BREAKING
January 26, 2025

ဆောင်းပါး

ဆိုရှယ်မီဒီယာမှာ ဘယ်သူ အယ်ဒီတာလဲ

Dawei Watch

January 23, 2024

(ဆိုရှယ်မီဒီယာနှင့် မြန်မာ့သတင်းစီးဆင်းမှု လမ်းကြောင်းသစ် အကန့်အသတ်) (၁) ဆိုရှယ်မီဒီယာဆိုတာ ဘာလဲ ဆိုရှယ်မီဒီယာမှာ ဘယ်သူ အယ်ဒီတာလဲ၊ သတင်းဌာနတွေက စိစစ်ပြီးသားသတင်းတွေကို ကွန်မြူနတီစတန်းဒတ်နဲ့ညီ-မညီ ဆုံးဖြတ်ချက်ချနေတဲ့ ဆိုရှယ်မီဒီယာဝန်ထမ်းတွေဟာ သတင်းအယ်ဒီတာတွေထက် ပိုတတ်ကျွမ်းသူတွေလားဆိုတာကို မဆွေးနွေးခင် ဆိုရှယ်မီဒီယာဆိုတာ ဘာလဲဆိုတာကို အရင် တင်ပြချင်ပါတယ်။ မီဒီယာမှတ်တမ်းတွေအရ ၂၀၀၀ ပြည့်လွန်နှစ်တွေမှာ စတင်ပေါ်လာတဲ့ Facebook, Youtube, Twitter (X), အပါဝင် အင်တာနက်နဲ့ လျှပ်စစ် နည်းပညာကိုအခြေခံတဲ့၊ ကွန်ပြူတာ၊ စမတ်ဖုန်းတို့ကို အခြေခံပြီးအသုံးပြုတဲ့ မီဒီယာတွေကို ဆိုရှယ်မီဒီယာလို့ခေါ်တယ်ဆိုရင် လိုရင်းကို ခြုံငုံမိမယ်ထင်ပါတယ်။ နောက်ထပ် ထူးခြားချက်တခုကတော့ ဆိုရှယ်မီဒီယာဆိုတာဟာ အစဉ်အလာမီဒီယာ၊ အဓိကရေစီးကြောင်းမီဒီယာတွေဖြစ်တဲ့ သတင်းစာ၊ ရေဒီယို၊ TV တွေလို သတင်းဌာနကြီးတွေ မဟုတ်ပါ။ တဦးချင်းအခြေခံနဲ့သုံးတဲ့ မီဒီယာလို့ပြောသင့်တယ်ထင်ပါတယ်။ ဒါကြောင့် […]

စစ်ကောင်စီလက်ထက် အားကိုးရာမဲ့နေသည့် MoU လုပ်သားများ

Dawei Watch

January 21, 2024

ဗိုက်ခွဲပြီး ကလေးမွေးထားသည်မှာ လပိုင်းသာရှိသေးသည့် မသူဇာတစ်ယောက် အုန်းပင်တက်သည့်အလုပ်ကို ခက်ခက်ခဲခဲ လုပ်ကိုင်နေရသည်။ ထိုင်းနိုင်ငံ စမွတ်စွန်ခရမ်ရှိ အုန်းတောအတွင်း အသက် ၂၈နှစ်အရွယ် မသူဇာက အမျိုးသားများပင် လုပ်ကိုင်ရခက်ခဲသည့် အလုပ်ကို လုပ်နေရသည်။ အုန်းရည်ခံထားသည့် ခွက်များကို တက်ယူနေရခြင်းဖြစ်သည်။ သူမအဖို့ မကျွမ်းကျင်သည့် အလုပ်ကို လုပ်နေရသဖြင့် အဆင်ချောနေသည်တော့ မဟုတ်ပေ။ အုန်းပင်ပေါ်မှ အောက်ကို အမြဲတမ်း ချော်ကျလေ့ရှိပြီး အမျိုးသမီးတစ်ဦး မပြောအပ်သည့်နေရာတွင် အမြဲတမ်းဒဏ်ရာရလေ့ရှိသည်။ မွေးရပ်တွင် ကျန်ရစ်ခဲ့သည့် ၇ လအရွယ်သမီးနှင့် ကျန်းမာရေးမကောင်းသည့် ခင်ပွန်းသည်တို့ကို ထောက်ပံ့နိုင်ရန် MoU စနစ် ဟု လူသိများသည့် ထိုင်းနိုင်ငံသို့ တရားဝင်နည်းလမ်းဖြင့် လာရောက်လုပ်ကိုင်သော်လည်း စာချုပ်ပါအလုပ်အတိုင်း မလုပ်ရဘဲ အခက်အခဲများစွာ ကြုံနေရခြင်း ဖြစ်သည်။ နှစ်နိုင်ငံအစိုးရနားလည်မှုစာချွန်လွှာ MoU စနစ်ဖြင့် […]

