ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်နေတဲ့ မြန်မာပြည် ဒေါ်လာတိုက်ဖျက်ရေး
diz_admin
April 21, 2022မြန်မာပြည်ရဲ့ အာဏာသိမ်း စစ်အုပ်စုဟာ တစ်နှစ်ကျော် ကာလအတွင်းမှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွါးရေး ဖျက်ဆီးတာတွေ လုပ်ပြီးနောက်မှာ ခုတခါလည်း ဘဏ္ဍာရေး၊ ငွေရေးကြေးရေး ပြုပြင်ပြောင်းလဲမှုကတစ်ဆင့် ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်တဲ့ အပြုအမူတွေ လုပ်နေပြန်ပါပြီ။ ဧပြီလ (၃) ရက်နေ့မှာ ဗဟိုဘဏ်က ညွှန်ကြားချက်တစ်ရပ် ထုတ်ခဲ့ပြီးတော့ ဒီညွှန်ကြားချက်ကြောင့် မြန်မာပြည်သူတွေအနေနဲ့ သူတို့ရဲ့ နိုင်ငံခြားငွေ ပိုင်ဆိုင်မှုတွေနဲ့ နိုင်ငံခြားက လွှဲလာတဲ့ ငွေတွေကို ဘဏ်တွေမှာ မြန်မာကျပ်ငွေ ပြောင်းရတော့မှာ ဖြစ်ပါတယ်။ လွှဲလာတဲ့ ငွေကို တစ်ရက်အတွင်း ငွေလဲရမယ်လို့ အစိုးရ မီဒီယာမှာ ကြေညာတဲ့ ညွှန်ကြားချက်ထဲမှာ ပါလာတာကြောင့် အသည်းအသန်ကို နိုင်ငံခြားငွေလိုချင်နေတဲ့ ပုံပေါက်နေတယ်လို့ ဝေဖန်သူတွေက ထောက်ပြနေကြပါတယ်။ ဒီလို ခပ်ရင့်ရင့် စီမံချက်ကို ဘယ်လို အသက်ဝင်အောင် […]