BREAKING
January 27, 2025

ဆောင်းပါး

ပါရီရောက် အမေရိကန်ကျောင်းသားလှုပ်ရှားမှု

Dawei Watch

April 27, 2024

အမေရိကန်ပြည်ထောင်စု အွန်စတင်မြို့က တက္ကဆက်တက္ကသိုလ်နယ်မြေဟာ ၂၀၂၄ ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှာ ရာနဲ့ချီတဲ့ ကျောင်းသားတွေရဲ့ ကြွေးကြော်သံတွေနဲ့ ဆူပွက်နေပါတယ်။ တက္ကဆက်ပြည်နယ်ရဲတပ်ဖွဲ့ဝင်တွေကလည်း ကျောင်းသားလှုပ်ရှားမှုကို ဖြိုခွင်းဖို့ တက္ကသိုလ်နယ်မြေထဲကို မြင်းစီးပြီး ဝင်ရောက်လာခဲ့ကြတယ်။ ရဲတပ်ဖွဲ့ဝင်တွေဟာ ပါလက်စတိုင်းအလံကိုင်ပြီး ကြွေးကြော်သံတွေ အော်ဟစ်နေတဲ့ တက္ကသိုလ်ကျောင်းသားတွေကို အဓိကရုဏ်းနှိမ်နှင်းရေး အသင့်အနေအထားနဲ့ စောင့်ကြည့်နေတယ်။ အခြေအနေက ဘာဆက်ဖြစ်လာမလဲ ဘယ်သူမှ မသိနိုင်တဲ့အချိန်မှာ အသက်နှစ်ဆယ်ဝန်းကျင်အရွယ် တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ဟာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အရှေ့တည့်တည့်မှာ လက်ပိုက်ရပ်လိုက်ပါတယ်။ သူ့မျက်လုံးတွေက ရဲတပ်ဖွဲ့ဝင်တွေရဲ့ မျက်လုံးတွေထဲကို တည့်တည့်စိုက်ကြည့်နေခဲ့တယ်။ အနက်ရောင်တီရှပ်တစ်ထည်နဲ့ ဂျင်းဘောင်းဘီဝတ်ပြီး ပေါ့ပါးလှပနေပေမယ့် သူမရဲ့ မျက်လုံးတွေကတော့ အခိုးအငွေ့မထွက်တဲ့ အဓိပ္ပါယ်တချို့နဲ့ လေးလံတည်ငြိမ်နေခဲ့ပါတယ်။ အဲဒီနေ့မှာ တက္ကဆက်ပြည်နယ်ရဲတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ ပါလက်စတိုင်းအရေး ကြွေးကြော်ဆန္ဒပြနေတဲ့ ကျောင်းသားဒါဇင်နှင့်ချီ အဖမ်းခံခဲ့ရပါတယ်။ ရာနှင့်ချီတဲ့ […]

ခေတ်ဆုတ်ခြင်းနှင့် ရေပုံပြင်

Dawei Watch

April 25, 2024

အမေ ဖုန်းဆက်တယ်။ အမေဖုန်းမဆက်တာ သုံးလေးရက်လောက်ရှိပြီ။ အမေကပြောတယ်။ အမေ့မယ် ဖုန်းအားမရှိလို့ မခုမှ ဆက်ရတာတဲ့။ အခုတောင်မှ သူ့တူမတစ်ယောက်ရဲ့အိမ်က ဆိုလာမီးမှာ သွားပြီးသွင်းထားလို့ ဖုန်းအား နည်းနည်းရလာလို့ ဆက်လိုက်တာတဲ့။ မီးမလာဘူးလား ကျနော်က ပြန်မေးတော့ မီးမလာတာလည်း တစ်ပတ် ရှိသွားပြီလို့ ဆိုပါတယ်။ အခုဖြင့် တစ်ရွာလုံး ဒုက္ခဖြစ်နေကြတယ်လို့ အမေက ပြောပြန်တယ်။ အိမ်သုံးရေတွေ မရှိကြတော့တာပါပဲ။ အိမ်တွေမှာက ရေလှောင်ကန်လေးတွေ ထားတတ်ကြပါတယ်။ မိသားစုကြီးတဲ့သူက ရေကန်ကြီးကြီး၊ ငယ်တဲ့သူကတော့ သေးသေးပေါ့။ ဒါကလည်း သုံးလေးရက်လောက် ရေမတင်နိုင်တဲ့အခါ ကုန်တော့တာပါပဲ။ သုံးရေ၊ ချိုးရေ၊ သောက်ရေ အစစဟာ မီးလာမှ။ မီးကလည်း တစ်နှစ်ပတ်လုံး အကြောင်းအမျိုးမျိုးနဲ့ ပြတ်နေတာပါပဲ။ လေပြင်းမိပြီး ဓာတ်တိုင်တွေ လဲကျတာ မပြင်နိုင်သေးလို့၊ ဓာတ်အားမလုံလောက်တာကြောင့ […]

