BREAKING
September 16, 2024

သတင်းဆောင်းပါး

ထိုင်း ဝန်ကြီးချုပ်နေရာအတွက် အလားအလာရှိသူများ

Dawei Watch

July 19, 2023

ယနေ့တွင် ဝန်ကြီးချုပ်လောင်းအဖြစ် ပီထာကို ဒုတိယအကြိမ် အမည်စာရင်းတင်သွင်းခဲ့သော်လည်း ကန့်ကွက်သူ လွှတ်တော်အမတ် ၃၉၅ ဦးရှိသဖြင့် ပီထာကို ဝန်ကြီးချုပ်လောင်းအဖြစ် ထပ်မံတင်သွင်းရွေးချယ်ခံခွင့် မရှိတော့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ပီထာကို လွှတ်တော်၏ စည်းမျဉ်းစည်းကမ်းများအရ ထပ်မံ တင်သွင်းခွင့်မရှိကြောင်း အထက်လွှတ်တော်အမတ်များနှင့် အတိုက်အခံပါတီများက အကြိတ်အနယ် ဆွေးနွေးခဲ့ကြပြီးနောက် မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ပီထာကို နောက်တစ်ကြိမ် ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းခွင့်မရှိကြောင်း မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၃၉၅ မဲ၊ ကန့်ကွက်မဲ ၃၁၂ မဲနှင့် ကြားနေမဲ ၈ မဲ ရှိခဲ့သည်။ ပီထာ ၏ Move Forward ပါတီ (MFP) သည် ပြီးခဲ့သည့် မေလ ရွေးကောက်ပွဲတွင် အမတ်နေရာအများဆုံး အနိုင်ရရှိခဲ့သော်လည်း ဘုရင်စနစ်၏ တင်းကျပ်သော […]

ထိုင်းဝန်ကြီးချုပ်ရွေးချယ်ပွဲ ဘာဆက်ဖြစ်မလဲ

Dawei Watch

July 14, 2023

ထိုင်းနိုင်ငံ၏ ၃၀ ဦးမြောက် ဝန်ကြီးချုပ်ရွေးချယ်ပွဲကို ဇူလိုင်လ ၁၃ ရက်နေ့တွင် ဘန်ကောက်မြို့ရှိ လွှတ်တော်အဆောက်အအုံတွင် ကျင်းပခဲ့ကြသည်။ ပြီးခဲ့သည့် မေလရွေးကောက်ပွဲတွင် နေရာအများစု အနိုင်ရထားသည့် Move Forward ပါတီ ဦးဆောင်ဖွဲ့စည်းထားသည့် ညွန့်ပေါင်း ၈ ပါတီက ပီထာကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခဲ့သည်။ သို့သော် မဲပေးမှုတွင် ပီထာသည် ဝန်ကြီးချုပ်ဖြစ်ရန် လုံလောက်သော မဲအရေအတွက် မရရှိခဲ့ဘဲ ပထမအကြိမ် လွှတ်တော်တွင်း ဝန်ကြီးချုပ်ရွေးချယ်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။ ပီထာဝန်ကြီးချုပ်ဖြစ်ရန်အတွက် အထက်၊ အောက်လွှတ်တော်အမတ် ၇၄၉ ထံမှ ထောက်ခံမဲ ၃၇၅ မဲရရှိရန်လိုအပ်သည်။ အထက်လွှတ်တော်အမတ်တစ်ဦးမှာ နုတ်ထွက်ထားပြီးဖြစ်သည်။ သို့သော် ပီထာမှာ ထောက်ခံမဲ ၃၂၄ မဲသာ ရရှိသဖြင့် ဝန်ကြီးချုပ်ဖြစ်ရန် ၅၁ မဲလိုအပ်နေသေးသည်။ ဝန်ကြီးချုပ်ရွေးပွဲ […]

စစ်ကောင်စီနှင့် ပြန်လည်ထိတွေ့ရန် ‘အချိန်မတန်သေး’ ဟု စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ပြော

