BREAKING
September 19, 2024

သတင်းဆောင်းပါး

ထိုင်း ခရီးသွားတဖြည်းဖြည်း နာလန်ပြန်ထ

diz_admin

November 25, 2021

အာရှနိုင်ငံများတွင် ခရီးသွားများကို ပထမဆုံး ပြန်ဖွင့်ပေးခဲ့သော နိုင်ငံများအနက် တစ်ခု အပါအဝင် ဖြစ်သော ထိုင်းနိုင်ငံတွင် ခရီးသွားလုပ်ငန်းတဖြည်းဖြည်း ပြန်လည်နိုးထလာကြောင်း နိုင်ငံတကာ သတင်းဌာနများက ဖော်ပြကြသည်။ ၂၀၂၁ ခုနှစ် ဆယ်လအတွင်း ထိုင်းနိုင်ငံသို့ နိုင်ငံခြား ခရီးသွား တစ်သိန်းကျော် ဝင်ရောက်ခဲ့ပြီး ယမန်နှစ် အရေအတွက်ဖြစ်သော ၆.၇ သန်းထက်တော့ များစွာ လျော့နည်းနေသေးတယ်။ ထိုင်းနိုင်ငံတွင် ကိုဗစ်ကပ်ဘေးမတိုင်မီက တစ်နှစ် ခရီးသွား သန်း ၄၀ ရှိခဲ့သည်။ ထိုင်းနိုင်ငံအတွင်း မကြာသေးမီက ၁၉ ခုမြောက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ပြန်ဖွင့်ခဲ့သည့် Asset World Corporation ၏ အဆိုအရ ခရီးသွားအမှာ အများစုမှာ အနောက်နှင့် အရှေ့လယ်ပိုင်း နိုင်ငံများမှ ဖြစ်ကြသည်။ “နိုဝင်ဘာလမှာ ၃၀ […]

ထားဝယ် စစ်ကြောရေးမှ အပြန်

diz_admin

November 23, 2021

စစ်အာဏာသိမ်းပြီးတဲ့နောက် ပုံစံအမျိုးမျိုးတဲ့ အဖမ်းခံရတဲ့သူ ထားဝယ်ဒေသမှာ လူရာချီ ရှိပါတယ်။ အချို့က ရက်ပိုင်းနဲ့ ပြန်လွတ်လာကြသလို အချို့ကလည်း ဖမ်းဆီး တရားစွဲ၊ ထောင်ချခံရတာတွေ ရှိခဲ့ပါတယ်။ တရားစွဲဆိုတဲ့ အဆင့်မရောက်မီ၊ ထောင်ထဲမရောက်မီ ထုံးစံအတိုင်း စစ်ကြောရေး ကာလကို ဖြတ်သန်းရပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုမှာ ပါဝင်လို့ဆိုပြီး ဖမ်းဆီးထိန်းသိမ်းခံရသူတွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက စစ်ကြောရေးမှာ အမျိုးမျိုးသော နှိပ်စက်ညှင်းပန်းမှု တွေပြုလုပ်ခဲ့ကြတယ်လို့ ပြီးခဲ့တဲ့ လက လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လွတ်လာသူတွေက ရင်ဖွင့်ပါတယ်။ ဖမ်းဆီးခံရပြီးနောက် ထားဝယ်စစ်ကြောရေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ နှိပ်စက်ညှင်းပန်းခံခဲ့သူတွေထဲမှာ သရက်ချောင်းမြို့နယ်၊ ကျွဲမင်းကုန်းရွာက ပြင်ပကျောင်းဆရာ ကိုရန်ပိုင်ဦးလည်း ပါဝင်ပါတယ်။ ကိုရန်ပိုင်ဦးဟာ ထားဝယ်မြို့ပေါ်က ကွမ်းယာဆိုင်တစ်ခုမှာ ကွမ်းဝယ်နေတုန်း အိမ်စီးကား တစ်စီးထိုးရပ်လာပြီး အရပ်ဝတ်နဲ့ လူ ၇ ယောက်လောက်က […]