ပြိုင်ဆိုင်မှုပြင်းထန်မည့် ကမ္ဘာ့အကြီးဆုံး ရွေးကောက်ပွဲ

Dawei Watch

April 25, 2024

လူဦးရေ ၁ ဒသမ ၄ ဘီလီယံရှိပြီး လက်ရှိကမ္ဘာ့လူဦးရေ အထူထပ်ဆုံး နိုင်ငံတစ်ခု ဖြစ်သည့် အိန္ဒိယနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပနေပြီဖြစ်သည်။ ယခုနှစ် ဧပြီလ ၁၉ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ပြုလုပ်သွားမည့် ၂၀၂၄ အိန္ဒိယရွေးကောက်ပွဲသည် မဲပေးခွင့်ရှိသူဦးရေ တစ်ဘီလီယံနီးပါးရှိသဖြင့် သမိုင်းတလျှောက် ကမ္ဘာ့အကြီးမားဆုံး ရွေးကောက်ပွဲ လည်းဖြစ်သည်။ ယခုနှစ် ရွေး ကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသည့် မဲပေးနိုင်သူ နိုင်ငံသားဦးရေ ၉၆၉ သန်း ရှိသည်။ နိုင်ငံရပ်ခြား ရောက်ရှိ နေပြီး ကြိုတင်မဲစာရင်းမှတ်ပုံတင်၍ အိန္ဒိယနိုင်ငံသို့ ပြန်လာပြီး မဲပေးခွင့်ရှိသူက ၁၃ ဒသမ ၄ သန်း ရှိသည်။ ရွေးကောက်ပွဲမဲပေးခြင်းများကို ၂၀၂၄ ခုနှစ် ဧပြီလ ၁၉ […]

ထားဝယ်စီမံကိန်း ရွှေနန်းရှင်၏ ကြွေးထူဇာတ်

Dawei Watch

April 4, 2024

ပြီးခဲ့သည့် ၁၅ နှစ်ကျော်က ဖြစ်သည်။ မြန်မာစစ်အစိုးရက အီတာလျံ-ထိုင်း ကုမ္ပဏီ ဥက္ကဋ္ဌ ပရီချိုင်းကို မေးလိုက်သည်။ “ခင်ဗျား ဒီစီမံကိန်းကို လုပ်ချင်လား” ပရီချိုင်းက မဆိုင်းမတွပင်ဖြေလိုက်သည်။ “လုပ်မယ်” သူတို့ မယူလိုက်ရပါက အခြားနိုင်ငံခြားသားများ ယူသွားမည်။ ထိုကြောင့်ပင် သူ့စိတ်ကူးဖြင့် ဖဲရိုက်လို့ရသည့် ထိုစီမံကိန်းကို လက်ခံလိုက်သည်။ သို့သော် ယခုအချိန်တွင် သူနှင့် သူ့ကုမ္ပဏီ၏ ကံကြမ္မာကို အကြွေး အမှောင်တွင်းထဲ တွန်းပို့လိုက်မည့် ဆုံးဖြတ်ချက်မျိုး ဖြစ်လာမည်ကို သူသိလျှင် လက်ခံကောင်းမှ လက်ခံပါလိမ့်မည်။ ထိုသို့ဖြင့် ထိုင်းဆောက်လုပ်ရေး ကုမ္ပဏီ အီတာလျံ-ထိုင်းမှာ ထားဝယ်စီမံကိန်း၏ ရွှေနန်းရှင် ဖြစ်လာခဲ့သည်။ အရှေ့တောင်အာရှတွင် အကြီးဆုံး အထူးစီးပွားရေး ဇုန် ဖြစ်လာမည်။ ထိုအချိန်က အမှောင်ကာလ မြန်မာနိုင်ငံကို ပြောင်းလဲပေးနိုင်မည့် စီမံကိန်း […]

