BREAKING
September 19, 2024

သတင်းဆောင်းပါး

ကော့ရဲကြီးကျွန်းပေါ်ရှိ ကန်းဇော်တော

diz_admin

March 12, 2022

ကျော်မျိုးလွင် (ကောလင်း) ဒီဇင်ဘာလ၏‌ဆောင်းအငွေ့အသက်သည် ဘုတ်ပြင်း၊ ချောင်းကဖီးကျွန်းရွာကလေးတွင် အသက်မဲ့လျက်ရှိ၏။ သို့သော် ပင်လယ်ပြင်ကိုဖြတ်တိုက်ခတ်လာသောလေပြေသည်ကား နံနက်စောစောမို့လားမသိ၊ လတ်ဆတ်ပြီးအေးမြမြရှိလှ၏။ နံနက်ခင်းဒီရေအကျတွင် လှိုင်းသံ၊ လေသံတို့တိတ်ဆိတ်လျက်ရှိပြီး ပင်လယ်ရေသည် အနည်းငယ်နှောက်ကျိနေ၏။ ကျွန်းစုကလေးများသည် နေရာအနှံ့တွင်မှိုလိုပေါက်နေပြီး အချို့ကျွန်းများမှာ ကျောက်သားအတိပြီး၏။ ကျွန်းကလေးများသည် ပြန့်ပြူးသောကမ်းခြေမဟုတ်ကြဘဲ ပင်လယ်ထဲမှထိုးထွက်လာသော တောင်ကုန်းများနှင့်သာတူတော့၏။ တောင်ကတုံးတော့မဟုတ်ကြ၊ အမြဲစိမ်းတော (Evergreen forest) တို့ သျှောင်ထုံးနေကြ၏။ ပင်လယ်ထဲတွင် ထီးထီးဖြစ်နေသော ကျွန်းသေးများတွင် ဒီရေတောများ ပေါက်ရောက်မှုနည်းသည်။ ကျွန်းကြီးသော ကမ်းခြေပြန့်များတွင်သာ ဒီရေတောအများအပြားကို တွေ့နိုင်၏။ ဘာသာတရားကိုင်းရှိုင်းမှုအမှတ်အသားအဖြစ် ရွာနှင့်နီးသော ကမ်းခြေစပ်ရေထဲတွင် ရှင်ဥပဂုတ္တရုပ်ထုကျောင်းဆောင်နှင့် ကျွန်းတောင်ထိပ်ပေါ်တွင် စေတီငယ်တစ်ဆူကိုလည်း ဖူးမျှော်နိုင်၏။ ဤအရာများသည် ချောင်းကဖီးရွာ WIF (Worldview International Foundation) ရုံးမှ နံနက်စောစောထွက်လာပြီး ကြိမ်နီတောင်ရွာမရောက်ခင် ပဲ့ထောင်ပေါ်မှ […]

ထားဝယ်ထောင်တွင်း ထိရောက်သော ဆေးကုသခွင့် အလိုရှိသည်

diz_admin

January 18, 2022

သေနတ်ဖြင့် အပစ်ခံခဲ့ရစဉ်က သေသွားသည်က ပိုကောင်းဦးမည်ဟု ကိုဝေယံဖြိုး မကြာခဏ ညည်းတွားလေ့ရှိသည်။ လက်ရှိ ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းကျနေသော အသက် ၁၈ နှစ် ဝန်းကျင်ရှိ ကိုဝေယံဖြိုးမှာ စစ်တပ်အာဏာသိမ်းမှုအပြီး ဆန္ဒပြသပိတ်စစ်ကြောင်းများတွင် ပါဝင်ခဲ့သည်။ ယင်းနောက် ၂၀၂၁ ခုနှစ် မေလ ၃၁ ရက်နေ့က ထားဝယ်မြို့အနီးရှိ လယ်တဲ တစ်ခုတွင် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခံခဲ့ရသူ ဖြစ်သည်။ ကျည်ဆန်ထိမှန်ထားသည့် လက်မောင်းအတွင်းရှိ အရိုးကျိုးကြေနေပြီး စတီးရိုးထည့်ရန် လိုအပ်နေသော်လည်း ဒီဇင်ဘာလအထိ ထိရောက်သည့် ဆေးကုသခွင့်မရဖြစ်နေသည်။ ထားဝယ်အကျဉ်းထောင်သို့ သေနတ်ဒဏ်ရာ၊ စစ်ကြောရေးမှ ဒဏ်ရာများဖြင့် ရောက်လာသူ အခြားနိုင်ငံရေးအကျဉ်းသားများမှာလည်း ဆေးကုသခွင့်အပြည့်အဝမရဘဲ အကျဉ်းသား အခွင့်အရေးများ ဆုံးရှုံးနေကြောင်း ထားဝယ်ထောင်တွင် နေထိုင်ခဲ့ဖူးသော အကျဉ်းသား ၁၀ ဦးခန့်ကို ဆက်သွယ်မေးမြန်းချက် အရသိရသည်။ […]

