ငရဲခန်းထဲက မျိုးဆက်သစ်
diz_admin
November 1, 2022“ကိုယ်ဝန်ဆောင် မိခင်က ထိတ်လန့်နေတာ။ စစ်ရှောင်ရတော့ ပြေးရ လွှားရအခြေအနေပေါ့။ သူစိုးရိမ် ထိတ်လန့်နေတာကို ကျွန်မတို့က ပြန်ပြီး စိုးရိမ်နေရတာပါ။ ရှောရှောရှူရှူ မွေးပေးနိုင်ပါ့မလားပေါ့” စစ်ဘေးရှောင် ကိုယ်ဝန်ဆောင် မွေးလူနာတချို့ကို မီးဖွားပေးနေတဲ့ “နွေဦးကံ့ကော်” ဆေးခန်းရဲ့ တာဝန်ခံက သူတို့ကြုံတွေ့ရတဲ့ အခြေအနေကို ပြောပြနေတာပါ။ အောက်တိုဘာ ၂၇ရက် ညပိုင်းကလည်း တတိယမြောက် ကိုယ်ဝန်ဆောင် မွေးလူနာရှိလို့ မီးဖွားပေးနေတာမှာ ည ၁၁ နာရီကျော်မှ သူတို့ဆေးခန်းအဖွဲ့ အနားရကြပါတယ်။ ဒါပေမဲ့ သူ့အသံက ပင်ပန်းနွမ်းနယ်နေဟန်တော့ လုံးဝမရှိပါဘူး။ စစ်ဘေးရှောင်နေကြရတဲ့ ကိုယ်ဝန်ဆောင် မိခင်တွေရဲ့ အခက်အခဲတွေ၊ လိုအပ်ချက်တွေနဲ့ စိန်ခေါ်မှုတွေကို ပြောပြဖို့ ဒီနေ့ မနက် ၆နာရီခွဲခန့်ကတည်းက သူက အသင့်ဖြစ်နေပါပြီ။ နွေဦးကံ့ကော်ပရဟိတဆေးခန်းရဲ့ ပထမဆုံး စစ်ဘေးရှောင် မွေးလူနာကို […]