စစ်ကောင်စီ၏ ပြင်းထန်ထိုးစစ်ကြားက လောင်းလုံးပြည်သူများ

Dawei Watch

January 16, 2024

စစ်ကောင်စီက လောင်းလုံးမြို့တောင်ဘက်ကျေးရွာများကို ၂၀၂၃ ခုနစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှစပြီး အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေသည်မှာ ယနေ့အထိ မရပ်တန့်သေး။ လောင်းလုံးမြို့နယ်မှာ ထားဝယ်ခရိုင်အတွင်း တော်လှန်ရေး လှုပ်ရှားမှုအားကောင်းသည့် မြို့နယ်တစ်ခုလည်းဖြစ်သည်။ လက်နက်ကိုင်တော်လှန်ရေး အားကောင်းသလို၊ အကြမ်းမဖက် လူထုလှုပ်ရှားမှုလည်း အားကောင်းသည့် မြို့နယ်တစ်ခုလည်းဖြစ်သည်။ သို့သော် လတ်တလောတွင် လောင်းလုံးမြို့နယ်အတွင်း မညီညွတ်မှုများက ပိုမိုများလာနေပြီး လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များကြားတွင်လည်း ပွတ်တိုက်မှုက ပိုမိုပြင်းထန်လာနေသည်။ ယင်းအခြေအနေတွင် စစ်ကောင်စီက လောင်းလုံးကို စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။ ယခုတစ်ကြိမ်ထိုးစစ်တွင် စစ်ကောင်စီဘက်က ပြည်သူကိုပိုမိုဖိနှိပ်ခဲ့ပြီး ပြည်သူများက တော်လှန်ရေးအဖွဲ့များကို ထောက်ခံမှုကျလာစေရေး ရည်ရွယ်ပုံရသည့် ဗျူဟာအသစ်ကို ကျင့်သုံးခဲ့ကြသည်။ ရက်ပေါင်း ၂၀ ခန့် ကြာလာပြီဖြစ်သော စစ်ကောင်စီတပ်၏ လောင်းလုံးစစ်ဆင်ရေးတွင် ပြည်သူများ၏ အိုးအိမ်နှင့် ပိုင်ဆိုင်မှုများကို ဖျက်ဆီးခဲ့သလို သတ်ဖြတ်ဖမ်းဆီးမှုများလည်း […]

ပြောင်းလဲဖွဲ့စည်းလိုက်သည့် ဗထူးတပ်မတော်တွင် မမကြီးက တပ်ရင်းမှူးအဖြစ်ပါဝင်

Dawei Watch

January 5, 2024

ထားဝယ်ခရိုင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးစစ်ကြောင်းတစ်ခုဖြစ်သည့် ဗထူးစစ်ကြောင်းကို ဗထူးတပ်မတော်အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း ဇန်နဝါရီလ ၂ နေ့က ထုတ်ပြန်လိုက်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးနေသည်ဟု သတင်းထွက်နေပြီး လောင်းလုံး ပကဖ ဒုတာဝန်ခံအဖြစ်မှ နုတ်ထွက်ထားသည့် မမကြီးက ဗထူးတပ်မတော်တွင် တပ်ရင်းမှူးအဖြစ် ပါဝင်လာသည်ကို ထုတ်ပြန်ထားသည့် ဓာတ်ပုံမှတ်တမ်းများအရ သိရသည်။ ယင်းဓာတ်ပုံမှတ်တမ်းများတွင် မမကြီးက တပ်ရင်းမှူးအဖြစ် မိန့်ခွန်းပြောကြားခဲ့သလို လက်နက်ပေးအပ်ခြင်းများလည်း လုပ်ဆောင်ခဲ့သည်။ ဗထူးစစ်တပ်မတော်ကို အကြောင်းအမျိုးမျိုးကြောင့် ပကဖမှ နုတ်ထွက်လာသည့် တပ်စု၊ တပ်ဖွဲ့များ၊ စစ်သည်များ၊ Local PDF များနှင့် စစ်ကြောင်းကို ဖွဲ့စည်းထားခြင်းဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့်လည်း ပူးပေါင်းထားကြောင်း ဗထူးတပ်မတော်၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်ထက်မြက်က ဆိုသည်။ “အဓိကကတော့ ကျွန်တော်တို့က စစ်အာဏာရှင်စနစ်ကိုအမြစ်ပြတ်ချေမှုန်းတဲ့နေရာမှာ စုစည်းမှုအပိုင်းရော၊ အင်အားစုဖွဲ့မှု အပိုင်းရော […]

