BREAKING
September 7, 2024

သတင်းဆောင်းပါး

ကူရာမဲ့နေသည့် အိမ်မီးရှို့ခံရသူများ

Dawei Watch

November 5, 2023

ရွာအလယ်မှ ထွက်ပေါ်လာသည့် မီးခိုးလုံးများကို ကြည့်နေရင်း မိမိတို့အိမ်လေး မီးရှို့ခံရပြီလားဟု စိုးရိမ်နေသူများထဲတွင် ကိုခိုင်စိုး(အမည်လွှဲ)လည်းပါသည်။ ငြိမ်းချမ်းသာယာခဲ့သည့် ပင်လယ်ကမ်းခြေ တံငါရွာလေး။ ခရီးသွားလုပ်ငန်းဖြင့် နာမည်ကျော်စပြုနေသည့် ဖိုးဖိုးကျောက်ကမ်းခြေ တည်ရှိရာ ညောပြင်ကျေးရွာလေးမှာ ယခုတော့ မီးခိုးလုံးကြီးများ တလူလူထွက်နေသည်။ ယခုနှစ် မတ်လ ၂၁ ရက် နွေမွန်းတည့်အချိန်တွင် စစ်ကောင်စီတပ်က ရွာထဲရောက်လာသဖြင့် ရွာလုံးကျွတ် စစ်ဘေးရှောင် ထွက်ပြေးခဲ့ကြရသည်။ လူသူကင်းမဲ့နေသည့် ကျေးရွာအတွင်း စစ်ကောင်စီတပ်က နေအိမ်များ မီးရှို့‌ခဲ့သည်။နေ့လယ် ၁၂ နာရီလောက်ကတည်းက လောင်ကျွမ်းနေသည့် မီးတောက်ကြီးမှာ ညနေမိုးချုပ်အချိန်တွင် အရှိန်သေစပြုလာသည်။ ကိုခိုင်စိုးအပါအဝင် ယောက်ျားသားအချို့ ရွာထဲချဉ်းကပ်ဝင်လာကြသည်။ အခြေအနေအကဲခတ်ကြည့်သည်။ မီးတိုက်ခဲ့သည့် စစ်ကောင်စီတပ်နှင့် အရပ်ဝတ်လက်နက်ကိုင် ပျူစောထီးအဖွဲ့များကမူ ရွာထဲတွင်မရှိတော့။ တစ်ချို့အိမ်တွေကို မီးတောက်ကြီးက ဝါးမျိုနေဆဲ။ မီးလောင်ထားသော သစ်တိုင်များထိုးထိုးထောင် နေကြသလို […]

ခြံထွက်သီးနှံ စျေးကွက် ရှာပုံတော်

Dawei Watch

October 25, 2023

အာဏာသိမ်းပြီး ၂ နှစ်ကျော် ကြာလာချိန်မှာတော့ ဒေသသီးနှံတွေ စျေးကွက်ပျက်မှုဒဏ်ကို တောင်သူတွေ ကြုံတွေ့နေကြရပါပြီ။ မြန်မာနိုင်ငံတောင်ပိုင်းမှာ အဓိကစိုက်ပျိုးလေ့ရှိတဲ့ ကွမ်းသီး၊ ဝဥ၊ ဖာလာ တွေကလည်း ဆိုးဆိုးရွားရွား စျေးကွက်ပျက်တဲ့ အထဲပါဝင်နေပါတယ်။ ကွမ်းသီးစိုက်တောင်သူ တစ်ဦးဖြစ်တဲ့ ဦးချစ်ညိုကတော့ ဒီနှစ်အတွက် အလုပ်သမားမငှားတော့ဘူးလို့ ဆိုပါတယ်။‌ အလုပ်သမားတစ်ယောက်ငှားရမ်းခက တစ်နေ့ကို အနည်းဆုံးတစ်သောင်းကျပ်၊ ကွမ်းသီးခူးခက တစ်လုံးကိုနှစ်ကျပ်။ ခွဲတာနဲ့ အစေ့ထုတ်ဖို့အတွက်က တစ်ပြည်ကို ငါးရာကျပ်။ အလုပ်သမားခ ကုန်ကျစရိတ်တွေကို စိတ်တွက်တွက်ရင်း သူရောင်းရင်ပြန်ရမယ့် ကွမ်းသီးဈေးနှုန်းနဲ့ သူပြန်ဝယ်စားရမယ့် ဆန်၊ ဆီ၊ ဆား ကုန်ဈေးနှုန်းဘက်ကို တွေးရင်း သူကအဲ့လိုဆိုလိုက်တာပါ။ သက်ပြင်းအရှည်ကြီး မှုတ်ထုတ်ရင်းသူက “အခုလူတွေက ကွမ်းသီးကို သိပ်အာရုံမလာကြတော့ဘူး။ ဈေးမှမရှိဘဲကို။ ဆန်တစ်အိတ်ကိုကျပ် ရှစ်သောင်း(ကျပ်)လောက်နဲ့ ဝယ်စားနေရတယ်။ အခုကွမ်းသီးဈေးနဲ့ဆိုရင် အချိန်တစ်ရာရောင်းမှ […]

