ထိုင်းက ဝရမ်းထုတ်ရှာဖွေနေသည့် သူဌေးကျွန်းဟိုတယ်ပိုင်ရှင် ဦးကျော်လွင် ဇာတ်ကြောင်း
Dawei Watch
February 4, 2024မြန်မာနိုင်ငံတောင်ပိုင်း ကော့သောင်းမြို့ရှိ သူဌေးကျွန်းဟိုတယ်ပိုင်ရှင် ဦးကျော်လွင်၏ ရနောင်းမြို့က နေအိမ်အပါအဝင် ၎င်းနှင့် ဆက်စပ်သည့် ဘန်ကောက်နှင့် ရနောင်းမြို့ရှိ နေရာ ၂၇ ခုကို ထိုင်းအထူးစုံစမ်းရေးအဖွဲ့က ဝင်ရောက်စီးနင်းရှာဖွေခဲ့သည်။ နှစ်လုံးထီ ရောင်းချမှု၊ ငွေတိုးချေးစားမှုနှင့် ဆီတင်ပို့ရာတွင် အခွန်လိမ်လည်မှု စသည့် လုပ်ငန်းများတွင် ငွေကြေးခဝါချသည် ဆိုသော သံသယဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။ ဘတ် ၁၀ ဘီလီယံခန့် ငွေကြေးခဝါချမှုများနှင့် ပတ်သက်၍ ဦးကျော်လွင်နှင့် သက်ဆိုင်သူ ၁၈ ဦးကိုလည်း ဖမ်းဝရမ်း ထုတ်ထားခဲ့သည်။ ထိုင်းနိုင်ငံသား ခံယူထားသည့် ဦးကျော်လွင်သည် ရနောင်းတွင် အနေများပြီး ဘန်ကောက်နှင့် ရနောင်းတွင်အခြေစိုက်၍ အွန်လိုင်းလောင်းကစားဖြင့် စီးပွားရေးလုပ်ကိုင်နေသည်ဟု ထိုင်းသတင်းများက ဆိုသည်။ ထိုင်းရဲတပ်ဖွဲ့၏ ဝင်ရောက်စီးနင်းမှုအတွင်း ဇိမ်ခံကားများ၊ ရွှေငွေနှင့် […]