စစ်တပ်နှင့် တိတ်တဆိတ် ပူးပေါင်း အလုပ်လုပ်နေသော ပုလဲကုမ္ပဏီများ

Dawei Watch

April 1, 2024

နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများထွက်ခွာရန် တောင်းဆိုမှုများအကြား မြိတ်ကျွန်းစုဒေသအတွင်းရှိ ပြည်ပပုလဲလုပ်ငန်းများမှာ ပိုနေမြဲ ကျားနေမြဲ ဆက်လုပ်နေဆဲဖြစ်သည်။ မြန်မာနိုင်ငံအတွင်း စစ်ပွဲနှင့် သတ်ဖြတ်မှုများ ကျူးလွန်နေသော စစ်ကောင်စီကို ဝင်ငွေ ရပေါက်ရလမ်း ဖန်တီးပေးနေသည်ဟုဆိုကာ ဂျပန်အပါအဝင် ပြည်ပ ပုလဲ ကုမ္ပဏီများကို ထွက်ခွာရန် တိုက်တွန်းနေခြင်း ဖြစ်သည်။ ပုလဲနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ထင်ရှားသော သီချင်းတစ်ပုဒ်ရှိသည်။ ခင်မောင်တိုး သီဆိုထားသည့် မျက်သွယ် အမည်ရသီချင်းတွင် “ပုလဲလေးတွေဆိုတာ ကမာကောင်လေးတွေရဲ့ မျက်ရည်ပဲခင်၊ ဒါကြောင့် သာပဲ လည်မှာ မဆွဲစမ်းပါနဲ့ ခင်”သီကုံးထားသည်။ ပုလဲကြိုက်သော ချစ်သူကို မည်သည့်အတွက်ကြောင့် လည်တွင် မဆွဲသင့်သည်ကို ခံစားသီဆိုထားခြင်း ဖြစ်သည်။ ထိုနည်းဖြင့် ပုလဲအချစ်တော်များကို သတိထားမိသွားစေခဲ့သည်။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာလူထုမှာလည်း ကမာကောင်များနည်းတူ […]

စစ်ကောင်စီလက်ထက် ခေတ်စားလာသည့် လက်ထိယဉ်ကျေးမှု

Dawei Watch

April 1, 2024

ကားထဲမှ ထွက်လာသည့် လက်သီးဆုပ်ထားသော လက်တစ်ဖက်နှင့် စစ်ဆေးရေးဂိတ်တွင် စစ်ဆေးနေသော ယူနီဖောင်းဝတ်၏ လက်တစ်ဖက်ထိတွေ့သွားပြီးနောက် အတားအဆီးများ မရှိတော့။ ယင်းမှာ စစ်ကောင်စီလက်ထက်တွင် ထွန်းကားလာသော ယဉ်ကျေးမှုတစ်ခုဖြစ်သည်။ လမ်းပေါ်က စစ်ဆေးရေးဂိတ်များတွင်ပဲလား ဆိုတော့မဟုတ် ရပ်ကွက်အုပ်ချုပ်ရေး ရုံးများမှသည် ဌာနဆိုင်ရာများအားလုံးတွင်လည်း ယင်သို့ပင်ရှိနေသည်။ ထိုင်းနိုင်ငံတွင် လူတစ်ဦးနှင့်တစ်ဦး တွေ့ပါက လက်အုပ်ချီနှုတ်ဆက်သကဲ့သို့ပင် မြန်မာနိုင်ငံတွင်လည်း လက်ချင်းထိယဉ်ကျေးမှုက ခေတ်စားလာခြင်းဖြစ်သည်။ သို့သော် နှုတ်ဆက်သည်တော့မဟုတ်။ စစ်ကောင်စီလက်ထက် ပိုမိုရှုပ်ထွေးလာသည့် ကြိုးနီစနစ်များကို ဖြတ်ကျော်နိုင်ရန် လာဘ်ထိုးရခြင်းဖြစ်သည်။ လာဘ်မထိုးပါက စစ်ဆေးရေးဂိတ်တစ်ခုကို အလွယ်တကူဖြတ်သန်း၍ မရသလို ရပ်ကွက်ထောက်ခံစာပင် မရသည့် အခြေအနေကို ဆိုက်ရောက်နေသည်။ အောက်ခြေအဆင့် ရပ်ကျေးစာရေးတစ်ဦးထံတွင် ထောက်ခံစာရေးသည်ကအစ ငွေကျပ် ၃၀၀၀ ခန့် မဖြစ်မနေပေးနေရသည်။ ပြည်သူများမှာ စစ်ကောင်စီလက်အောက်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပျူ‌စောထီးများ၊ စစ်ကောင်စီတပ်သားများအတွက် […]

