BREAKING
September 19, 2024

သတင်းဆောင်းပါး

ငရဲခန်းထဲက မျိုးဆက်သစ်

diz_admin

November 1, 2022

“ကိုယ်ဝန်ဆောင် မိခင်က ထိတ်လန့်နေတာ။ စစ်ရှောင်ရတော့ ပြေးရ လွှားရအခြေအနေပေါ့။ သူစိုးရိမ် ထိတ်လန့်နေတာကို ကျွန်မတို့က ပြန်ပြီး စိုးရိမ်နေရတာပါ။ ရှောရှောရှူရှူ မွေးပေးနိုင်ပါ့မလားပေါ့” စစ်ဘေးရှောင် ကိုယ်ဝန်ဆောင် မွေးလူနာတချို့ကို မီးဖွားပေးနေတဲ့ “နွေဦးကံ့ကော်” ဆေးခန်းရဲ့ တာဝန်ခံက သူတို့ကြုံတွေ့ရတဲ့ အခြေအနေကို ပြောပြနေတာပါ။ အောက်တိုဘာ ၂၇ရက် ညပိုင်းကလည်း တတိယမြောက် ကိုယ်ဝန်ဆောင် မွေးလူနာရှိလို့ မီးဖွားပေးနေတာမှာ ည ၁၁ နာရီကျော်မှ သူတို့ဆေးခန်းအဖွဲ့ အနားရကြပါတယ်။ ဒါပေမဲ့ သူ့အသံက ပင်ပန်းနွမ်းနယ်နေဟန်တော့ လုံးဝမရှိပါဘူး။ စစ်ဘေးရှောင်နေကြရတဲ့ ကိုယ်ဝန်ဆောင် မိခင်တွေရဲ့ အခက်အခဲတွေ၊ လိုအပ်ချက်တွေနဲ့ စိန်ခေါ်မှုတွေကို ပြောပြဖို့ ဒီနေ့ မနက် ၆နာရီခွဲခန့်ကတည်းက သူက အသင့်ဖြစ်နေပါပြီ။ နွေဦးကံ့ကော်ပရဟိတဆေးခန်းရဲ့ ပထမဆုံး စစ်ဘေးရှောင် မွေးလူနာကို […]

ဘုရားတပြီး ခရီးသွားနေရသည့် တောင်ပိုင်းသားများ

diz_admin

September 25, 2022

ရန်ကုန်မြို့သို့ကားဖြင့် ခရီးသွားလေ့ရှိသည့် မြိတ်မြို့နေ မဖြူထွေးတစ်ယောက် ယခုတော့ ကားခထက် သုံးဆခန့် ပိုမိုကုန်ကျသည့် လေယာဉ်ဖြင့်သာ သွားတော့သည်။ အသက် ၂၅ နှစ်အရွယ် မဖြူထွေးသည် ရန်ကုန်မြို့တွင် အလုပ်ကိစ္စရှိပါက ခရီးသည်တင်ကားဖြင့်သာ ခရီးသွားလေ့ရှိသူဖြစ်သည်။ အာဏာသိမ်းပြီးနောက်ပိုင်းတွင်မူ ကုန်းလမ်းထက် ကုန်ကျငွေပိုများသည့် လေကြောင်းခရီးကိုသာ ရွေးချယ်သွားလာနေရသည်ဟု ဆိုသည်။ အကြောင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြိတ်- ထားဝယ်- ရန်ကုန် ကားလမ်းတစ်လျှောက် စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ် အများအပြားဖွင့်ပြီး စစ်ဆေးမှုတင်းကျပ်နေသည့်အတွက်ဖြစ်ကြောင်း မဖြူထွေးက ပြောသည်။ ထို့အပြင် လမ်းခရီး၌ စစ်ကောင်စီတပ်နှင့် အာဏာသိမ်းမှုကို တွန်းလှန်တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေး တပ်တို့အကြား တိုက်ပွဲဖြစ်လာမည့်အရေး စိုးရိမ်နေရကြောင်း ၎င်းက ဆိုသည်။ ထိုအခင်းအကျင်းများကြောင့် မြိတ်-ရန်ကုန် အသွားအပြန်စရိတ်မှာ ခရီးသည်တင်ကားထက် ငွေကျပ်နှစ်သိန်းကျော် ပိုမိုကုန်ကျသော်လည်း လေယာဉ်ဖြင့်သွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း […]

