BREAKING
September 7, 2024

သတင်းဆောင်းပါး

တံငါရွာက ပုလင်းအိမ်

diz_admin

January 30, 2020

ရွာအတွင်း ခြေချလိုက်မိသည်နှင့် ပထမဆုံး သတိထားမိသည်က ပုလင်းများဖြင့် ဆောက်ထားသည့် အိမ်ကလေး တစ်လုံးဖြစ်သည်။ ကျွန်းစုမြို့နယ်၊ ဝဲကျွန်းဆိုသည်က အိမ်ခြေ ၃၀၀ ကျော် လောက်ရှိသည့် တံငါရွာလေးတစ်ရွာ။ သည်ရွာကို ရောက် ရန် မြိတ်ကနေ အမြန်ရေယာဉ်ဖြင့် နှစ် နာရီခန့် မောင်းရသည်။ ပုလင်းအိမ်မှာ အိမ်တစ်လုံးဆို သည်ထက် ဘီယာနှင့် ယမကာများ ရောင်းချသည့် ဆိုင်တစ်ဆိုင်ဆိုတာက ပိုပြီးမှန်ပါလိမ့်မည်။ ဆိုင်လေးက အလျား ၂၅ ပေ၊ အကျယ် ၂၀ ပေနှင့် အမြင့် ၁၅ ပေခန့်ရှိကာ ပုလင်းများကို နံရံနှစ်ထပ်လုပ်ပြီး ခိုင်ခိုင် မာမာ ဆောက်လုပ်ထားသည်။ လက်ရှိအချိန်မှာတော့ ဆောက်လုပ် မှု လက်စသတ်နေသေးသည့် အချိန်ဖြစ် သည့်အတွက် ဆိုင်လေးတွင် ဘီယာနှင့် ယမကာများတော့ […]

ဝူဟန် ကိုရိုနာ ဗိုင်းရပ်စ်အရေး ရတက်အေးကြရမလား

diz_admin

January 30, 2020

တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော် မတိုင်မီလေးမှာပဲ ကမ္ဘာကို ကိုင်လှုပ်မယ့် ကူးစက်ရောဂါ တစ်မျိုးရဲ့ သတင်းကို ကြားလာရပါတယ်။ တိတိပပ ဆိုရမယ် ဆိုရင်တော့ တရုတ်အလယ်ပိုင်း လူနေထူ ထပ်တဲ့ ဝူဟန်မြို့လေးမှာ ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်အသစ်တစ်မျိုး လူကို ကူးစက်ပျံ့ ပွားနေပါတယ်လို့ တရုတ် ဆေးပညာရှင် တွေက ၂၀၂၀ ဇန်နဝါရီအစောပိုင်းမှာ စတင် သတိထား မိလာကြပါတယ်။ ဝူဟန်မြို့မှာ စတင်တွေ့ရတဲ့အတွက် အဲသည် ဗိုင်းရပ်စ်ကို ဝူဟန်ဗိုင်းရပ်စ်လို့ အမည်ပေးကြပါတယ်။ တရုတ်နိုင်ငံက စလို့ ဂျပန်၊ တောင်ကိုးရီးယား၊ ထိုင်ဝမ်၊ ထိုင်းနဲ့ အမေရိကန်နိုင်ငံတွေအထိ ကူးစက် မှုကို တွေ့ကြရပြီး ဖြစ်တယ်။ တစ်ကမ္ဘာ လုံးစာရင်းအရ လူသုံးရာနီးပါး ကူးစက် ခံခဲ့ကြရပြီး ခြောက်ယောက်တော့ သေဆုံး ခဲ့ရပါတယ်လို့ အစောပိုင်းထုတ်ပြန်ချက် […]

တံဆိပ်ကိုကြိုက်သည် အရည်အသွေးကို ထိန်းသိမ်းပါ

diz_admin

January 22, 2020

ကျွန်တော်တို့ နေ့စဉ်ဘ၀မှာ တံဆိပ်တွေဟာ အရေးပါလှပါတယ်။ အစားအသောက်ဖြစ်ဖြစ်၊ အဝတ် အထည်ဖြစ်ဖြစ် ဘယ်က ထုတ်တာလဲ၊ ဘယ်တံဆိပ်လဲ စသည်ဖြင့် မေးမြန်းလေ့ ရှိပါတယ်။ ယုတ်စွအဆုံး ရပ်ကွက်ထဲ မုန့်ဟင်းခါး စားတဲ့နေရာမှာတောင် ဘယ်သူ့ မုန့်တီလဲ ဆိုတာက အတော်တာသွားပါ တယ်။ ဘယ်သူ့မုန့်တီကမှ အကောင်း၊ ဘယ်ဆိုင်က လို့ပြောလိုက်တာနဲ့ အဲဆိုင် ဆိုရင်တော့ဖြင့် အချို့မှုန့်တွေတအားထည့် တာ၊ ငါးက မလတ်ဘူး။ ဟိုဆိုင်ကဆိုရင် တော့ဖြင့် ထားဝယ်မုန့်တီကို ငါးပုတ် ခြောက်ကလေးက အနံ့ကလေးကတော့ ဖြင့်ဘယ်လို၊ လန်ဂေါ်ရွက် (တညင်ရွက်) ကတော့ ဘယ်လိုလေးနူးတာ၊ ငှက်ပျောအူ ကလေးဆိုတာ ဝါးလိုက်ရင်တော့ဖြင့် နူးအိပြီးဘယ်လို စားကောင်းတာ စသည် ဖြင့် ပြောကြဆိုကြလေရဲ့။ ဒီလိုနည်းမျိုးစုံ နဲ့ တံဆိပ်တွေဟာ ကျွန်တော်တို့ရဲ့ […]

