BREAKING
September 16, 2024

သတင်းဆောင်းပါး

အမေရိကန် အောက်လွှတ်တော်အမတ်နှင့် ထိုင်ဝမ်သမ္မတတို့ တွေ့ဆုံမှုအပေါ် ပြင်းထန်လာသော တရုတ်အစိုးရ၏ တုံ့ပြန်မှုများ

diz_admin

April 9, 2023

အမေရိကန် ၏ နိုင်ငံရေး ခေါင်းဆောင်မှု အဆင့်တွင် တတိယ အမြင့်ဆုံး အရာရှိ ဖြစ်သည့် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ  ကယ်ဗင် မက်ကာသီ နှင့် အခြားသော ရီပတ်ဘလီကန် နှင့် ဒီမိုကရက်တစ် ပါတီများမှ လွှတ်တော် အမတ်များသည် ကယ်လီဖိုးနီးယား ပြည်နယ်၊ ဆီမိုင် တောင်ကြားရှိ ရော်နယ်ရေဂင် သမ္မတ စာကြည့်တိုက်တွင် ထိုင်ဝမ် သမ္မတ ဆိုင်အင်ဝမ် ကို လက်ခံတွေ့ဆုံခဲ့သည်။ ခရီးစဉ်မစတင်မီကတည်းက တရုတ်ထံမှ လက်တုံ့ပြန်မည်ဟု ခြိမ်းခြောက်မှုများ ဆက်တိုက် ရှိနေခဲ့သော်လည်း အမေရိကန် နှင့် ထိုင်ဝမ် သည် ယင်းတွေ့ဆုံမှုကို အကောင်အထည် ဖော်ခဲ့ကြသည်။ ဤသို့ ဧပြီ ၅ရက်နေ့ ၊  အမေရိကန်မြေပေါ်တွင် ရာထူးကြီး အမေရိကန် အရာရှိ တစ်ဦးအပါအဝင် […]

ထားဝယ်သင်္ကြန်တဲ့လား…………..

diz_admin

April 6, 2023

စစ်ကောင်စီက မကြာခင်ကျရောက်တော့မယ့် မဟာသင်္ကြန်ပွဲတော်ကို စည်ကားစွာကျင်းပနိုင်ဖို့ အားသွန်လုပ်ဆောင်နေတာ တွေ့ရပါတယ်။ ပဋိပက္ခတွေ၊ တိုက်ပွဲတွေ၊ မီးခိုးငွေ့တွေ၊ အထွေထွေအကျပ်အတည်းတွေနဲ့ စိတ်ပျက်စရာ အခြေအနေကို အာဏာသိမ်း စစ်ကောင်စီက ပြည်ဖုံးကားချလိုက်ချင်ပါပြီ။ သင်္ကြန်ပွဲတော်ကို စည်ကားအောင် လုပ်လိုက်ယုံနဲ့ အမှန်တကယ် ဖြစ်ပျက်နေတာတွေ ကွယ်ပျောက်သွားမှာလား ဆိုတာကတော့ မေးခွန်းထုတ်စရာတောင် မလိုဘူးထင်ပါတယ်။ ဒါပေမဲ့လည်း မကြာခင်ကျင်းပတော့မယ့် မဟာသင်္ကြန်ပွဲတော်ကို စည်ကားစွာကျင်းပနိုင်ရေး အားသွန်ခွန်စိုက် လုပ်ဆောင်နေတာကတော့ အသေအချာပါပဲ။ မြန်မာနိုင်ငံတောင်ပိုင်းက ထားဝယ်မြို့ထဲမှာဆိုရင်လည်း သင်္ကြန်မဏ္ဍပ်တွေ ပြီးလုနီးပါးဖြစ်နေကြပြီ။ ဒီနှစ်ထားဝယ်မြို့ထဲ သင်္ကြန်မဏ္ဍပ်သုံး‌ခုနဲ့ မြို့ပြင်မှာတစ်ခု စုစုပေါင်း လေးခုလောက်ရှိနိုင်ပါတယ်။ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်နားက ဗဟိုမဏ္ဍပ်၊ ဖိုးသီးချိုကလေးကစားကွင်းနားမှာက တစ်ခု၊ တိုင်းအစိုးရဖွဲ့ရုံးနံဘေး ဆောက်လုပ်ရေးဦးစီးဌာနရုံးဝင်းထဲမှာတစ်ခု၊ ထားဝယ်အဝေးပြေးဝင်းဘက်ကိုသွားတဲ့လမ်းက တပ်နယ်မဏ္ဍပ်တစ်ခု အားလုံးပေါင်းလေးခုပါ။ မနှစ်သင်္ကြန်တုန်းကလည်း စည်ကားအောင်လုပ်မယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ မှန်းချက်နဲ့နှမ်းထွက် မကိုက်ဘူးလို့ပဲဆိုရမှာပါ။ […]