ရှေ့နေတွေပင် ပုန်းကြရပြီ

diz_admin

January 16, 2022

အာဏာသိမ်းကာလအတွင်း ဖမ်းဆီးခံရသူတွေရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်နေကြတဲ့ ထားဝယ်ခရိုင်က ရှေ့နေတွေဟာ ရှေ့နေပါဝါ ရုပ်သိမ်းလိုက်ကြပြီး တချို့ဆို တိမ်းရှောင်နေကြရပါတယ်။ ဒါက အားကိုးရာမဲ့နေပြီး အကျဉ်းထောင်ထဲမှာ တရားရင်ဆိုင်နေကြရတဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် အံတုနေတဲ့ သူတွေ အထူးသဖြင့် လူငယ်တွေအတွက်တော့ နောက်ဆုံး ကောက်ရိုးတစ်မျှင်ကိုပင် လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ အခြေအနေဖြစ်ပါတယ်။ ရှေ့နေတွေ ဘာကြောင့် ရှေ့နေပါဝါ ရုပ်သိမ်းပြီး တိမ်းရှောင်နေကြရတာလဲ။ ဒီလို ရုပ်သိမ်းလိုက်ရတဲ့အတွက် ဖမ်းဆီးခံထားရသူတွေ အပေါ်မှာရော အကျိုးဆက်က ဘယ်လိုတွေ ရှိလာပါမလဲ။ စစ်အာဏာသိမ်းကာလအတွင်း ဖမ်းဆီး၊ တရားစွဲဆိုခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် အကျိုးဆောင် ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေကြသူတွေ ဖြစ်ပါတယ်။ အဲဒီရှေ့နေတွေကို အားပေးကူညီမှုနဲ့ စစ်ကောင်စီက ဖမ်းမယ်ဆီးမယ်ဆိုတဲ့ အသံတွေထွက်လာလို့ ထားဝယ်ခရိုင်က ရှေ့နေတွေအားလုံးနီးပါး ပါဝါရုပ်ကြတာလို့ ရှေ့နေအသိုင်းအဝိုင်းကနေ သိရပါတယ်။ ရှေ့နေတွေကို […]

တော်လှန် လွတ်လပ်ရေးနေ့

diz_admin

January 4, 2022

မနှစ်လွတ်လပ်ရေးနေ့က ကိုဗစ်က သတ်သည်။ ယခုလွတ်လပ်ရေးနေ့တွင် ကား နောက်ထပ် လူလုပ် ကပ်ဘေးတစ်မျိုးက သတ်နေပြန်သည်။ ပုံမှန်အားဖြင့် လွတ်လပ်ရေးနေ့တွင် ကြက်ပျံမကျ စည်ကားလေ့ရှိသော ထားဝယ်ဒေသ၏ နာမည်ကျော်မောင်းမကန်ကမ်းခြေ သဲသောင်ပြင်တစ်နေရာတွင် အမျိုးသမီးတစ်ဦး စိတ်ပျက်လက်ပျက်ထိုင်ရင်း တစ်စုံတစ်ရာကို မျှော်နေသည်။ ခဏအကြာတွင် သူမအနီးလာသည့် ဧည့်သည်အချို့ကို “ရေမကူးသေးဘူးလား၊ ဗောကွင်းရှိတယ်နော်”ဟုဆို ကာ ဈေးခေါ်နေသည်။ သူမမျှော်နေသည်မှာ ကမ်းခြေတွင် ရေဆင်းကူးမည့်သူများပင်ဖြစ်သည်။ နေ့လယ် ၁၂ နာရီအချိန်ခန့်ရှိပြီဖြစ်သော်လည်း ကမ်းခြေသို့လာသည့် ဧည့်သည်ကား ဟိုတစ်စု ဒီတစ်စုနဲ့ ကျိုးတိုးကြဲတဲ။ ထားဝယ်ဒေသတွင် အသုံးများသည့် သုံးဘီးဆိုင်ကယ် လေး၊ ငါး စီးနှင့် အိမ်စီးကားအချို့သာ ကမ်းခြေကို ဦးတိုက်ရပ်နားထားသည်။ အများစုမှာ ထားဝယ်ဒေသခံများဖြစ်ကြပြီး အခြားတိုင်း၊ ပြည်နယ်မှ ဧည့်သည်များကို မတွေ့ခဲ့ရပေ။ ကိုဗစ်မတိုင်မီက ယခုကဲ့သို့ […]

