BREAKING
September 19, 2024

သတင်းဆောင်းပါး

စားဝတ်နေရေးကျပ်တည်းလာတဲ့ တောင်ပိုင်းသားတွေ

diz_admin

July 8, 2022

အရင်က ခူးမယ့်သူမရှိတဲ့ ရပ်ကွက်ထဲက ရေအိုင်ထဲအလေ့ကျပေါက်နေတဲ့ ကန်စွန်းပင်လေးတွေမှာ အညွန့်ထွက်ချိန်ပင်မရတော့။ ယခင်က ယောင်လို့ပင် လမ်းဘေးကန်စွန်းခင်းနား ဖြတ်မလျှောက်တဲ့ ဒေသခံတွေမှာ အခုတော့ ဟင်းတစ်ခွက်ရဖို့ ကန်စွန်းခင်းအညွန့်ထွက်ချိန် ဦးအောင်အလုအယက် စောင့်ခူးနေကြပါတယ်။ “အရင်က ဒီကန်စွမ်းခင်းကို ကလေးတစ်ယောက်စနှစ်ယောက်စပဲ လာခူးကြတယ်။ အခုလာခူးသူတွေက ကလေးရောလူကြီးပါ အရင်ကထက်များလာလို့ အညွန့်တောင် တက်မနိုင်တော့ဘူး” ဟု ဆိုလာသူက မြိတ်မြို့၊ အင်းလေးမြိုင်ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၅၀ ကျော်အရွယ် ဒေါ်ဝင်းပါ။ သူ့အိမ်အနီး မြေကွက်လပ်ရေအိုင်မှာ သဘာဝအတိုင်း ပေါက်နေတဲ့ ကန်စွန်း ခင်းလေးကို လက်ညိုးထိုးပြီး အဲဒီလိုပြောလိုက်တာပါ။ ကန်စွန်းခင်းလေးက သူပြောသလို ရေခါးလောက်နက်တဲ့ နေရာမှာသာ စိမ်းစိုနေပြီး ရေတိမ်တဲ့ နေရာတွေမှာတော့ ချိုးယူထားကြလို့ ရိုးတံတွေသာ ရှိပါတော့တယ်။ စားဖို့ချိုးကြသူတွေရှိသလို ရောင်းဖို့လာချိုးကြတဲ့ ကလေးတွေလည်း […]

လောင်းလုံးသပိတ်၏ ရက် ၄၀၀ ကျော် မာရသွန်ခရီး

diz_admin

April 23, 2022

သေနတ်ဒဏ်ရာကြောင့် ဝမ်းဗိုက်ထုတ်ခြင်းပေါက်သွားသော ဆန္ဒပြရဲဘော်‌ကို အရေးပေါ်ကုသမှုများ လုပ်နေသည့် လူငယ်တစ်ဦး၏ မျက်နှာတွင် မျက်ရည်များစီးကျလာနေသည်။ အသက်ငွေ့ငွေ့သာ ကျန်တော့သည့် ရဲဘော်ကို အသက်ကယ်နိုင်ရေး မျှော်လင့်ချက်ကို မစွန့်ဘဲ အစွမ်းကုန်ကူညီရန် သူစိတ်ပိုင်းဖြတ်လိုက်သည်။ ယင်းလူငယ်က အသက် ၁၈ နှစ်မပြည့်သေးသည့် အထက်တန်းကျောင်းသား ကိုလင်းထက်ဇော် ဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ဖြစ်စဉ်ကြောင့် အာဏာရှင်စနစ်ကို အကြမ်းမဖက်ဆန့်ကျင်သည့် သပိတ်များ ရက်ပိုင်းအတွင်းမှာပင် နိုင်ငံအနှံ့ပေါ်ပေါက်လာသည်။ ယင်းသပိတ်များတွင် အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူသိန်းသောင်းချီပါဝင်လာပြီးနောက် အားကောင်းသည့် လူထုဆန္ဒဖော်ထုတ်မှုများမှာ နိုင်ငံအနှံ့ လူပင်လယ်ကြီးဖြစ်သွားခဲ့သည်။ မြန်မာနိုင်ငံ‌တောင်ပိုင်းဖြစ်သည့် တနင်္သာရီတိုင်း လူထုသပိတ်မှာလည်း အလွန်အားကောင်းလာပြီး ပညာရေးစစ်ကြောင်း၊ အင်ဂျင်နီယာစစ်ကြောင်း၊ ကျန်းမာရေးစစ်ကြောင်း၊ ရှေ့နေအသင်းစစ်ကြောင်း တို့နှင့်အတူ ပြည်သူလူထုသိန်းချီ ပါဝင်ချီတက်ကာ အာဏာရှင်စနစ်ကို လက်မခံကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ […]

ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်နေတဲ့ မြန်မာပြည် ဒေါ်လာတိုက်ဖျက်ရေး

diz_admin

April 21, 2022

မြန်မာပြည်ရဲ့ အာဏာသိမ်း စစ်အုပ်စုဟာ တစ်နှစ်ကျော် ကာလအတွင်းမှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွါးရေး ဖျက်ဆီးတာတွေ လုပ်ပြီးနောက်မှာ ခုတခါလည်း ဘဏ္ဍာရေး၊ ငွေရေးကြေးရေး ပြုပြင်ပြောင်းလဲမှုကတစ်ဆင့် ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်တဲ့ အပြုအမူတွေ လုပ်နေပြန်ပါပြီ။ ဧပြီလ (၃) ရက်နေ့မှာ ဗဟိုဘဏ်က ညွှန်ကြားချက်တစ်ရပ် ထုတ်ခဲ့ပြီးတော့ ဒီညွှန်ကြားချက်ကြောင့်  မြန်မာပြည်သူတွေအနေနဲ့ သူတို့ရဲ့ နိုင်ငံခြားငွေ ပိုင်ဆိုင်မှုတွေနဲ့ နိုင်ငံခြားက လွှဲလာတဲ့ ငွေတွေကို ဘဏ်တွေမှာ မြန်မာကျပ်ငွေ ပြောင်းရတော့မှာ ဖြစ်ပါတယ်။ လွှဲလာတဲ့ ငွေကို တစ်ရက်အတွင်း ငွေလဲရမယ်လို့ အစိုးရ မီဒီယာမှာ ကြေညာတဲ့ ညွှန်ကြားချက်ထဲမှာ ပါလာတာကြောင့် အသည်းအသန်ကို နိုင်ငံခြားငွေလိုချင်နေတဲ့ ပုံပေါက်နေတယ်လို့ ဝေဖန်သူတွေက ထောက်ပြနေကြပါတယ်။ ဒီလို ခပ်ရင့်ရင့် စီမံချက်ကို ဘယ်လို အသက်ဝင်အောင် […]

သီရိလင်္ကာမှာ ဘာတွေဖြစ်နေလဲ

diz_admin

April 20, 2022

ဓာတ်ဆီဝယ်ဖို့ တန်းစီနေတဲ့ ကားတန်းကြီးတွေဟာ သီရိလင်္ကာမြို့အသီးသီးမှာ တွေ့နေရတယ်။ မီးပြတ်တဲ့ အချိန်တွေက ပိုကြာလာတယ်။ စားသောက်ကုန်စျေးတွေက တအားတက်လာတယ်။ ဒါကြောင့်လူအုပ်ကြီးက အာဏာရခေါင်းဆောင်ကို နုတ်ထွက်ပေးဖို့ တောင်းဆိုနေတာပဲ။ သမ္မတက မထွက်ပါဘူး။ ဝန်ကြီးတွေတော့ ရာထူးတွေက ထုတ်ပေးတယ်။ သူ့အမျိုးအရင်း အကိုကြီး ဝန်ကြီးချုပ်တော့ မပါဘူး။ ပြီးခဲ့တဲ့ ရက်တွေတုန်းကတည်းက ထောင်ပေါင်းများစွာသော သီဟိုကျွန်းသား လူအုပ်ကြီးဟာ သမ္မတ ဂိုတာဘယ ရာဂျာပတ်ဆာ ရာထူးကနူတ်ထွက် ဆင်းပေးဖို့ လမ်းပေါ်ထွက် ဆန္ဒပြနေကြတယ်။ သီရီလင်္ကာဟာ ၁၉၄၈ ဗြိတိသျှလက်အောက်က လွတ်ပြီးနောက်ပိုင်း အဆိုးဆုံး စီးပွါးပျက် အကျပ်အတည်း ကို ကြုံနေရတာပဲ။ စားနပ်ရိက္ခာတွေ ပျက်လပ်တယ်။ စျေးတွေတက်တယ်။ မီးပျက်ချိန်တွေ ပိုကြာလာတယ်။ သီရိလင်္ကာအစိုးရက စီးပွါးရေးကျဆင်းမှုကို ကျားကန်ထောက်ကူပေးမယ့် အထောက်အပံ့ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ […]