ကမ်းခြေသောင်ယံနိုင်ငံရေး

diz_admin

January 3, 2020

အများပြည်သူနှင့် ပုဂ္ဂလိက – ကမ်းခြေကို ဘယ်သူပိုင်လဲ ထားဝယ်ဒေသတွင် နေထိုင်သူတို့ မဆိုထားလင့်။ လောင်းလုံးကျွန်းဆွယ် နေထိုင်သူတို့အတွက်ပင် ထိုနေရာသည် သည်မျှအထိ ရေပန်းစားလာမည်ဟု မထင်ကြပါ။ ထိုနေရာသည် ငါးဖမ်းလုပ်သားတို့ စခန်းချရာ၊ နားခိုရာ၊ ရေချိုယူရာအဖြစ်သာ ထင်ရှားသည်။ လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်ခန့်က ဆိုလျှင် သူပုန်များ ပုန်းအောင်းရာနေရာ၊ သစ်ထုတ်ရာနေရာ ဖြစ်သည်။ ခရီးလမ်းပန်းလည်း ခက်လှသည်။ ရေကြောင်းကသာ အားကိုးရာ ဖြစ်သည်။ သို့သော် ယခုတော့ လောင်းလုံးကျွန်းဆွယ် အနောက်ဘက်ရှိကမ်းခြေများသည် ခရီးသွားနှင့် ဟိုတယ်လုပ်ငန်းတို့အတွက် ရတနာ ဖြစ်လာသည်။ လောင်းလုံး ကျွန်းဆွယ်သာမကပါ ကမ်းရိုးတန်း မိုင်ထောင်ချီနှင့် ကျွန်းပေါင်း ၈၀၀ ကျော် ရှိသော တနင်္သာရီတိုင်းဒေသကြီး တစ်ခုလုံးမှ ကမ်းခြေများသည်လည်း မက်မောဖွယ်ရာ ဖြစ်လာသည်။ […]

ကမ်းခြေများကို စီမံခန့်ခွဲခြင်း

diz_admin

January 3, 2020

၁။ နိဒါန်း ယခင်က ကမ်းခြေနှင့် ကမ်းရိုးတန်းတို့သည် အများအားဖြင့် ဒေသခံတိုင်း ရင်းသားများ အမှီပြုလုပ်ကိုင်စားသောက် ရာ၊ အသက်မွေးမှုအတွက် မှီခိုရာဖြစ် သည်။ သို့သော် နိုင်ငံအတွင်း စီးပွားရေး ပွင့်လင်းလာသည်နှင့်အမျှ ကမ်းခြေသည် ထိုထက်ပိုလာသည်။ ကမ်းခြေသည် ငါး ဖမ်း၊ ခရုကောက် ဝမ်းစာရှာ၊ ငါးလုပ်ငန်း စခန်းချသည့် နေရာသက်သက်မျှမဟုတ် တော့ဘဲ အပန်းဖြေလုပ်ငန်း၊ ခရီးသွား လုပ်ငန်း၊ ပင်လယ်/ကမ်းရိုးတန်းနှင့် စပ်ဆိုင်သော အားကစားလုပ်ငန်း စသည့် လုပ်ငန်းများ ပိုမိုတိုးပွားလာသည်။ ထိုသို့ တိုးပွားလာသည်နှင့်အမျှ ယင်းတို့အတွက် အခြေခံအဆောက်အဦများ တိုးချဲ့ရန် လိုအပ်လာပြီး နဂိုမူလ ပင်လယ်နှင့် ကမ်းရိုးတန်းကို အမှီပြုလုပ်ကိုင်စားသောက်နေသော ဒေသခံများနှင့် ပဋိပက္ခ ဖြစ်လာခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ပင်လယ်သယံဇာတအရင်းအမြစ်များအပေါ် ထိခိုက်လာနိုင်ခြင်းတို့ ရှိလာသည်။ ထိုအခါ […]