ဘာဖြစ်လို့ အစ္စရေးက ဒီလို ပြုမူရတာလဲ

Dawei Watch

October 19, 2023

အရှေ့အလယ်ပိုင်းက စစ်ပွဲကြီး လုံးလုံးဖြစ်တော့မယ့် ချောက်ကမ်းပါးထဲ ကျဖို့အလိုမှာ သောကြာနေ့မနက်က အစ္စရေးနိုင်ငံ အနေနဲ့ စစ်ပွဲကြီး ၂ ခုကို ဘယ်လိုဖြတ်ကျော်ခဲ့သလဲ ဆိုတာ ပြန်စဉ်းစားနေမိပါတယ်။ အဲဒီမှာ အရေးပါတဲ့ တူညီတဲ့ ၂ ချက်ရှိ ပါတယ်။ အဲဒါက အီရန်နိုင်ငံက ကျောထောက်နောက်ခံပေးထားတဲ့ နိုင်ငံအစိုးရ မဟုတ်တဲ့အဖွဲ့တွေက စတိုက်ခဲ့တာပါ။ ၂၀၀၆ ခုနှစ်မှာ ဟက်ဇဘိုလာနဲ့ ဖြစ်ပြီး၊ အခုတော့ ဂါဇာက ဟားမာ့စ်အဖွဲ့နဲ့ ဖြစ်ရပြီး သူတို့ဒေသတွေကနေ အစ္စရေးက ပြန် ဆုတ်ခွာခဲ့ပြီးနောက် ဖြစ်ရတာပါ။ အဲဒီ စစ်ပွဲနှစ်ခုလုံးမှာ သူတို့က နယ်စပ်မျဉ်းကို ဖြတ်ကျော်ပြီး ရဲရဲတင်းတင်း စတင်တိုက်ခိုက်ခဲ့ကြပါတယ်။ ဟက်ဇဘိုလာက လူ ၃ ဦးကို သတ်ဖြတ်ပြီး အစ္စရေးစစ်သား ၂ ဦးကို ၂၀၀၆ […]

တရုတ်ရုပ်ရှင်များကြောင့် အရှေ့တောင်အာရှကို ခရီးသွားဖို့ကြောက်လာတဲ့ တရုတ်ပြည်သူတွေ

Dawei Watch

August 31, 2023

ယခုနွေရာသီ၏ တရုတ် ထိပ်တန်းရုပ်ရှင် No More Bets ဇာတ်ကားတွင် တရုတ် နာမည်ကြီး အနုပညာရှင် တစ်ဦးဖြစ်သည့် Lay Zhang က အဓိကဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ၎င်း၏ ဇာတ်ကောင် သည် စင်ကာပူတွင် အတုအယောင်အလုပ်ကမ်းလှမ်းမှုကို လက်ခံပြီးနောက် စိတ်ကူးယဉ်ဆန်သော အရှေ့တောင်အာရှနိုင်ငံတစ်ခုတွင် ရာဇ၀တ်ဂိုဏ်းတစ်ခုအတွက် အဓမ္မအလုပ်ခိုင်းစေခြင်းခံခဲ့ရသည်။ အဆိုပါ ဇာတ်ကားနှင့် အပြိုင် ပြသသွားမည့် တရုတ် သည်းထိတ်ရင်ဖို ဇာတ်ကား Lost In The Stars မှာလည်း ခင်ပွန်းဖြစ်သူ နှင့်အတူ အရှေ့တောင်အာရှရှိ စိတ်ကူးယဉ်နိုင်ငံတစ်ခုသို့ ခရီးထွက်လာသူ အမျိုးသမီးတစ်ဦးသည် နောက်ဆုံးတွင် အသက်ဘေးနှင့် ရင်ဆိုင်ခဲ့ရသည့် ဇာတ်လမ်းကို တင်ဆက်ထားသည်။ ဇာတ်ကြောင်းကွဲပြားသော်လည်း ယင်း ဇာတ်ကား ၂ခုလုံးသည် အရှေ့တောင်အာရှတွင် ဇာတ်အိမ်တည်ထားသည် […]

