုနှစ်ကတည်းက ကမ္ဘောဒီးယားကို အုပ်ချုပ်ခဲ့ပြီး ၎င်း၏အာဏာတည်မြဲစေရန် ပြိုင်ဘက်ပါတီများကို ပိတ်ပင်ထားခြင်း ၊ စိန်ခေါ်သူများကို အတင်းအကျပ် ထွက်ပြေးစေခြင်း ၊ […]