နယ်စပ်ကုန်သွယ်ရေး ရပ်တန့်မှုအလွန် မြန်မာ့စီးပွားရေးလားရာ

Dawei Watch

January 3, 2024

စစ်ကောင်စီက ၂၀၂၃ သြဂုတ်လတွင် အသစ်ချမှတ်လိုက်သည့် ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များတွင် စီးပွားရေးဦးတည်ချက် ပါဝင်လာခဲ့သည်။ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအားမြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဆိုသော အချက်ဖြစ်သည်။ သို့သော် လပိုင်းအကြာတွင်တော့ မြန်မာနိုင်ငံ၏ အကြီးဆုံးနယ်စပ် ကုန်သွယ်ရေး စခန်းများမှာ တော်လှန်ရေးအဖွဲ့များ၏ သိမ်းပိုက်မှု ခံလိုက်ရပြီဖြစ်သည်။ နိုင်ငံအနှံ့တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ်များ ရပ်တန့်သွားခဲ့ပြီး စိုက်ပျိုး၊မွေးမြူရေး ထုတ်ကုန်များ စျေးကွက်ပျောက်သည့် အခြေအနေကို ရင်ဆိုင်နေကြရသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှစကာ မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော် AA၊ ကိုးကန်တပ် MNDAA၊ တအာန်းတပ် TNLA တို့က ဦးဆောင်၍ မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲများ ဆင်နွှဲနေပြီး […]

တောင်ပိုင်းဒေသက စစ်ရေး

Dawei Watch

December 21, 2023

စစ်အာဏာသိမ်းပြီး ရက်ပေါင်းတစ်ထောင်ကျော်လာချိန်တွင် အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တွန်းလှန် တိုက်ခိုက်မှုများလည်း ပိုမိုအရှိန်အဟုန်ကောင်းလာနေသည်။ နွေဦးတော်လှန်ရေးကို အလှည့်အပြောင်းဖြစ်စေခဲ့သည်မှာ မဟာမိတ်ညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကြောင့်ဟု ဆိုရမည်ဖြစ်သည်။ ညီနောင်သုံးဖွဲ့က အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်ကာ ရှမ်းမြောက်တစ်ခွင်တွင် စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ ဆက်တိုက်လုပ်ဆောင်နိုင်ခဲ့သည်။ ယင်း ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး မကြာခင်တွင်ပင် ၁၁၁၁ စစ်ဆင်ရေးဖြင့် ကယား (ကရင်နီ) ပြည်နယ်တွင်လည်းကောင်း ရက္ခိုင့်တပ်တော် AA ၏ ရခိုင်ပြည်နယ်အတွင်း မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်မှုများကြောင့်လည်းကောင်း တော်လှန်ရေး အရှိန်အဟုန် ပိုတက်လာခဲ့သည်။ အိန္ဒိယနယ်စပ်မှ ကုန်သွယ်ရေးမြို့များ၊ တရုတ်နယ်စပ်မှ မြို့များကိုလည်း ချင်းနှင့် ရှမ်းဒေသ လက်နက်ကိုင်အဖွဲ့များက သိမ်းထားနိုင်ပြီဖြစ်သည်။ ၁၀၂၇ စစ်ဆင်ရေးမှ စတင်ကာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ မြန်မာနိုင်ငံအနှံ့ […]