စစ်အာဏာသိမ်းဘေး အကြားမှ တောင်သူ ဒုက္ခ

diz_admin

December 4, 2021

ရုတ်တရက် လှမ်းကြည့်လိုက်ရင် ကန်းသင်းရိုးပေါ်မှာထောင်ထားတဲ့ စာခြောက်ရုပ်လို့ထင်ရလောက်အောင် ဦးကုလား မလှုပ်မရှက် ခြေပစ်လက်ပစ် ထိုင်နေတယ်။  ရွှေရောင်ဝင်းဝါနေတဲ့စပါးခင်းကြီးက အရင်လိုအမောပြေအောင်စွမ်းမသာတော့ပါဘူး။  စပါးခင်းကိုဖြတ်ပြီး တိုက်ခတ်လာတဲ့ ဆောင်းလေပြေညှင်းရဲ့ အေးမြမှုကိုတောင် သူမခံစားနိုင်တော့ဘဲ သက်ပြင်းတွေသာ ခဏခဏ ချနေမိတယ်။  အရပ်ပုပု ကျစ်လစ်ကြံ့ခိုင်တဲ့ ခန္ဒာကိုယ်ပိုင်ရှင် ဦးကုလားဟာ  ခန္ဒာကိုယ်ကသာ ငြိမ်ပြီးထိုင်နေပေမယ့် ဦးနှောက်ထဲမှာတော့ ကိန်းဂဏန်းတွေ ပေါင်း၊ နုတ်၊ မြောက်၊ စား လုပ်ဟန်တူပါတယ်။ ခဏကြာတော့ သူ့နှုတ်ကနေ လွှတ်ခနဲ စကားတစ်ခွန်းထွက်ကျလာပါတယ်။  “စပါးခြောက်ဆယ်(တင်း) လောက် အထွက်လျော့နေတယ်”အာဏာသိမ်းမှုနောက်ဆက်တွဲအဖြစ် စီးပွားရေး ပြိုဆင်းနေတာတွေ၊ ဥတုဘေးတွေကြောင့် မြန်မာနိုင်ငံက လူသန်းချီဟာ ဆင်းရဲတွင်းထဲ ရောက်၊ ဝင်ငွေ ကျဆင်းနေရတဲ့ အထဲမှာ ဦးကုလားလည်း မလွတ်ပါဘူး။ သူတို့လိုပဲ မြန်မာနိုင်ငံရဲ့ အခြေခံ လူတန်းစားလို့ ဆိုကြတဲ့ […]

“မြန်မာပြည်မှာ မငတ်နိုင်ဘူးဆိုတာ မမှန်တော့ဘူး”

diz_admin

December 2, 2021

အမိမြေစွန့် မြန်မာ အလုပ်သမား ကိုဗစ်ဘေးထိ ထိုင်းအတွက် အသက် | Aljazeera ပါ ဆောင်းပါးကို ပြန်ဆိုသည်| စည်သူ့အတွက်ကတော့ ညစဉ်ရွေးချယ်မှုမှာ ရိုးစင်းလှသည်ပင်။ ထိုင်းနိုင်ငံတွင် တရားမဝင်အလုပ်လုပ်ကိုင်မှုအတွက်အဖမ်းခံရမည့် အန္တရာယ်ရှိနေသည့်အခြေအနေမျိုးတွင်စွန့်စားမည်လော၊ သို့မဟုတ် စိတ်ဆင်းရဲစရာများနှင့် ပြည့်နေသည့်မြန်မာကို ပြန်မည်လော ဟုရွေးချယ်ရခြင်း။ သူသည် ထိုင်းနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများဖြစ်သော ဟိုတယ် ခရီးသွားလုပ်ငန်းကဲ့သို့ ဧည့်ဝတ်ပြုရသောလုပ်ငန်းမျိုး၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ စိုက်ပျိုးရေးခြံများနှင့် စက်ရုံများတွင် အလုပ်လုပ်ကိုင်နေကြသည့် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများအနက် တစ်ဦးဖြစ်သည်။ ကိုဗစ်ဒဏ်ခံထိုလုပ်ငန်းများသည် ယခုတော့ တရားဝင်လုပ်သားများကို လိုအပ်လျက်ရှိသည်။ ထိုင်းဘုရင့်နိုင်ငံတော်ကြီးမှာ ပြီးခဲ့သည့်နှစ်အတွင်းက ၁၉၉၇ ခုနှစ်နောက်ပိုင်းတွင် အဆိုးဆုံးသော စီးပွားရေးကျဆင်းမှုကို ခံစားခဲ့ရသော်လည်း အရှေ့တောင်အာရှတွင် စီးပွားရေးအရ ဒုတိယ အင်အားအကြီးဆုံး နိုင်ငံဖြစ်နေဆဲဖြစ်သည်။ အဖိတ်အစင်များရှိသော ကိုဗစ်ထိန်းချုပ်ရေးတိုက်ပွဲအပြီး စီးပွားရေးကို ပြန်လည် […]