Dawei Watch

June 18, 2023

မြန်မာစစ်အစိုးရနှင့် စင်ကာပူ အစိုးရ အကြား ဆွေးနွေးမှုများ ရှိလာနိုင်သည် ဟူသော ထင်မြင်ချက်များကို  စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘာလာခရစ်ရှ်နန် က ဇွန်လ ၁၆ရက်နေ့တွင်  ပယ်ချငြင်းဆိုလိုက်သည်။ စစ်အစိုးရ၏ ၂၀၂၁ ခုနှစ် ငြိမ်းချမ်းရေး အစီအစဉ် အကောင်အထည်ဖော်ရာတွင် တိုးတက်မှု မရှိသဖြင့် ပြန်လည်ထိတွေ့ရန် အချိန်မတန်သေးဟု ၎င်းကဆိုလိုက်ခြင်းဖြစ်သည်။ စစ်တပ်လိုလားသော ညွန့်ပေါင်းအဖွဲ့ဖြင့် ဖွဲ့စည်းထားသော ထိုင်းနိုင်ငံ၏ လက်ရှိ အိမ်စောင့်အစိုးရ က အာဆီယံအနေနှင့် မြန်မာစစ်အာဏာရှင်များနှင့် အပြည့်အဝ “ပြန်လည် ထိတွေ့ဆက်ဆံရန်” အဆိုပြုထားပြီး တနင်္ဂနွေတွင် အာဆီယံ အဖွဲ့ဝင် နိုင်ငံ အသီးသီးမှ နိုင်ငံခြားရေးဝန်ကြီးများကို အလွတ်သဘော တွေ့ဆုံရန် ဖိတ်ကြားထားကြောင်း ရေးသားဖော်ပြထားသည့် ရိုက်တာသတင်းဌာန ၏ သတင်းတစ်ပုဒ် အပေါ်  ဒေါက်တာ […]

စစ်ကောင်စီက အပြင်းအထန် စစ်ကြောင်းထိုးနေသည့် သရက်ချောင်း

Dawei Watch

June 16, 2023

ပြည်သူ့ကာကွယ်ရေးတပ်များ အားကောင်းကောင်းဖြင့် စိုးမိုးထားနိုင်သည့် သရက်ချောင်းမြို့နယ်ကို စစ်ကောင်စီတပ်က ရေလမ်း၊ ကုန်းလမ်းမှတစ်ဆင့် အပြင်းအထန် စစ်ကြောင်းထိုးနေသည်။ ယခုစစ်ကြောင်းထိုးခံရသည့် သရက်ချောင်းမြို့နယ်ရှိ ရငဲ၊ ကနက်သီရိအပါအဝင် အနီးဝန်းကျင်ကျေးရွာများမှာ PDF များမရှိသဖြင့် ယခင်က စစ်ကောင်စီတပ်က စိုးမိုးထားသည့် နေရာများဖြစ်ပြီး ယခုအခါတွင်တော့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက ပိုမိုထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။ ယင်းမှာလည်း စစ်ကောင်စီက စစ်ကြောင်းထိုးရသည့် အကြောင်းအရင်း တစ်ခုဖြစ်နိုင်သည်ဟု တော်လှန်ရေး သမားများက သုံးသပ်ကြသည်။ “အရင်တုန်းကဆို သူတို့စိုးမိုးထားတဲ့ နယ်ရာတွေလေ၊ အခုကကျောင်းဖွင့်ရာသီဆိုတော့ ကျောင်းပြန်ဖွင့်နိုင်အောင်ဆိုတာမျိုးလည်း ဖြစ်မယ်ထင်တယ်၊ ကျောင်းဖွင့်ဖို့ အခြေအနေလည်း ပါမယ်၊ နောက်တစ်ခုက အဲ့ဒီရွာတွေမှာ PDF တွေမရှိဘူးလေ၊ အခုက PDF တွေစိုးမိုးသလိုမျိုးဖြစ်နေတော့ နယ်မြေရှင်းလင်းချင်တာဖြစ်မယ် ကြည့်ရတာကတော့” ဟု ဒေါင်းမင်းစစ်ဆင်ရေးမှ တာဝန်ရှိသူ တစ်ဦးက သုံးသပ်ပြောဆိုသည်။ ဇွန်လ […]

