ဝူဟန် တုပ်ကွေး၊ ကမ္ဘာ့အရေး၊ မြန်မာ့ အရေး
diz_admin
February 6, 2020တစ်လနီးပါး စောင့်ကြည့်နေကြခဲ့ရတဲ့ ကိုရိုနာ ဝူဟန်ဗိုင်းရပ်စ် ကပ်ရောဂါ အသွင် ကူးစက်ပြန့်ပွားနေခြင်းဟာ ကြောက်ခမန်းလိလိ ဆိုရလောက်အောင် နိုင်ငံပေါင်းများစွာကို အချိန်တိုအတွင်း ပျံ့နှံ့ရောက်ရှိလာပြီး လူဦးရေ တစ်သောင်း နီးပါး (၉၈၀၀ ဦး) ကူးစက်ပြန့်ပွားခံရပြီး သည်မနက်မှာ သေဆုံးသူဦးရေဟာ စုစု ပေါင်း ၂၁၃ဦး ရှိလာခဲ့တယ်။ သည်အခြင်း အရာအပေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO)က ကမ္ဘာလုံးဆိုင်ရာ နိုင်ငံတကာ အရေးပေါ် ကပ်ရောဂါ အခြေအနေအဖြစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ကြေညာခဲ့ပါ တယ်။ “အဲသလို ဗိုင်းရပ်စ်ဟာ အချိန်တိုတို အတွင်း လျင်မြန်စွာ ကူးစက်ပြန့်ပွားလာမှု ဟာ အခြေခံကျန်းမာရေးစနစ်တွေ အားနည်းလို့ ဖြစ်ရတာဖြစ်ပြီး သည်ကူးစက် ပြန့်ပွားမှုကို ကျွန်တော်တို့တွေ အတူတကွ ပူးပေါင်းလက်တွဲပြီး ထိန်းချုပ်နိုင်ဖို့ရာ ကြိုးစားချိန်တန်ပါပြီ”လို့ […]