ကပ်ဘေး အကြားမှ မြိတ်ကပ်ကြေးကိုက်

diz_admin

November 8, 2021

လူအများနေ့စဉ်စားသုံးနေသည့် အစားအသောက်များ စျေးတက်နေသော်လည်း မြိတ်ဒေသထွက် ရိုးရာအစားအစာဖြစ်သည့် မြိတ်ကပ်ကြေးကိုက် စျေးတက်ခြင်းမရှိကြောင်း စားသုံးသူ၊ ရောင်းချသူများ ထံမှ သိရသည်။ မြိတ်ကပ်ကြေးကိုက်သည် မြိတ်မြို့၏ နာမည်ကြီးရိုးရာ အစားအစာတစ်မျိုးဖြစ်ပြီး မြိတ်သားများအနေဖြင့် မနက်၊ ည အခါမရွေး နေ့စဉ်စားသုံးလေ့ရှိသည့် အစားအစာဖြစ်သည်။ ကပ်ကြေးကိုက်ကြော်ချက်ရာတွင် ပါဝင်သည့် မုန့်ဖတ်၊ ပဲပင်ပေါက်၊ ဆီ၊ ငရုတ်ကြက်သွန်၊ ကြက်ဉ၊ ပင်လယ်စာ စသည့်ပစ္စည်းအားလုံးမှာ စျေးတက်နေကြသည်။ သို့သော် ကပ်ကြေးကိုက်က စျေးမတက်ဟု စားသုံးသူများ ကပြောသည်။ “စျေးကတော့ပုံမှန်ပဲ၊ မတက်ဘူး။ နည်းနည်း အရနည်းသွားတာပဲရှိမယ်”ဟု ကပ်ကြေးကိုက် မနက်တိုင်းစားလေ့ရှိသူ မြိတ်မြို့မှ ကိုမင်းမင်း ကပြောသည်။ စျေးမတက်သော်လည်း ပွဲသေးသွားသည်ကို ဆိုလိုရင်း ဖြစ်သည်။ မြိတ်ကပ်ကြေးကိုက် တစ်ပွဲလျှင် စျေးနှုန်း အမျိုးမျိုးရှိပြီး အနိမ့်ဆုံး ကျပ်သုံးရာမှ […]

အွန်လိုင်း ရွှေစျေးသည်

diz_admin

November 3, 2021

ထားဝယ်မုန့်လက်သုပ်သည်လေး မပန်းအိတစ်‌ယောက် ရွှေထည်ရောင်းသူအဖြစ် နေ့ချင်းညချင်း ပြောင်း သွားပါတယ်။ တစ်ပွဲ ၃၀၀ ကျပ်တန် မုန့်လက်သုပ်သည်ဘဝမှ ကျပ်သိန်းချီတဲ့ ရွှေအထည်တွေကို အွန်လိုင်းပေါ်ကနေရောင်းတဲ့ အခြေအနေကို ပြောင်းသွားတာပါ။ လက်ရှိ ကိုဗစ်ကပ်ဘေးနဲ့ နိုင်ငံရေးအခြေအနေတွေက မပန်းအိ (အမည်လွှဲ) ရဲ့ ဘဝကို အွန်လိုင်း ရွှေကုန်သည်အဖြစ် ပြောင်းလဲ‌ ပေးလိုက်တာပါ။ အရင်ကဆိုရင် ရွှေဆိုင်ပိုင်ရှင်တစ်‌ယောက်ဖြစ်ဖို့ ပိုင်ဆိုင်မှုက ကျပ်သိန်းပေါင်းများစွာ ပိုင်ဆိုင်ဖို့ လိုပေမယ့် အခုခေတ်မှာတော့ ရွှေအထည်တွေရောင်းဖို့ ငွေ‌ကြေးမလိုအပ်တော့ပါဘူး။ ရွှေဆိုင်ပိုင်ရှင်တစ်‌ယောက်လို ရွှေထည်ပစ္စည်းတွေ ရောင်းဖို့ လူမှုကွန်ရက် Facebook ပေါ်မှာ သူငယ်ချင်းဉီးရေ နှစ်ထောင်ရှိဖို့ပဲ လိုတာပါ။ ပြီးရင် Facebook ပေါ်မှာ ရွှေထည်ပစ္စည်းပုံတွေတင်ပြီး အွန်လိုင်းကနေပဲ ရောင်းချတာဖြစ်ပါတယ်။ အရင်းအနှီးအနေနဲ့ Facebook သုံးဖို့ အင်တာနက်ဖိုးပဲ လိုအပ်တာပါ။ […]