ခေတ်ပျက်ချိန် ဘဝကိုရင်းကြသူများ

diz_admin

September 13, 2022

ဆိုင်ကယ်ပွဲစား ကိုကျော် (အမည်လွှဲ) တစ်ယောက် လက်ဖက်ရည်ဆိုင်အတွင်း လူရှင်းသည့် စားပွဲတစ်လုံးတွင် ဖုန်းတစ်လုံးနှင့် အချိန်ပြည့်အလုပ်ရှုပ်နေသည်။ ဖုန်းစကရင်‌ပေါ်တွင် လည်နေသည့် တိရစ္ဆာန်အကောင်လေးများကို မျက်တောင်မခတ်တမ်း ကြည့်ရင်း လက်ကလည်း ဖုန်းမျက်နှာပြင်ကို တစ်ချက်၊ တစ်ချက် နှိပ်နေပြန်သည်။ ပွဲစားကိုကျော်သည် ပွဲစဉ်တစ်ခု (တစ်ခါနှိပ်) လျှင် အနည်းဆုံး ၂၅ ကျပ်မှ ကျပ် ၁၀၀၀၀ အထိ အလောင်းအစား လုပ်နိုင်သည့် အွန်လိုင်းဂိမ်း ဆော့နေခြင်းဖြစ်သည်။ အသက် ၃၀ ကျော်အရွယ် ကိုကျော်တစ်‌ယောက် အွန်လိုင်းဂိမ်းစဆော့သည့်အချိန်မှစပြီး သူ့အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်သည့် ဆိုင်ကယ်အကျိုး‌ဆောင် (ပွဲစား) အလုပ်ကိုပင် စိတ်မဝင်စားနိုင်တော့ချေ။ ဆိုင်ကယ်ဝယ်သူလာလျှင်လည်း စိတ်မဝင်စားတော့သလို ရောင်းသူလာလျှင်လည်း လှည့်မကြည့်နိုင်တော့သည်အထိ ဂိမ်းစွဲသွားခဲ့သည်။ ကိုကျော်တစ်ယောက် အွန်လိုင်းဂိမ်း စွဲမည်ဆိုလည်း စွဲလန်းလောက်သည်။ ပွဲစဉ်တစ်ခုလျှင် ငွေကျပ်တစ်ရာ လောင်းပါက […]

နှစ် ၃၀ အလွန်တစ်ကျော့ပြန် စစ်ဘေးရှောင်များ

diz_admin

August 16, 2022

စိုက်ပျိုးရေး လုပ်ငန်းများဖြင့် အေးချမ်းတည်ငြိမ်နေသည့် ရွာကလေးများမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကကဲ့သို့ နေအိမ်စွန့်ခွာကာ ထွက်ပြေးကြရပြန်ပေပြီ။ ၁၉၉၁-၉၂ ခုနှစ်ဝန်းကျင်က စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်မှုကြောင့် စစ်ဘေးဒဏ်သင့်၍ ရွာလုံးကျွတ်ပြောင်းပြေးခဲ့ရသည့်မြန်မာနိုင်ငံတောင်ပိုင်းမှ ကျေးရွာလေးများမှာ ယခု နှစ်ပေါင်း ၃၀ အကြာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် တစ်ကျော့ပြန် တိုက်ပွဲများဖြစ်ကာ ပြေးနေကြရပြန်သည်။ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည့် အဆိုပါဒေသမှ စစ်ဘေးရှောင်များမှာ အထောက်အပံ့ လမ်းကြောင်းများ ပိတ်ဆို့ခံထားရမှုကြောင့် ယခုအခါ ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေရပြီဖြစ်သည်။ နှစ် ၃၀ တစ်ကျော့ပြန် ယင်းရွာလေးများမှာ မြိတ်မြို့နှင့် တနင်္သာရီမြို့အကြား တနင်္သာရီမြစ်မကြီးမှ ခွဲထွက်လာသည့် မြစ်လက်တက်၏ မြစ်ကမ်းတစ်ဖက်တစ်ချက်ပေါ်တွင် တည်ရှိသော ရွာများဖြစ်သည်။ ယင်းရွာလေးများတွင် လယ်သစ်ကျေးရွာနှင့် ပဝကျေးရွာတို့မှာ ထင်ရှားလှသည်။ လယ်သစ်ကျေးရွာလေးမှာ လူဦးရေသိပ်မများလှ။ […]