နျူကလီယားဆိုင်ရာ မူဝါဒများကို ဟီနိုရှီးမား မြို့တော်ဝန် ရှုံ့ချ

Dawei Watch

August 8, 2023

ဂျပန်နိုင်ငံ ၊ ဟီနိုရှီးမား မြို့အပေါ် အဏုမြူဗုံးကြဲချခြင်း ဖြစ်ရပ်သည် ၂၀၂၃ခုနှစ် ၊ ဩဂုတ်လ ၆ရက်နေ့တွင် ၇၈နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။ အဆိုပါ ဖြစ်စဉ် အပေါ် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပစဉ် ယူကရိန်းနိုင်ငံတွင်း ရုရှား၏ တိုက်စစ်ဆင်မှု အပြင် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံအကြား တင်းမာမှုများ စသည့် အခင်းအကျင်းများကို တားဆီးနိုင်ရန် လက်နက်အဖြစ် နျူကလီးယားအခြေပြု လက်နက်များကို အားပေးမှု ပြန်လည် မြင့်တက်လာခြင်း အပေါ် ဟီနိုရှီးမား အာဏာပိုင်များက ဝေဖန်ခဲ့ကြသည်။ စက်မှုထိပ်သီး ၇နိုင်ငံ ပါဝင်သည့် G7 အစည်းအဝေး ကို မကြာသေးမီက ဟီနိုရှီးမား မြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး အဖွဲ့ဝင် နိုင်ငံများမှ ခေါင်းဆောင်များသည် ဟီနိုရှီးမား၏ ငြိမ်းချမ်းရေး ပန်းခြံနှင့် ကမ္ဘာ့ […]

ဖွေထိုင်းပါတီ၏ လျာထားဝန်ကြီးချုပ်

Dawei Watch

August 4, 2023

ထိပ်တန်း အိမ်ခြံမြေ လုပ်ငန်းစုတစ်ခု၏ အမှုဆောင်အရာရှိချုပ်ဟောင်း ဖြစ်သူ ၊ ဖွေထိုင်း(Pheu Thai)ပါတီ၏ အသက် ၆၀နှစ်အရွယ် ဆရက်သာ သာဝီဆင်သည် ထိုင်းနိုင်ငံ၏ နောက်လာမည့် ၀န်ကြီးချုပ်လောင်း နေရာ သို့ ရောက်လာဖွယ်ရှိနေသည်။ လာမည့်ဝန်ကြီးချုပ် ရွေးချယ်ပွဲတွင် ဆရက်သာ သာဝီဆင်ကို ၀န်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းမည်ဖြစ်ကြောင်း ဖွေထိုင်းပါတီက တရားဝင် ကြေညာခဲ့သည်။ ဘုရင်စနစ် ဥပဒေကို ပြင်ဆင်ရန် ကတိကဝတ်ကို ရုပ်သိမ်းရန် ငြင်းဆိုခဲ့သည့် Move Forward ပါတီမပါဘဲ ညွန့်ပေါင်းအသစ်ပြန်ဖွဲ့ရန် ကြိုးပမ်းနေကြောင်းလည်း ယင်းပါတီကကြေညာခဲ့သည်။ ဆရက်သာ သည် လစ်ဘရယ်နိုင်ငံရေး အယူအဆများကို ကိုယ်စားပြုသည်ဟု ယူဆသော်လည်း အလွန်အမင်း ပြင်းထန်ခြင်းမရှိပေ။ အုပ်ချုပ်မှုအတွေ့အကြုံနှင့်အတူ ကျယ်ပြန့်သောအမြင်ရှိပြီး မျိုးဆက်သစ် လူငယ်များအပါအဝင် အများပြည်သူနှင့် ရှင်းရှင်းလင်းလင်း ပြောဆိုဆက်ဆံနိုင်သူ […]