အိုမီခရွန်မျိုးစိတ်ကွဲအသစ်နှစ်မျိုးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးစစ်ဆေးနေ

diz_admin

April 16, 2022

ဗြိတိန်နိုင်ငံတွင် စစ်ဆေးတွေ့ရှိရသည့် အိုမီခရွန်မျိုးစိတ်ကွဲနှစ်မျိုးဖြစ်သော ဘီအေဖှော (BA.4) နှင့် ဘီအေဖွှိုက် (BA.5)တို့ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ စောင့်ကြည့်စစ်ဆေးမည့် စာရင်းတွင်ထည့်သွင်းလိုက်ပြီဖြစ်သည်။ အိုမီခရွန်မျိုးစိတ်ကွဲအသစ်နှစ်မျိုးသည် ယခင်အိုမီခရွန်မျိုးစိတ်ကွဲများထက် ပို၍ ကူးစက်မှုမြန်သလော၊ ပို၍ အန္တရာယ်ပြုနိုင်သလောဆိုသည်ကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က စစ်ဆေးနေပြီဖြစ်သည်။  ယင်းကိုဗစ်ဗိုင်းရပ်စ်နှစ်မျိုးစလုံးကို ဗြိတိန်နိုင်ငံ စကော့တလန် နှင့် အင်္ဂလန်တို့တွင် စစ်ဆေးတွေ့ရှိထားပြီးဖြစ်ကြောင်း ကျန်းမာရေးဆိုင်ရာ လုံခြုံရေးအေဂျင်စီက အစီရင်ခံစာများကဆိုသည်။  ထိုကျန်းမာရေးအေဂျင်စီ၏ ဗိုင်းရပ်စ်မျိုးစိတ်ကွဲကြောင်း ပြီးခဲ့သည်အပတ်က ထွက်ရှိသော အစီရင်ခံစာအရမူ ကျန်းမာရေးအရာရှိများက ထိုမျိုးစိတ်ကွဲများသည် ဇီဝဖြစ်စဉ်အရ ထင်ရှားစွာမျိုးရိုးဗီဇပြောင်းနိုင်ချေ ရှိကြောင်း ဆိုထားသည်။  ကမ္ဘာတစ်ဝန်းကိုဗစ်မျိုးကွဲများ ပျံ့နှံ့မှုများကို စောင့်ကြည့်နေကာ မှတ်တမ်းပြုစုနေသည့် GISAID အဖွဲ့ကမူ ကမ္ဘာတစ်ဝန်းတွင် BA.4 နှင့် BA.5 တို့ကူးစက်မှု ဒါဇင်အနည်းငယ်သာရှိသေးကြောင်း ယင်းတို့ထံရောက်လာသည့် အစီအရင်ခံစာများအရသိရသည်ဟုဆိုထားသည်။ […]

စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်

diz_admin

March 26, 2022

ကိုယ်ဝန်ရှိနေပြီဆိုတာကို သိတဲ့အချိန်မှာ ဒေါ်ချိုချိုက စစ်ဘေးရှောင်ဘဝ ရောက်ခဲ့ရလေပြီ။ ကိုယ်ဝန်ရှိမှန်း သိတဲ့အချိန်ကတည်းက ပြေးလွှားရှောင်ပုန်းနေရတဲ့သူမ မတ်လ ၁၃ ရက်နေ့မှာတော့ စစ်ဘေးရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်ပေးနေသူတွေရဲ့ အကူအညီနဲ့ သူမရဲ့ ဒုတိယမြောက် ရင်သွေးလေးကို ခဲရာခဲဆစ် မွေးဖွားသန့်စင်ခဲ့ရပါတယ်။ အိုးပစ်၊ အိမ်ပစ် ပြေးလွှားရှောင်ပုန်းနေရတဲ့ ဒီကာလမှာ ဒီကိုယ်ဝန်ကို အရပ်လက်သည်နဲ့ပဲ မီးဖွားဖို့ ဒေါ်ချိုချို စိတ်ပိုင်းဖြတ်ထားခဲ့တာပါ။ ပိုက်ဆံရှိရင်တောင်မှ ကိုယ်စားဖို့အတွက် ရွာပြင်ထွက်ပြီး ဈေးဝယ်လို့မရတဲ့ အခြေအနေမှာ ကျန်းမာရေး စောက်ရှောက်မှုခံယူပြီး ဆေးရုံ၊ ဆေးခန်းမှာ ကလေးမီးဖွားဖို့ဆိုတာ ဒေါ်ချိုချိုလို စစ်ဘေးရှောင်ရင်း ပြေးလွှားနေရတဲ့သူအတွက် ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ သူတွက်ဆထားပြီးသားပါ။ “ကျွန်မသမီး အကြီးမတုန်းကတော့ ဆေးဝါးတွေပြည့်ပြည့်စုံစုံနဲ့ မွေးခဲ့ရတာ။ အခုက ကျွန်မတို့မှာ ရွေးချယ်စရာ မရှိဘူး။ ပိုက်ဆံရှိရင်တောင်မှ သွားဝယ်စားလို့ မရဘူးလေ။ […]