မြန်မာ့အရေးအပေါ် အာဆီယံလုပ်ဆောင်နေမှုများ

Dawei Watch

May 10, 2023

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် မြန်မာနိုင်ငံတွင် အကျပ်အတည်းများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဆက်တိုက် ပံ့ပိုးနိုင်ရေးအတွက် “ပြည့်စုံသော” လိုအပ်ချက်များကို အကဲဖြတ်မှုအား အပြီးသတ်လုပ်ဆောင်နေလျက် ရှိသည်။ မေလ ၉ ရက်မှ ၁၁ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ လာဘွမ်ဘာဂျိုတွင် ကျင်းပနေသည့် အာဆီယံ၏ နှစ်စဉ် အစည်းအဝေးတွင် အဆိုပါ အကဲဖြတ်မှုကို အပြီးသတ်နိုင်မည်ဟု အဖွဲ့အနေနှင့် မျှော်လင့်ထားသည်။ အာဆီယံအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ အသက်ကယ်ခြင်းနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ကဏ္ဍတွင်း ၎င်း၏လုပ်ငန်းစဉ် ပထမအဆင့်ကို “အနည်းနှင့်အများ” ပြီးမြောက်ခဲ့ပြီ ဖြစ်သည့်အတွက် ယခုလို မျှော်လင့်နိုင်ခြင်း ဖြစ်ကြောင်း အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ကောင်းဝ်ကင်မ်ဟွန်း က ပြောသည်။ အဆိုပါ ကဏ္ဍ၏ ပထမအဆင့် […]

သွေးလွန်တုပ်ကွေးကို ဘယ်လိုတိုက်မလဲ

Dawei Watch

May 10, 2023

တနင်္သာရီတိုင်းရှိ ဒေသအချို့တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုများရှိနေသည်။ မိုးရာသီမှာသာ အဖြစ်များလေ့ရှိသော သွေးလွန်တုပ်ကွေးမှာ ရာသီမရွေးတော့ဘဲ နွေရာသီမှာပင် ဖြစ်ပွားလာနေခြင်းဖြစ်သည်။ နွေရာသီရေရှားပါးမှုကြောင့် သောက်သုံးရေသိုလှောင်ခြင်းကလည်း ရာသီချိန်မတိုင်မီ သွေးလွန်တုပ်ကွေးဖြစ်စေသည့် အကြောင်းအရင်းတစ်ရပ်ဖြစ်သည်။ သွေးလွန်တုပ်ကွေးပိုးသယ်ဆောင်သည့် အေးဒီးစ်ခြင်မှာ ရေကြည်ရေသန့်တွင်သာ ပေါက်ဖွားလေ့ရှိသည်။ ယခင်က သွေးလွန်တုပ်ကွေးကာကွယ်ရေးလုပ်ငန်းစဉ်အဖြစ် ခြင်ပေါက်ဖွားစေသည့် ပိုးလောက်လန်းနှိမ်နင်းရေး ဖုံး၊သွန်၊လဲ၊ စစ် လုပ်ကြရန် ကျယ်ကျယ်ပြန့်ပြန် ပညာပေးခဲ့သည်။ ထို့အပြင် သွေးလွန်တုပ်ကွေး ဖြစ်လာပါက နီးစပ်ရာဆေးရုံဆေးခန်းများတွင် အမြန်ဆုံးပြသပြီး ကျွမ်းကျင်ကျန်းမာရေး ဝန်ထမ်းများ၏ ကုသမှုခံယူခြင်း၊ သွေးလွန်တုပ်ကွေးဖြစ်သူ၏ နေအိမ်ဝန်းကျင်ကို ခြင်ဆေးဖြန်းပြီး ရောဂါပိုးသယ်ဆောင်သည့် ကွင်းဆက်ကို ဖြတ်တောက်ကြလေ့ရှိသည်။ စစ်အာဏာသိမ်းပြီးချိန်တွင်မူ ဖုံး၊သွန်၊လဲ၊စစ် လုပ်ရန် ဆော်ဩမည့်အဖွဲ့အစည်းများ အားနည်းသွားသည်။ ထို့အပြင် သွေးလွန်တုပ်ကွေးဖြစ်လာပါကလည်း နေရာဒေသအများစုတွင် ဆေးရုံ၊ဆေးခန်းပြရန် လက်လှမ်းမမီတော့သည့် အခြေအနေများနှင့် ရင်ဆိုင်နေရသည်။ ယင်းကြောင့် […]