တောင်ပိုင်းက စက်သုံးဆီဂယက်

diz_admin

August 12, 2022

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာဈေး သတ်မှတ်ချက်ကို တစ်ဒေါ်လာ ကျပ် ၁၈၅၀ မှ ၂၁၀၀ သို့ ပြောင်းလဲသတ်မှတ်ကြောင်း ယခုလဆန်းတွင် ထုတ်ပြန်လိုက်သည်။ ယင်းဒေါ်လာဈေး သတ်မှတ်ချက်အသစ် ပေါ်ထွက်လာပြီးနောက်တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ ဆက်တိုက်မြင့်တက်လာကာ ဈေးကွက်အတွင်း ဓာတ်ဆီဆိုင်အချို့ ပိတ်ထားရသည်အထိ ဖြစ်ပေါ်လာသည်။ ဗဟိုဘဏ်က အမေရိကန် ဒေါ်လာဈေးကို တစ်ဒေါ်လာ ကျပ် ၂၁၀၀ သတ်မှတ်သည် ဆိုသော်လည်း ပြင်ပဈေးကွက်တွင် ဒေါ်လာဝယ်ယူရခက်နေပြီး တစ်ဒေါ်လာ ၂၈၀၀ အထိဈေးပေါက်ကြောင်း ဈေးကွက်အတွင်းမှသိရသည်။ ယင်းအပြင် စင်ကာပူမှတင်သွင်းသည့် စက်သုံးဆီဈေးမှာလည်း ပေါက်ဈေးမြင့်မားလာမှုကြောင့် ပြည်တွင်း စက်သုံးဆီဈေးမှာ ဆက်တိုက်တက်လာခြင်း ဖြစ်ကြောင်း ဆီလုပ်ငန်းရှင်များကဆိုသည်။ ဓာတ်ဆီအဓိက သိုလှောင်ဖြန့်ဖြူးရာ ရန်ကုန်မြို့တွင်ပင် မနေ့က (သြဂုတ် ၁၁) ဆီဆိုင်အချို့ ပိတ်သည်ကို တွေ့ရပြီး မန္တလေးနှင့် […]

ကေအန်ယူအဖွဲ့တွင်း သဘောထားကွဲမှု တောင်ပိုင်းကို ဘာတွေရိုက်ခတ်စေလဲ

diz_admin

July 22, 2022

ကော်သူးလေတပ်မတော် ဖွဲ့စည်းမှုနှင့်ပတ်သက်၍ ဖြစ်ပေါ်နေသည့် သဘောထားကွဲမှုများကြောင့် တနင်္သာရီတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်များအကြား တင်းမာမှုများနှင့် အငြင်းပွားဖွယ် ကိစ္စများဖြစ်ပေါ်လာမည်ကို အထူးစိုးရိမ်ပူပန်မိကြောင်း တနင်္သာရီအခြေစိုက် အရပ်ဖက်အဖွဲ့စည်းများက ယနေ့မေတ္တာရပ်ခံချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။ ကေအန်ယူအဖွဲ့အတွင်း သဘောထားကွဲမှု ပြဿနာက မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းမှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအကြား ရိုက်ခတ်မှုများ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်နေသည်။ ယင်းကြောင့်ပင် တနင်္သာရီအခြေစိုက် အရပ်ဖက်အဖွဲ့စည်းများနှင့် ကျေးလက်အခြေပြု အဖွဲ့အစည်းများက စုပေါင်းကာ အထူးစိုးရိမ်ကြောင်း ကြေညာချက်ကို ထုတ်ပြန်ရခြင်းဖြစ်သည်။ ကော်သူးလေတပ်မတော် ကော်သူးလေတပ်မတော်အား ဖွဲ့စည်းကြောင်း ကရင့်အမျိုးသားကာကွယ်ရေးအဖွဲ့အစည်း (KNDO) ၏ စစ်ဦးစီးချုပ်(ဟောင်း) ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ယခုနှစ်ဇူလိုင်လ ၁၉ ရက်နေ့တွင် တရားဝင် အသိပေးထုတ်ပြန်လိုက်သည်။ ဗိုလ်မှူးချုပ်စောနယ်ဒါးမြသည် ကရင်တော်လှန်ရေး ခေါင်းဆောင် ဗိုလ်ချူပ်ကြီးစောဘိုမြ ၏ ဒုတိယမြောက်သားကြီးဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး […]