နယ်စပ်ကုန်သွယ်ရေး ရပ်တန့်မှုအလွန် မြန်မာ့စီးပွားရေးလားရာ
Dawei Watch
January 3, 2024စစ်ကောင်စီက ၂၀၂၃ သြဂုတ်လတွင် အသစ်ချမှတ်လိုက်သည့် ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များတွင် စီးပွားရေးဦးတည်ချက် ပါဝင်လာခဲ့သည်။ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအားမြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဆိုသော အချက်ဖြစ်သည်။ သို့သော် လပိုင်းအကြာတွင်တော့ မြန်မာနိုင်ငံ၏ အကြီးဆုံးနယ်စပ် ကုန်သွယ်ရေး စခန်းများမှာ တော်လှန်ရေးအဖွဲ့များ၏ သိမ်းပိုက်မှု ခံလိုက်ရပြီဖြစ်သည်။ နိုင်ငံအနှံ့တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ်များ ရပ်တန့်သွားခဲ့ပြီး စိုက်ပျိုး၊မွေးမြူရေး ထုတ်ကုန်များ စျေးကွက်ပျောက်သည့် အခြေအနေကို ရင်ဆိုင်နေကြရသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှစကာ မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော် AA၊ ကိုးကန်တပ် MNDAA၊ တအာန်းတပ် TNLA တို့က ဦးဆောင်၍ မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲများ ဆင်နွှဲနေပြီး […]