ပြည်တော်ပြန်အမျိုးသမီးတို့၏ ရှေ့ခရီး

diz_admin

September 6, 2020

မစုသက်လှိုင်တစ်ယောက် ၁၅ နှစ် သမီးအရွယ်တွင် အမေဖြစ်သူနှင့် ထိုင်း သို့ ပါသွားသည်။အမေက ပန်းရန်၊ အအေးခန်း အလုပ်ရုံများတွင် လုပ်ကိုင်ချိန် မစုသက် လှိုင်က အိမ်ခန်းတွင် ထမင်းချက်၊ အိမ်မှုကိစ္စလုပ်ရင်း နှစ်နှစ်ခန့်ကြာလာ သည့်အခါ သူလည်း အလုပ် စရှာသည်။ သူ ၁၈ နှစ်အရောက်တွင် အလုပ် စရသည်။ ပုစွန်အခွံနွှာ၊ ပုစွန်ကျောရိုး ခွဲကာ သန့်ရှင်းရေးလုပ်ရသော အအေး ခန်းစက်ရုံတွင် အလုပ်ရခြင်း ဖြစ်သည်။ တစ်လလျှင် ဘတ် ၄၀ဝ၀ မှ ၅၀ဝ၀ ကြား ရသည်။ “ကီလိုစားဆိုတော့ ကိုယ်လုပ်နိုင် သလောက် (ပိုက်ဆံ)ရတယ်။ ကျွမ်းကျင်သူတွေဆို ပိုရတယ်”မစုသက်လှိုင် က ပြောသည်။ သူလည်း မကြာမီ ကျွမ်းကျင်လာ ပြီး အခြားအလုပ်သမများကဲ့သို့ […]

နှစ်အချိုး ရှစ်

diz_admin

August 24, 2020

တက္ကသိုလ်ဝင်တန်းအောင်စာရင်း တွေ ထုတ်ပြန်ပေးခဲ့ပြီးပါပြီ။ ကိုဗစ် ကျေးဇူးကြောင့် အွန်လိုင်းကနေ ကြည့်ခွင့် ရခဲ့တယ်။ နှစ်တိုင်းလို စုပြုံတိုးပြီး ကြည့် စရာမလိုတော့ အတော်လေးကို အဆင် ပြေခဲ့တယ်။ ကိုဗစ်ကြောင့် ပြောင်းလဲလာ တဲ့ အကောင်းတွေထဲက တစ်ခု။ ဆက်လက် ထိန်းသိမ်းနိုင်ပါစေ။ အောင်ချက်ရာခိုင်နှုန်းကတော့ အစဉ်အလာမပျက် တစ်အချိုးနှစ်ပါပဲ ခင်ဗျ။ ကျောင်းသားဦးရေ ကိုးသိန်းကျော် ဖြေဆိုခဲ့တဲ့ အထဲမှာ သုံးသိန်းဝန်းကျင် အောင်ခဲ့တယ်။ ရာခိုင်နှုန်းအရဆိုရင် ၃၂ ရာခိုင်နှုန်း ဝန်းကျင်။ ခြောက်သိန်းကျော် ကျခဲ့တယ်။ အဲဒီ ခြောက်သိန်းကျော်ထဲက ကျောင်းသားဦးရေ ဘယ်လောက် စာသင်ခန်းထဲ ပြန်ရောက်ကြမလဲမသိ။ ကိုဗစ်ရဲ့ရိုက်ခတ်မှုက မိဘတွေရဲ့စီးပွား ရေးကို အများကြီးထိခိုက်စေတယ်။ ဆိုတော့ မိဘတွေ ကျောင်းထားဖို့ ရုန်းရ ပေလိမ့်မယ်။ တချို့ကလည်း စာမေးပွဲ […]