မြန်မာ့အရေးအပေါ် အာဆီယံလုပ်ဆောင်နေမှုများ
Dawei Watch
May 10, 2023အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် မြန်မာနိုင်ငံတွင် အကျပ်အတည်းများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဆက်တိုက် ပံ့ပိုးနိုင်ရေးအတွက် “ပြည့်စုံသော” လိုအပ်ချက်များကို အကဲဖြတ်မှုအား အပြီးသတ်လုပ်ဆောင်နေလျက် ရှိသည်။ မေလ ၉ ရက်မှ ၁၁ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ လာဘွမ်ဘာဂျိုတွင် ကျင်းပနေသည့် အာဆီယံ၏ နှစ်စဉ် အစည်းအဝေးတွင် အဆိုပါ အကဲဖြတ်မှုကို အပြီးသတ်နိုင်မည်ဟု အဖွဲ့အနေနှင့် မျှော်လင့်ထားသည်။ အာဆီယံအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ အသက်ကယ်ခြင်းနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ကဏ္ဍတွင်း ၎င်း၏လုပ်ငန်းစဉ် ပထမအဆင့်ကို “အနည်းနှင့်အများ” ပြီးမြောက်ခဲ့ပြီ ဖြစ်သည့်အတွက် ယခုလို မျှော်လင့်နိုင်ခြင်း ဖြစ်ကြောင်း အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ကောင်းဝ်ကင်မ်ဟွန်း က ပြောသည်။ အဆိုပါ ကဏ္ဍ၏ ပထမအဆင့် […]