ထားဝယ်ဒေသက ဦးရှင်ကြီးနတ်တင်တဲ့ဓလေ့

Dawei Watch

December 19, 2023

ဒီည အိမ်မှာဦးရှင်ကြီးဆွမ်းတင်မှာမို့ ကြွခဲ့ပါဦး တဲ့ ။ ကျွန်တော်တို့နဲ့ခုနှစ်အိမ်ကျော်က အစ်မကြီးတစ်ယောက် လာဖိတ်တယ် ။ ဦးရှင်ကြီးဆွမ်းတင်မလို့ဆိုပါလား ။ ကြားလိုက်ရတဲ့ သတင်းကြောင့် စိတ်ထဲအတော်လေးကို လှုပ်ရှားသွားရပါတယ် ။ တကယ်ဆို သူမဖိတ်လည်း အဲဒီသတင်းကြားရင် ကျွန်တော်က သွားဖြစ်အောင်သွားမှာပါ ။ ကိုယ့်ဒေသက ဒီရိုးရာအလှူလေးနဲ့ကြုံချင်နေတာကြာပြီပဲလေ ။ တကယ်တော့ တခြားအလှူတွေထက် ဒီအလှူပွဲသေးသေးလေးကိုမှစိတ်ဝင်စားနေမိတာ အကြောင်းရှိပါတယ် ။ ငွေကုန်ကြေးကျသိပ်မများတဲ့ဒီအလှူလေးက တခြားအလှူထက်ထူးခြားပြီး ကျွန်တော့ရဲ့ ကလေးဘဝ အမှတ်တရတွေကိုလည်း ချက်ချင်းပြန်သတိရသွားစေတာပါ ။ အခုနာက်ပိုင်း ဦးရှင်ကြီးဆွမ်းတင်အလှူနဲ့ မကြုံတော့တာ အတော်ကြာနေပါပြီမို့ အရင်တုန်းကနဲ့ ဘာတွေကွာခြားနေပြီလဲ ဆိုတာကိုလည်းသိချင်နေမိပါရဲ့ ။ ကျွန်တော်တို့ ထားဝယ်ဒေသက ပင်လယ်ကမ်းရိုးတန်းနဲ့နီးတော့ ရေငန်ပိုင်ဦးရှင်ကြီးနတ်နဲ့ ကင်းတဲ့အိမ်ရှားပါတယ် ။ တကယ်တော့ ကျွန်တော်တို့ဒေသမှာ ရေငံပိုင်နတ်ကို ရေလုပ်ငန်းနဲ့ […]

ပေါ်တာ၊ လူသားဒိုင်းနဲ့ အကာအကွယ်မဲ့နေတဲ့ ပြည်သူတွေ

Dawei Watch

December 17, 2023

လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးခုကျော်လောက်က တနင်္သာရီတိုင်းသားတွေ ခါးစည်းခံခဲ့ရတဲ့ ပေါ်တာကို စိုးရိမ်တကြီးနဲ့ပြောဆိုလာကြပြန်ပါပြီ။ အချို့ဆို ပေါ်တာဆွဲမှာ ကြောက်လို့ နေအိမ်မှာတောင် မအိပ်ရဲဘဲ လုံခြုံမယ်ထင်တဲ့ နေရာတွေကို သွားရောက်အိပ်စက်ကြပြီး မိုးလင်းမှသာ နေရပ်ပြန်တာတွေရှိနေပါတယ်။ ကြောက်မယ်ဆိုလည်း ကြောက်စရာပါပဲ။ ပေါ်တာကြောင့် စီးပွားပျက်သွားသူတွေ၊ သေကွဲကွဲခဲ့ကြရတဲ့မိသားစုတွေ၊ ခြေပြတ်၊ လက်ပြတ် ဒုက္ခိတဖြစ်သွားသူတွေမှ အများကြီးရှိပါတယ်။ တနင်္သာရီတိုင်းသားတွေကို ပေါ်တာဆိုတဲ့အိမ်မက်ဆိုးက အခုချိန်အထိ ခြောက်လှန့်နေဆဲ၊ ပေါ်တာအသံကြားရင် ကြောက်ရွံ့နေကြဆဲ။ စစ်တပ်ကြီးစိုးခဲ့တဲ့ အရပ်သားအစိုးရ မတိုင်ခင်နှစ်တွေက အရပ်သားတွေကို အဓမ္မစေခိုင်းပြီး စစ်ဆင်ရေးတွေမှာ အသုံးပြုလေ့ရှိတာပါ။ အခုလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရာမှာ အရပ်သားတွေကိုဖမ်းဆီးပြီး လမ်းပြခိုင်းတာ၊ လူသားဒိုင်းလုပ်တာ ပစ္စည်းတွေကိုသယ်ခိုင်းတာတွေ နေရာအနှံ့မှာ လုပ်ဆောင်နေပါတယ်။ တနင်္သာရီတိုင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ပဋိပက္ခတွေနဲ့ စီးပွားရေး၊လူမှုရေး အခြေနေတွေကို စစ်တမ်းပြုစုပြီး လစဉ်ထုတ်ပြန်နေတဲ့ Fe5 […]