စောမိညိုကို အငြှိုးနှင့်ခဲလေသလား စစ်ကောင်စီ

Dawei Watch

March 21, 2024

စောမိညိုဆိုသည်ကား ထားဝယ်မြို့ ကျောက်မော်ရပ်ကွက်ရှိ လက်လုပ်လက်စားသမား အများစုနေထိုင်သည့် နေရာဖြစ်သည်။ ယခုမူ ထိုနေရာရှိ တဲသာသာအိမ်များအားလုံးကို စစ်ကောင်စီက ဖိအားပေးဖျက်ခိုင်းသဖြင့် ဖျက်ပေးလိုက်ရသည်။ “အားလုံးဖျက်ပြီးပြောင်းသွားကြတာ အခုဆို ခုနစ်ရက်လောက်ရှိနေပြီ” ဟု စောမိညိုအနီးရှိ မြို့ခံတစ်ဦးက မတ်လ ၁၉ ရက်နေ့က ပြောဆိုသည်။ စောမိညိုတွင် နေထိုင်သူများကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ယူပြီး နေအိမ်ဖျက်ပေးရန် ပြောဆိုခဲ့ခြင်းဖြစ်သည်။ နေအိမ်ဖျက်ပေးရန် ၅ ရက်သာအချိန်ပေးခဲ့ပြီး သတ်မှတ်ရက်အတွင်း မဖျက်ပေး၊ မပြောင်းပေးသူများကို ထောင်ချမည်ဟု ဖိအားပေး ခြိမ်းခြောက်ခဲ့သည်ဟုဆိုသည်။ နေစရာဘုံပျောက်သွားသည့် စောမိညိုဒေသခံအချို့မှာ နီးစပ်ရာဘုန်းကြီးကျောင်းများတွင် ခိုကပ်နေထိုင်ကြရသည်ဟု ၎င်းတို့နှင့် ဆွေးမျိုးတော်စပ်သူတို့က ဆိုသည်။ နေအိမ်‌များဖယ်ခိုင်းခဲ့သော်လည်း စစ်ကောင်စီက မည်သည့် အကူအညီ အထောက်အပံ့မှ မပေးခဲ့ဟုဆိုသည်။ ‌“မြေကတော့ […]

“သတ်သေချင်စိတ်ပါ‌ ပေါက်တယ်” အဓမ္မစစ်မှုထမ်းရန် ဆင့်ခေါ်လာသည့် စစ်ကောင်စီ

Dawei Watch

March 17, 2024

စစ်ကောင်စီက ထားဝယ်မြို့တွင် စစ်မှုထမ်းစာရင်း စကောက်နေပြီဖြစ်သည်။ အလားတူ ထားဝယ်ခရိုင်အတွင်းရှိ ရေဖြူ၊ လောင်းလုံးအစရှိသည့် မြို့နယ်တို့တွင်လည်း စာရင်းစကောက်နေပြီဖြစ်သည်။ ထားဝယ်မြို့တွင်မူ မတ်လ ၁၇ ရက်နေ့မှစပြီး စုပေါင်းရုံးဟုခေါ်သည့် ထားဝယ်မြို့နယ် အထွေထွအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ စစ်မှုထမ်းစာရင်းပါသူများ လာရောက်ရန် ဆင့်ခေါ်ထားသည်။ စစ်မှုထမ်းစာရင်း ပါနေသူများထဲမှ ထွက်ပြေး‌၊ တိမ်းရှောင်နိုင်သူများက နေရပ်စွန့်ခွာနေကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် တိမ်းရှောင်နိုင်ခြင်း မရှိသူများလည်း ရှိနေသည်။ Dawei Watch အနေဖြင့် ထားဝယ်မြို့ပေါ် ရပ်ကွက် ၄ ရပ်ကွက်မှ စစ်မှုထမ်းစာရင်းပါဝင်နေသူ ၆ ဦး၏ အကြောင်းကို စုံစမ်းကြည့်ရာ ၄ ဦးမှာ နေရပ်တွင်မရှိတော့ဟု ဖြေဆိုကြသည်။ စစ်ကောင်စီက အဓမ္မစစ်မှုထမ်းစေရန် လုပ်ဆောင်လာမှုအပေါ် လူငယ်ထုက စိုးရိမ်နေကြပြီး စစ်မှုထမ်းစာရင်းတွင် နာမည်မပါသေးသူများလည်း ကြိုတင်နေရပ်စွန့်ခွာကာ လုံခြုံရာဒေသများကို […]