တံတားဖွင့်ပွဲ တစ်ခု၏ အဖိုးအခ – မီးခိုးများ၊ ပြာများ၊ သွေးညှီနံ့များ

diz_admin

April 3, 2023

ထားဝယ်မြို့တွင် အလှဓာတ်ပုံရိုက်စရာနောက်ထပ် နေရာတစ်ခု ဖြစ်ကောင်းဖြစ်လာနိုင်သည်။ သို့သော် အခြားတစ်ဖက်တွင် သွေးညှီနံ့များ၊ ပြိုကွဲသွားသော မိသားစု အဆောက်အဦများ၊ တောတောင်အတွင်း ထွက်ပြေးခဲ့ရသော လောင်းလုံးဒေသခံများ၏ ဒဏ်သင့်ခြေရာများ၊ ကျမျက်ရည်များ ရှိနေသည်။ စစ်အုပ်ချုပ်ရေး နယ်မြေမဟုတ်သော လောင်းလုံးသို့ ကုန်းလမ်းရေလမ်းမှ ညှပ်ပြီး စစ်ကြောင်းထိုးလာသည်။ အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်နေဆဲ လောင်းလုံး၊ အခါမရပ် ရှင်းလင်းသတ်ဖြတ်မှုများ ရှိတတ်သော လောင်းလုံး၊ မတ်လဆန်းတွင် မထင်မှတ်သော ရောင်စုံဖြစ်စဉ်များကို ဆောင်ကြဉ်းလာသည်။ တနင်္သာရီတိုင်းဒေသကြီးတွင် ပုလောနှင့် တနင်္သာရီမြို့နယ် နှစ်ခုကို စစ်အုပ်ချုပ်ရေးကြေညာထားပြီး လောင်းလုံးမြို့နယ် မပါဝင်ပါ။ သို့သော် လောင်းလုံးမြို့နယ်ကို မတ်လ ဆန်းမှ စတင်၍ ဆက်တိုက်စစ်ကြောင်းထိုးလာပြီး ရွာပေါင်း ၆ ရွာမှ နေအိမ်များမီးရှို့ခံရသည်။ ဒေသခံအချို့ သတ်ဖြတ်ခံလိုက်ရသည်။ လောင်းလုံးဒေသခံများ၏ […]

NLD ၊ ဆန္ဒပြအင်ဂျင်နီယာစစ်ကြောင်းနှင့် စစ်ကောင်စီ သုံးပွင့်ဆိုင် ထားဝယ်မြစ်ကူးတံတား

diz_admin

March 26, 2023

ကမြောကင်းတံတားနှင့်ဘေးချင်းကပ်နေသည့် ထားဝယ်မြစ်ကူးတံတားအသစ်ကို စစ်ကောင်စီက ယနေ့ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ အဆိုပါတံတားမှာ NLD အစိုးရက စဆောက်ပြီး ဆန္ဒပြအင်ဂျင်နီယာများက ပန္နက်ရိုက်ကာ စစ်ကောင်စီက ဖဲကြိုးဖြတ်လိုက်သည့် တံတားတစ်စင်းဖြစ်သည်။ ယင်းအပြင် ပြည်သူများအတွက်ဆိုသော ယင်းတံတားသစ် ဖွင့်ပွဲမတိုင်မီတွင် ပြည်သူ့နေအိမ် ၁၀၀ ကျော်မီးရှို့ခံခဲ့ရပြီး အရပ်သားဖမ်းဆီး၊ သတ်ဖြတ်ခံရမှုများလည်းရှိနေခဲ့သည်။ သုံးပွင်ဆိုင် တံတား အဆိုပါမြစ်ကူးတံတားအသစ်ဖြစ်လာသည့် စိတ်ကူးစိတ်သန်းမှာ NLD အစိုးရလက်ထက် အမျိုးသားလွှတ်တော်မှ စတင်ခဲ့သည်ဟု ဆိုနိုင်သည်။ ထားဝယ်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးအောင်ဝင်း၏ တောင်းဆိုချက်အရ လွှတ်တော် အစည်းအဝေးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တံတားအသစ်စီမံကိန်း မြေသားစမ်းသပ်ရန်အတွက် ငွေကျပ်သန်းငါးရာ အသုံးပြုခဲ့သည်ဟု တည်ဆောက်ရေးအဖွဲ့ တာဝန်ရှိသူက ပြောဆိုထားခဲ့သည်။ နောက်နှစ်တွင်မူ တံတားအတွက် ပြည်ထောင်စုအဆင့်က အနည်းဆုံးငွေကျပ် ၁ ဘီလီယံကို အသုံးပြုခဲ့သလို တိုင်းအစိုးရကလည်း […]

