တောင်ပိုင်းဒေသ စစ်ရေးအပြောင်းအလဲ – ခံစစ်မှ တိုက်စစ်သို့
Dawei Watch
July 21, 2023တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်အား တော်လှန်တိုက်ခိုက်နေသည့် တိုက်ပွဲပုံစံ ဇွန်လအတွင်း သိသိသာသာ ပြောင်းလာသည်။ ရပ်ရွာအတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းများကို ခြုံခိုတိုက်ခိုက်ပြီး ခုခံတွန်းလှန်နေရာမှ စစ်ကောင်စီတပ်စခန်းများ၊ စစ်ဆေးရေးဂိတ်များ၊ ပျူစောထီးစခန်းများကို ဝင်ရောက်တိုက်ခိုက်မှု ပိုများလာသည်။ တိုင်းအတွင်း စစ်ရေး၊ ပဋိပက္ခအခြေအနေများကို စောင့်ကြည့်ပြီး လစဉ်အစီရင်ခံစာထုတ်ပြန်နေသည့် FE5 Tanintharyi ၏ အစီရင်ခံစာအရ ဇွန်လအတွင်း တနင်္သာရီတိုင်းတွင် တိုက်ပွဲ ၄၁ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲများအနက် စစ်ကောင်စီတပ်စခန်းများ၊ စစ်ဆေးရေးဂိတ်များ၊ ပျူစောထီးစခန်းစသည့် စစ်ရေးပစ်မှတ်များကို ဝင်ရောက်တိုက်ခိုက်သည့်အကြိမ်ရေ ၂၀ အထိရှိကြောင်း အစီရင်ခံစာက ဆိုသည်။ ပြီးခဲ့သည့်ဇွန်လအတွင်းမှာပင် ထားဝယ်ခရိုင်အတွင်းရှိ မောင်းမကန်နယ်မြေရဲစခန်း၊ ရေဖြူမြို့မရဲစခန်း၊ လောင်းလုံးမြို့နယ် သဲပုံရွာရှိ စစ်ကောင်စီစခန်းနှင့် ရေဖြူမြို့အနီးရှိ စစ်ကောင်စီတပ်ရင်းများကို ဝင်တိုက်သည့် ဖြစ်စဉ်မှာ ခပ်စိပ်စိပ်ရှိနေသည်။ ထို့အပြင် […]