ကူရာမဲ့နေသည့် အိမ်မီးရှို့ခံရသူများ
Dawei Watch
November 5, 2023ရွာအလယ်မှ ထွက်ပေါ်လာသည့် မီးခိုးလုံးများကို ကြည့်နေရင်း မိမိတို့အိမ်လေး မီးရှို့ခံရပြီလားဟု စိုးရိမ်နေသူများထဲတွင် ကိုခိုင်စိုး(အမည်လွှဲ)လည်းပါသည်။ ငြိမ်းချမ်းသာယာခဲ့သည့် ပင်လယ်ကမ်းခြေ တံငါရွာလေး။ ခရီးသွားလုပ်ငန်းဖြင့် နာမည်ကျော်စပြုနေသည့် ဖိုးဖိုးကျောက်ကမ်းခြေ တည်ရှိရာ ညောပြင်ကျေးရွာလေးမှာ ယခုတော့ မီးခိုးလုံးကြီးများ တလူလူထွက်နေသည်။ ယခုနှစ် မတ်လ ၂၁ ရက် နွေမွန်းတည့်အချိန်တွင် စစ်ကောင်စီတပ်က ရွာထဲရောက်လာသဖြင့် ရွာလုံးကျွတ် စစ်ဘေးရှောင် ထွက်ပြေးခဲ့ကြရသည်။ လူသူကင်းမဲ့နေသည့် ကျေးရွာအတွင်း စစ်ကောင်စီတပ်က နေအိမ်များ မီးရှို့ခဲ့သည်။နေ့လယ် ၁၂ နာရီလောက်ကတည်းက လောင်ကျွမ်းနေသည့် မီးတောက်ကြီးမှာ ညနေမိုးချုပ်အချိန်တွင် အရှိန်သေစပြုလာသည်။ ကိုခိုင်စိုးအပါအဝင် ယောက်ျားသားအချို့ ရွာထဲချဉ်းကပ်ဝင်လာကြသည်။ အခြေအနေအကဲခတ်ကြည့်သည်။ မီးတိုက်ခဲ့သည့် စစ်ကောင်စီတပ်နှင့် အရပ်ဝတ်လက်နက်ကိုင် ပျူစောထီးအဖွဲ့များကမူ ရွာထဲတွင်မရှိတော့။ တစ်ချို့အိမ်တွေကို မီးတောက်ကြီးက ဝါးမျိုနေဆဲ။ မီးလောင်ထားသော သစ်တိုင်များထိုးထိုးထောင် နေကြသလို […]