တောင်ပိုင်း ကရင်လက်နက်ကိုင်နှစ်ဖွဲ့၏ အက်ကြောင်း ခဲခြစ်

diz_admin

February 8, 2023

ဇာတ်ရှိန်အမြင့်ဆုံးအချိန်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့ ထားဝယ်-ထီးခီးလမ်း တိုက်ပွဲဖြစ်သည်။ ထိုင်းနိုင်ငံ ကန်ချနဘူရီ နှင့် ထားဝယ်ဒေသကို ဆက်သွယ်ထားရာ ယင်းလမ်းပိုင်း ဝါးတောကျေးရွာအနီး ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၄ နှင့် ကော်သူးလေ တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားပြီး ကော်သူးလေတပ်သား တစ်ဦး ကျဆုံးခဲ့သည်။ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်အရှေ့တောဒေသတွင် KNU တပ်မဟာ ၄ နှင့် ကော်သူးလေတပ်မတော်တို့အကြား စစ်ရေးတင်းမာမှုမှာ အမြင့်ဆုံးအဆင့်တွင် ရှိနေသည်။ အဆိုပါနှစ်ဖွဲ့ကြား ပြဿနာမှာ တငွေ့ငွေ့ဖြင့် ကာလကြာရှည် အတွင်းလှိုက်လောင်မြိုက်နေရာမှ ယခုအခါ လူသိထင်ရှား ဖြစ်လာခဲ့သည်။  စစ်အာဏာရှင်ကို တော်လှန်နေသော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် (PDF) အသီးသီးကလည်း ကရင် နှစ်ဖက်တပ် နယ်မြေများအကြားတွင် ရှိနေကြသည်။ တောင်ပိုင်းရှိ […]

ရက်ပေါင်း ၆၄၀ အကြာ အာဏာဖီဆန်ရေးဒေါက်တိုင်များ

diz_admin

November 14, 2022

ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင်မြို့ရှိသစ်စက်လုပ်ငန်းခွင်တွင် ယောက်ျားများနှင့်အပြိုင် လုပ်ကိုင်နေသည့် အသက် ၃၀ နှစ်အရွယ် အသားဖြူဖြူ အမျိုးသမီးတစ်ဦး။ တစ်ချိန်က မြေဖြူခဲကိုင်ခဲ့သည့် သူ၏လက်တစ်စုံမှာ အခုတော့ လွှစက်များအကြားတွင် သစ်တုံးကြီးများကို ထမ်းမကာ ခပ်ကြမ်းကြမ်း လုပ်ကိုင်နေရသည်။ သူက လောင်းလုံးမြို့နယ်မှ ကျောင်းဆရာမ ဒေါ်နှင်းပွင့်ဖြစ်သည်။ ကျောင်းဆရာမ ဒေါ်နှင်းပွင့်သည် စစ်အာဏာသိမ်းမှုလက်မခံဘဲ အာဏာဖီဆန်ရေး CDM လုပ်ထားသူဖြစ်သည်။ သို့သော်ပြည်တွင်းတွင် CDM များကို စစ်တပ်က ဖမ်းဆီးနေမှု၊ အလုပ်အကိုင်ခက်ခဲမှု၊ ထိုင်စားရသဖြင့် အကြွေးတက်လာမှုတို့ကြောင့်  မွေးရပ်မြေထက် ပိုမိုလုံခြုံပြီး အလုပ်အကိုင်ပေါ့သည့် ထိုင်းနိုင်ငံကို သွားရောက်ရန် ဆုံးဖြတ်ခဲ့သည်ဟု ဒေါ်နှင်းပွင့်က ပြောသည်။ ယင်းကြောင့် CDM လုပ်ပြီး ၁၉ လ အကြာ လွန်ခဲ့သည့် သုံးလခန့်က တရားမဝင် လမ်းကြောင်းမှနေ ထိုင်းနိုင်ငံကို […]